Connect with us

North America

ဇယ်လန်းစကီး၏ “လှုံ့ဆော်သည့် ပြောကြားချက်များ” က ရုရှား-ယူကရိန်း ပဋိပက္ခဖြေရှင်းရေးကို အဟန့်အတားဖြစ်စေသည်ဟု ထရမ့်ဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ဇယ်လန်းစကီး၏ မကြာသေးမီရက်က “လှုံ့ဆော်သည့် ပြောကြားချက်များ” က ရုရှား-ယူကရိန်း ပဋိပက္ခဖြေရှင်းရေးကို အဟန့်အတားဖြစ်စေသည်ဟု ဧပြီ ၂၃ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

အဆိုပါနေ့တွင် ဇယ်လန်းစကီးက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက် ယူကရိန်းအနေဖြင့် “မည်သည့်ပုံစံမျိုးနှင့်မဆို” စေ့စပ်ညှိနှိုင်းရေးစကားဝိုင်းရှေ့သို့ လာမည်ဖြစ်ကြောင်း၊ သို့သော် သိမ်းပိုက်ခံထားရသော နယ်မြေများကို ရုရှား ပိုင်ဆိုင်မှုအဖြစ် ဘယ်သောအခါမျှ အသိအမှတ်ပြုမည်မဟုတ်ကြောင်း မီဒီယာများထံ ပြောကြားခဲ့သည်ဟု ယူကရိန်းနိုင်ငံပိုင် သတင်းဌာန၏ ဧပြီ ၂၂ ရက် သတင်းဖော်ပြချက်အရ သိရသည်။ “ယူကရိန်းအနေနဲ့ (ရုရှားရဲ့) ခရိုင်းမီးယားအပေါ် တရားဝင်သိမ်းပိုက်ခြင်းကို အသိအမှတ်ပြုမှာမဟုတ်ဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ မရှိဘူး၊ ဒါက ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်သွားပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထရမ့်က ဇယ်လန်းစကီး၏ ဤပြောကြားချက်များသည် ရုရှားနှင့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုအတွက် “အလွန်ထိခိုက်နစ်နာ” စေသည်ဟု ပြစ်တင်ခဲ့ကာ ဤ “လှုံ့ဆော်သည့် ပြောကြားချက်များ” က ရုရှား-ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန် ခက်ခဲစေပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကိုသာ သက်ဆိုးရှည်စေမည်ဟု ပြောကြားခဲ့သည်။

ယခုမှာ သဘောတူညီမှု ရရှိရန် အလွန်နီးစပ်နေပြီဖြစ်၍ ဇယ်လန်းစကီးအနေဖြင့် သဘောတူညီမှုအား ချက်ချင်းလုပ်ဆောင်သင့်ကြောင်း ထရမ့်က ထပ်မံပြောကြားခဲ့သည်။

အမေရိကန် ဒုတိယ သမ္မတ JD Vance ကလည်း ယူကရိန်းအနေဖြင့် အမေရိကန်၏ ငြိမ်းချမ်းရေး အဆိုပြုချက်ကို လက်ခံရန် ဧပြီ ၂၃ ရက်တွင် လူသိရှင်ကြား တိုက်တွန်းခဲ့ကြောင်း၊ ယင်းအဆိုပြုချက်မူဘောင်တွင် ရုရှား၏ ခရိုင်းမီးယား သိမ်းပိုက်မှုကို ယူကရိန်းက အသိအမှတ်ပြုခြင်း၊ ယူကရိန်းအနေဖြင့် နေတိုး (NATO) တွင် ပါဝင်မည်မဟုတ်ခြင်းစသည့် အကြောင်းအရာများ ပါဝင်ကြောင်း အမေရိကန်မီဒီယာများ၏ သတင်းများအရ သိရသည်။ အကယ်၍ ရုရှား-ယူကရိန် ပဋိပက္ခနှင့် စပ်လျဉ်းသော စေ့စပ်ညှိနှိုင်းမှုသည် အချိန်တိုအတွင်း တိကျပြတ်သားသော တိုးတက်မှု မရရှိနိုင်ပါက အမေရိကန်အနေဖြင့် ကြားဝင်ညှိနှိုင်းပေးရေးမှ နုတ်ထွက်မည်ဟု Vance က ထပ်လောင်း ပြောကြားခဲ့သည်။ ယင်းမှာ ရုရှား-ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်စပ်လျဉ်း၍ အမေရိကန် တာဝန်ရှိသူတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ဤကဲ့သို့ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ခြင်းဖြစ်ရာ ဤပြောကြားချက်များသည် ယူကရိန်းအပေါ် ဖိအား တိုးမြှင့်ပေးရန် ရည်ရွယ်ထားပုံရကြောင်း “The New York Times” သတင်းတွင် ဖော်ပြခဲ့သည်။ (Xinhua)
……………………
(Chinese Version)
特朗普称泽连斯基“煽动性言论”阻碍解决俄乌冲突
新华社华盛顿4月23日电 美国总统特朗普23日在社交媒体上发文称,乌克兰总统泽连斯基日前的“煽动性言论”阻碍解决俄乌冲突。
据乌克兰国家通讯社22日报道,泽连斯基当天向媒体表示,在达成停火后,乌方愿意以“任何形式”坐到谈判桌前,但永远不会承认被占领土属于俄罗斯。“乌克兰不会承认(俄方)对克里米亚的合法占领,在这个问题上没什么好谈的,这超出了我们的宪法规定”。
特朗普指责泽连斯基这番言论对与俄罗斯的和平谈判“非常有害”,称这种“煽动性言论”使得俄乌冲突难以解决,只会延长杀戮。
特朗普还说,现在离达成协议已经很近了,泽连斯基应该立刻把协议搞定。
另据美国媒体报道,美国副总统万斯23日也公开呼吁乌克兰接受美国的和平提议,该提议框架中包括乌克兰承认俄罗斯占领克里米亚、乌克兰不加入北约等内容。万斯重申,如果围绕结束俄乌冲突的谈判无法在短期内取得明确进展,美方将退出斡旋。《纽约时报》报道说,这是美国官员首次以如此直白的措辞公开阐述俄乌停火协议,这些言论似乎旨在加大对乌克兰的压力。(完)
图说:2月28日,美国总统特朗普在华盛顿白宫迎接乌克兰总统泽连斯基(右)。新华社记者胡友松摄