Connect with us

International Organizations

၂၀၂၅ ခုနှစ် မေ ၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ပရီးမီးယားလိဂ်တွင် အာဆင်နယ် ရှုံးနိမ့်ခဲ့ပြီး မန်ချက်စတာစီးတီးနှင့် အက်စတွန်ဗီလာတို့ အနိုင်ရရှိ
မေ ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မစ်ကယ် အာတေတာ၏ အာဆင်နယ်အသင်းမှာ လာမည့်တစ်ပတ် ပီအက်စ်ဂျီအသင်းနှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွက်သာ အဓိက အာရုံစိုက်ထားသည့်ဒဏ်ကို ခံစားခဲ့ရပြီး အိမ်ကွင်း၌ ဘုန်းမောက်အား ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ပွဲကစားချိန် ၃၄ မိနစ်တွင် ဒက်ကလန်ရိုက်စ်က အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၆၇ မိနစ်အရောက်တွင် ဒင်းန်ဟက်ဆင်က လက်ပစ်ဘောမှတစ်ဆင့် ခေါင်းတိုက်၍ ချေပဂိုးပြန်လည်သွင်းယူခဲ့သလို အီဗန်နီလ်ဆင်က ထောင့်ကန်ဘောပေးပို့မှုအား အနီးကပ်ပိတ်သွင်း၍ အနိုင်ဂိုးသွင်းယူခဲ့သဖြင့် ဘုန်းမောက်အသင်း အနိုင်ရရှိခဲ့ပြီး အဆင့်-၈ သို့ တက်လှမ်းနိုင်ခဲ့သည်။

အခြားပွဲစဉ်တစ်ပွဲတွင် အက်စတွန်ဗီလာက ဖူလ်ဟမ်ကို ယူရီ တိုင်လီမန်းစ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်များ ပြန်လည်အသက်ဝင်လာခဲ့သည်။

နှစ်သင်းစလုံးအနေဖြင့် ပြိုင်ဘက်၏ ဂိုးဧရိယာအနီးတစ်ဝိုက်တွင် ရရှိခဲ့သည့် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့သဖြင့် ပွဲချိန်အစောပိုင်းတွင် သွင်းယူခဲ့သည့် တိုင်လီမန်းစ်၏ ခေါင်းတိုက်ဂိုးက ယခုပွဲစဉ်၏ အဆုံးအဖြတ်ဖြစ်ခဲ့ပြီး ဗီလာအသင်းမှာ မေ ၅ ရက်တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ယှဉ်ပြိုင်ရမည့် နော့တင်ဟမ်ဖောရက်စ်၊ မေ ၄ ရက်တွင် လီဗာပူးလ်နှင့် ထိပ်တိုက်တွေ့နေသည့် ချဲလ်ဆီးအသင်းတို့နှင့် ရမှတ်တူအနေအထားတွင် ရပ်တည်နေသည်။
အစောပိုင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် မန်ချက်စတာစီးတီးနှင့် ဝူဗာဟမ်တန်အသင်းတို့၏ ပွဲစဉ်တွင် မန်ချက်စတာစီးတီးက ကယ်ဗင် ဒီဘရိုင်း၏ သွင်းဂိုးဖြင့် အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပက်ပ် ဂွါဒီယိုလာ၏ အသင်းမှာ မေ ၄ ရက်တွင် ဘရိုက်တန်နှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားမည့် နယူးကာဆယ်၏အထက် တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
…..
— လာလီဂါတွင် ဘာစီလိုနာက ဗယ်လာဒိုးလစ်ကို ‌နောက်မှလိုက်ကစားကာ အရေးပါသော အနိုင်ရလဒ်ကို ရယူနိုင်ခဲ့

မေ ၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက တန်းဆင်းရတော့မည့် အမှတ်ပေးဇယားအောက်ဆုံးမှ ဗယ်လာဒိုးလစ်အား ခက်ခက်ခဲခဲ အနိုင်ယူကာ မေ ၄ ရက်တွင် ဆယ်လ်တာဗီဂိုအား အိမ်ကွင်း၌ လက်ခံကစားရမည့် ရီးရဲလ်မက်ဒရစ်ထက် ၇ မှတ်အသာဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဦးဆောင်ထားနိုင်ခဲ့သည်။

