Connect with us

International Organizations

၂၀၂၅ ခုနှစ် မေ ၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— စပိန်လာလီဂါ အမှတ်ပေးချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေချိန်တွင် ပွဲပန်းမှုနှင့် ဒဏ်ရာပြဿနာတို့က ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်
ယခုသီတင်းပတ်တွင် ယှဉ်ပြိုင်ကစားမည့် လာလီဂါပွဲစဉ်-၃၄ တွင် ဒဏ်ရာပြဿနာများ၊ ပွဲပန်းမှုများနှင့် ရင်ဆိုင်နေရသော ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့အနေဖြင့် ယခုရာသီ၏ လာလီဂါ အမှတ်ပေးချန်ပီယံဆုအတွက် ဆက်လက်အားပြိုင်ကြမည်ဖြစ်သလို ဥရောပဝင်ခွင့်ရရှိရေး၊ တန်းမဆင်းရရေးအတွက် ကြိုးပမ်းမှုများမှာလည်း အရှိန်မြင့်တက်လာမည်ဖြစ်သည်။
ဘာစီလိုနာအနေဖြင့် မကြာသေးမီ နှစ်များအတွင်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ချန်ပီယံလိဂ် ပွဲစဉ်တစ်ပွဲအဖြစ် ဧပြီ ၃၀ ရက်က အင်တာမီလန်အသင်းနှင့် အိမ်ကွင်းပွဲစဉ်၌ တစ်ဖက်သုံးဂိုးစီ သရေကျခဲ့ပြီး အဆိုပါပွဲစဉ်တွင် ဂျူးစ်ခွန်ဒဲမှာ ကြွက်သားဒဏ်ရာ ရရှိခဲ့သည်။ ဘာစီလိုနာအသင်းမှာ ရီးရဲလ်မက်ဒရစ်အား လေးမှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေမှုကို ဆက်လက်ထိန်းထားနိုင်ရန် ကြိုးပမ်းမည်ဖြစ်ရာ လာမည့်ပွဲစဉ်များမှာ ပိုမိုအကြိတ်အနယ် ရှိလာမည်ဖြစ်သည်။
ဟန်ဆီဖလစ်ခ်၏ ဘာစီလိုနာအသင်းအနေဖြင့် တစ်ရာသီလုံးတွင် နိုင်ပွဲလေးပွဲသာ ရရှိခဲ့ပြီး လာလီဂါတွင် အဆိုးရွားဆုံး ခံစစ်စွမ်းဆောင်ရည်အဖြစ် မှတ်တမ်းဝင်ခဲ့ကာ တန်းဆင်းရန် သေချာသွားပြီဖြစ်သည့် အမှတ်ပေးဇယားအောက်ဆုံးမှ ရီးရဲလ် ဗယ်လာဒိုးလစ်နှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ပြဿနာကြီးကြီးမားမားမရှိဘဲ ပွဲထွက်လူစာရင်းအား အပြောင်းအလဲပြုလုပ်နိုင်မည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ်ကမူ ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ဘာစီလိုနာအား ရှုံးနိမ့်ခဲ့ပြီးနောက် စိတ်ပျက်ဖွယ်ရာ ရက်သတ္တပတ်တစ်ခုကို ဖြတ်သန်းနေရပြီး နည်းပြ ကာလိုအန်ဆယ်လော့တီမှာ ရာသီကုန်တွင် အသင်းမှထွက်ခွာ၍ ဘရာဇီးလက်ရွေးစင်အသင်း နည်းပြအဖြစ် တာဝန်ယူရန် နီးစပ်နေပြီဟု သတင်းထွက်ပေါ်နေသလို စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ကစားသမားအချို့၏ ဆိုးဝါးသော အပြုအမူများကြောင့်လည်း နောက်ဆက်တွဲအကျိုးဆက်များနှင့် ရင်ဆိုင်နေရသည်။
ဒဏ်ရာရရှိထားသလို ပွဲပယ်ပြစ်ဒဏ်လည်း ကျခံနေရသည့် နောက်ခံလူ အန်တိုနီယို ရူဒီဂါအပြင် ဖာလန်မန်ဒီ၊ အက်ဒွါဒို ကာမာဗင်ဂါနှင့် ဒေးဗစ် အလာဘာတို့မှာလည်း ပါဝင်နိုင်ခြင်းမရှိသဖြင့် အန်ဆယ်လော့တီအဖို့ ခြေစွမ်းတက်နေသော ဆယ်လ်တာဗီဂိုနှင့် အိမ်ကွင်းပွဲစဉ်၌ ခံစစ်ပိုင်း ကျစ်လျစ်မာကျောအောင် ပြင်ဆင်ရာတွင် ရုန်းကန်ရဖွယ်ရှိသည်။ ရီးရဲလ်အနေဖြင့် လာမည့်သီတင်းပတ်ကုန်၌ ဘာစီလိုနာနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်ရာ ယခုပွဲစဉ်ကို မဖြစ်မနေအနိုင်ကစားရန် လိုအပ်နေပြီဖြစ်သည်။
…..
— မန်ချက်စတာယူနိုက်တက်က ဘီဘာအိုကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ရန် အလားအလာကောင်းနေ
မေ ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်က အက်သလက်တစ် ဘီဘာအိုအား အဝေးကွင်း၌ ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်သွားပြီဖြစ်သည်။ အဆိုပါပွဲစဉ်တွင် အိမ်ရှင်ဘီဘာအို နောက်ခံလူ ဒါနီ ဗီဗီယန် ထုတ်ပယ်ခံခဲ့ရသည့်အတွက် ပွဲကစားချိန် တစ်နာရီနီးပါး တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရသည်။
ပွဲကစားချိန် မိနစ် ၃၀ တွင် ဟယ်ရီမက်ဂွိုင်းယားက ၎င်း၏ ပုံမှန်နေရာမဟုတ်သော ညာတောင်ပံမှ ဖြတ်တင်ဘောပေးပို့ခဲ့ရာ ကက်စီမီရိုက ခေါင်းတိုက်၍ အဖွင့်ဂိုးသွင်းယူခဲ့သည်။
ပွဲကစားချိန် ၃၅ မိနစ်တွင် အလီဟန်ဒရို ဂါနာချို ဘောလုံးအား လက်ဖြင့်ထိန်းခဲ့ပုံရသော်လည်း ကွင်းလယ်ဒိုင်က ပွဲကိုဆက်လက်ကစားခွင့်ပြုခဲ့ရာ၌ ဘီဘာအိုဂိုးဧရိယာထဲသို့ ဘောလုံးကျလာစဉ် ရက်စ်မက်စ် ဟွိုင်းလန်း ပင်နယ်တီဧရိယာအတွင်း လှဲချခံခဲ့ရသည်။
ကွင်းလယ်ဒိုင်က အချိန်အတန်ကြာ VAR ပြန်ကြည့်ပြီးနောက် ယူနိုက်တက်အား ပင်နယ်တီကန်ခွင့်ပြုခဲ့ပြီး ဘီဘာအိုကစားသမား ဗီဗီယန်ကိုလည်း ထုတ်ပယ်ခဲ့သည်။ အဆိုပါ ပင်နယ်တီအား ဘရူနို ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ရာ ဘီဘာအိုအနေဖြင့် ၀-၂ ဂိုးဖြင့် ဦးဆောင်ခြင်းခံခဲ့ရသလို တစ်ယောက်လျော့ဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။
ဘီဘာအိုအသင်း ပြန်လည်စုဖွဲ့နေစဉ်မှာပင် မန်နူရယ် အူဂါတေး၏ ပေးပို့မှုမှတစ်ဆင့် ဖာနန်ဒက်စ်က တတိယအနိုင်ဂိုး သွင်းယူခဲ့သဖြင့် ယူနိုက်တက်က ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
…..
— နေမာမှာ အသင်းအတွက် အဖြေဖြစ်ဟု ဆန်းတို့စ်နည်းပြသစ် ပြော
ရာသီအစပိုင်းတွင် ရလဒ်များဆိုးရွားနေမှုကို ပြန်လည်ကုစားရန် ကြိုးပမ်းနေသည့် ဆန်းတို့စ်အသင်း၏ မန်နေဂျာသစ်ဖြစ်သူ ကလယ်ဘာ ရှက်ဗီယာက နေမာအနေဖြင့် ၎င်း၏လက်ထက်၌ လွတ်လွတ်လပ်လပ် ရွေ့လျားကစားရသည့် နေရာတွင် ပါဝင်ကစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နေမာအနေဖြင့် ဘာစီလိုနာအသင်းတွင် အောင်မြင်ကျော်ကြားခဲ့သည့် နေရာဖြစ်သော ဘယ်တောင်ပံတွင် ပြန်လည်ကစားခွင့် ရဖွယ်မရှိဟု နည်းပြဟောင်း Pedro Caixinha ၏နေရာတွင် တရားဝင် အစားထိုးတာဝန်ယူပြီးနောက် ပထမဆုံးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရှက်ဗီယာက ပြောကြားခဲ့သည်။
“သူက ဘာစီလိုနာမှာရော နိုင်ငံအသင်းမှာပါ ဘယ်ခြမ်းမှာ ကစားခဲ့ပေမဲ့ အခုအချိန်မှာတော့ သူက ကွင်းလယ်တိုက်စစ်နေရာနဲ့ ပိုပြီးလိုက်ဖက်ပါတယ်” ဟု ၎င်းက ဆိုသည်။
…..