ဧပြီ ၃၀ ရက်က အင်တာမီလန်နှင့် ၃ ဂိုးစီ သရေကျခဲ့သည့် ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်အပြီးတွင် ကစားသမားများအနေဖြင့် ပွဲပန်းသည့်ဒဏ် ခံစားနေရသလို မေ ၆ ရက်တွင်လည်း ဒုတိယအကျော့ပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်ရာ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ၎င်း၏အသင်းကို အပြောင်းအလဲ ကြီးကြီးမားမားပြုလုပ်ခဲ့သည်။

ဗယ်လာဒိုးလစ်က ဘာစီလိုနာခံစစ် လျော့ရဲနေမှုကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး ဆန်းချက်ဇ်၏ကန်ချက် လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားသဖြင့် စောစောစီးစီး ဦးဆောင်ဂိုး ရရှိသွားခဲ့သည်။

ဟန်ဆီဖလစ်ခ်အနေဖြင့် ပထမပိုင်းမပြီးဆုံးမီ ဒဏ်ရာရရှိသွားသည့် ဒါနီ ရော့ဒရီဂက်ဇ်၏ နေရာတွင် လာမင်း ယမားလ်ကို လူစားလဲခဲ့ရသလို ပွဲရလဒ်ကို ပြောင်းလဲနိုင်ရန်အတွက် ပထမပိုင်းအပြီးတွင် ရာဖင်ညာနှင့် ဒီဂျောင်တို့ကိုပါ ထည့်သွင်းခဲ့သည်။ ထို့နောက် ရာဖင်ညာက ဘာစီလိုနာအတွက် ချေပဂိုး၊ ဖာမင် လိုပက်ဇ်က အနိုင်ဂိုးသွင်းယူခဲ့သဖြင့် ယခုရာသီ၌ အသင်းအတွက် အရေးအကြီးဆုံး သီတင်းပတ်ဟု ဆိုရမည့် ကာလမတိုင်မီ အရေးပါသော အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။
…..
— လေဗာကူဆင်နည်းပြ အလွန်ဆို၏ နေရာတွင် မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း အဲရစ်တန်ဟက် အစားထိုးတာဝန်ယူဖွယ်ရှိဟု ဆို
ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် မေ ၄ ရက်၌ ဖရိုင်းဘတ်နှင့် ရင်ဆိုင်ရမည့်ပွဲစဉ် နီးကပ်လာချိန်တွင် လေဗာကူဆင်အသင်း၏ နာမည်ကျော် စပိန်နည်းပြ ဇာဗီ အလွန်ဆို၏ အနာဂတ်နှင့်ပတ်သက်၍ ထင်ကြေးပေး ပြောဆိုမှုများမှာလည်း အဆက်မပြတ် ထွက်ပေါ်လျက်ရှိသည်။

အဆိုပါပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အလွန်ဆိုအနေဖြင့် အေးအေးဆေးဆေး ရှိနေပုံရပြီး ၎င်း၏ အနာဂတ်အစီအစဉ်များနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသော်လည်း နှံ့စပ်သော အားကစားမဂ္ဂဇင်း တစ်စောင်ဖြစ်သည့် Kicker ကမူ ၎င်း၏နေရာတွင် ဆက်ခံမည့်သူနှင့် ပတ်သက်၍ သဘောတူညီမှုရရှိရန် နီးစပ်နေပြီဟု ဖော်ပြခဲ့သည်။

အိုင်းယက်စ်နှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့၏ နည်းပြဟောင်းဖြစ်သူ အဲရစ်တန်ဟက်မှာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီတွင် လေဗာကူဆင်အသင်း၏ နည်းပြချုပ်သစ် ဖြစ်လာမည်ဖြစ်ကြောင်း၊ ဆွေးနွေးမှုများမှာ အတော်အတန် ခရီးရောက်နေပြီဖြစ်ကြောင်း အဆိုပါ မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
…..
— Sudirman Cup ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တရုတ်အသင်းက ဂျပန်အသင်းကို ပြတ်ပြတ်သားသား အနိုင်ယူ၍ ဗိုလ်လုပွဲတက်ရောက်၊ စံချိန်တင်အဖြစ် ၁၄ ကြိမ်မြောက် ဆုဖလား ရယူနိုင်ရန် ရည်မှန်း

မေ ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Sudirman Cup ကြက်တောင်ရိုက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် တရုတ်အသင်းက ဂျပန်အသင်းအား ၃ ပွဲပြတ် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတွင် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တရုတ်အသင်းအနေဖြင့် ဂုဏ်သိက္ခာကြီးသော ကျား၊မ နှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲဖြစ်သည့် အဆိုပါပြိုင်ပွဲတွင် ဆက်လက်လွှမ်းမိုးထားနိုင်ရန် ရည်မှန်းထားသည်။

လက်ရှိချန်ပီယံ တရုတ်အသင်းမှ ကျား၊မ နှစ်ယောက်တွဲ ပြိုင်ပွဲဝင်နှစ်ဦးဖြစ်သည့် Feng Yanzhe နှင့် Huang Dongping တို့က လော‌လောလတ်လတ် နှစ်ယောက်တွဲ ပြိုင်ပွဲဝင်သည့် Hiroki Midorikawa နှင့် Arisa Igarashi တို့အား ၂၁-၁၁၊ ၂၁-၁၇ မှတ်ဖြင့် လက်စွမ်းပြအနိုင်ယူခဲ့သည်။ (Xinhua)

……………………………………………………………(English Version)
Premier League: Arsenal pays price, Villa and City both win
Arsenal paid the price for looking ahead to next week’s Champions League semifinal return leg away to Paris Saint Germain on Saturday when Mikel Arteta’s side was stunned by a 2-1 defeat at home to Bournemouth.
Although Declan Rice put Arsenal ahead in the 34th minute, Dean Huijsen nodded Bournemouth level following a long throw in the 67th minute and Evanilson got a touch on a free kick to win the game and lift Bournemouth up to eighth in the table.
Youri Tielemans netted the only goal of the game after nine minutes as Aston Villa kept hopes of a swift return to the Champions League alive.
Tielemans header decided a match where both teams missed chances in the final third of the pitch. Villa is seventh, but level on points with Nottinghan Forest (who plays on Monday) and Chelsea, who faces Liverpool on Sunday.
On Friday, Kevin de Bruyne’s goal saw Manchester City win 1-0 at home to Wolverhampton Wanderers to lift Pep Guardiola’s side up to third in the table ahead of Newcastle’s visit to Brighton on Sunday.
…..
La Liga: Barca dodges Vallaolid scare for three vital points
FC Barcelona survived a difficult night away to bottom of the table and already relegated Valladolid to open a seven-point lead over Real Madrid at the top of La Liga ahead of Madrid’s game at home to Celta Vigo on Sunday.
With his players tired after Wednesday’s 3-3 draw against Inter Milan in the Champions League and the return leg still to play on Tuesday, Barca coach Hansi Flick made wholesale changes to his side.
Valladolid took advantage of the lack of cohesion in the Barca defense to take an early lead when Sanchez’ shot took a big deflection to end up in the net.
Flick had to bring on Yamal for the injured Dani Rodriguez before the break and Raphinha and De Jong came on at halftime to turn the game around, with Raphinha firing Barca level and Fermin Lopez tucking the ball home to give Barca three vital points ahead of arguably the club’s biggest week of the season.
…..
Former Manchester United coach Ten Hag likely to succeed Alonso at Leverkusen, media reports
As the Bundesliga encounter in Freiburg approaches this Sunday, the ongoing speculation surrounding Leverkusen’s Spanish star coach Xabi Alonso continues to intensify.
While Alonso appeared relaxed and kept his future plans secret during the pre-match press conference, the well-informed sports magazine Kicker reported that “a deal close to being sealed” regarding his successor is underway.
The magazine named former Ajax and Manchester United coach Erik ten Hag as Bayer Leverkusen’s new head coach for the 2025-26 season, describing the negotiations a “fairly done thing.”
…..
China dominates Japan to reach Sudirman Cup final, eyes historic 14th title
China swept Japan 3-0 in the Sudirman Cup semifinals on Saturday, securing a berth in the final against South Korea and aiming to extend its dominance in this prestigious mixed team badminton event.
The defending champion made a strong start with the mixed doubles pair Feng Yanzhe and Huang Dongping defeating Japan’s newly formed pair, Hiroki Midorikawa and Arisa Igarashi, 21-11, 21-17.