— Sudirman Cup ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တရုတ်အသင်းက အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်သို့ တက်ရောက်
ဧပြီ ၃၀ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် Sudirman Cup ကြက်တောင်ရိုက်ပြိုင်ပွဲ အုပ်စု-A တွင် လက်ရှိချန်ပီယံ တရုတ်အသင်းက ထိုင်းအသင်းအား ၄-၁ ပွဲဖြင့် အနိုင်ယူကာ အုပ်စုထိပ်ဆုံး၌ ရပ်တည်လျက်ရှိသည်။
ကျား၊မ နှစ်ယောက်တွဲပွဲစဉ်တွင် Feng Yanzhe နှင့် Wei Yaxin တို့က Teeraratsakul Pakkapon နှင့် Muenwong Phataimas တို့အား ၂၃-၂၁၊ ၂၁-၁၁ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင် Li Shifeng က ထိုင်းကစားသမား Wangcharoen Kantaphon အား ၂၁-၁၈၊ ၁၇-၂၁၊ ၂၁-၁၃ မှတ်ဖြင့် ၈၅ မိနစ်ကြာ အကြိတ်အနယ်ကစားခဲ့ပြီး အနိုင်ရရှိခဲ့သည်။ (Xinhua)


………………….
(English Version)
Tiredness, injuries big factors as title race continues in Spain
The 34th round of games in La Liga sees FC Barcelona and Real Madrid struggling with injuries and tired legs as they battle it out for this season’s title, while the race for Europe and to avoid relegation increases in intensity elsewhere.
Barcelona played one of the most exciting UEFA Champions League ties in recent years on Wednesday with a 3-3 draw at home to Inter Milan, but the match saw Jules Kounde suffer a muscle injury and the games are mounting up fast as Barcelona looks to defend a four-point lead over Real Madrid at the top of La Liga.
Hansi Flick’s outfit visits bottom side Real Valladolid, already condemned to relegation with just four wins all season and the worst defensive record in La Liga, so Flick should be able to make some squad rotations without too many problems.
It has been a painful week for Real Madrid after losing the Copa del Rey final to Barcelona, with Carlo Ancelotti seemingly on the verge of leaving the club for Brazil’s national team, and the fallout from the disgraceful behavior of some of players at the end of last weekend’s defeat.
Ancelotti will struggle to put out a solid defense at home to an in-form Celta Vigo, with Antonio Rudiger both injured and suspended, while Ferland Mendy is also out along with Eduardo Camavinga and David Alaba for a game that Madrid must win ahead of next weekend’s visit to Barcelona.
…..
Man Utd takes big step to Europa League final
Manchester United took a significant step toward the Europa League final with a 3-0 win away to Athletic Bilbao after the host had to play for almost an hour with 10 men after defender Dani Vivian was sent off.
The scoreline changed in the 30th minute when Harry Maguire appeared in unfamiliar territory on the right wing and crossed for Casemiro to nod home.
In the 35th minute, Alejandro Garnacho seemed to control the ball with his hand, but the referee allowed play to continue and when the ball went across the Athletic area, Rasmus Hojlund went down.
There was a long VAR check, after which the referee awarded United a penalty and sent off Vivian, leaving the home side with 10 men and 2-0 down after Bruno Fernandes slotted home the spot kick.
Athletic was still reorganizing when Fernandes made it 3-0, latching onto Manuel Ugarte’s through ball to score the third of the night.
…..
Neymar is the ‘solution’, says new Santos boss
New Santos manager Cleber Xavier says Neymar will have a free-roaming role under his leadership as the club seeks to recover from its poor start to the season.
In his first press conference since officially replacing Pedro Caixinha, Xavier said Neymar was unlikely to return to the left wing, the position in which he rose to prominence at Barcelona.
“He played on that side [the left] at Barcelona and with the national team but now he is more suited to an attacking midfielder role,” Xavier said.
…..
China tops group, advancing to Sudirman Cup knockouts
Defending champion China beat Thailand with 4-1 to sit atop in Group A to the Sudirman Cup knockout stages on Wednesday evening.
Mix doubles Feng Yanzhe and Wei Yaxin beat Teeraratsakul Pakkapon and Muenwong Phataimas 23-21, 21-11. Facing Thailand’s Wangcharoen Kantaphon in the men’s singles, Li Shifeng beat him 21-18, 17-21 and 21-13 in an 85-minute thriller.