Connect with us

Africa & Middle East

လေဆိပ်ကို ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုအတွက် ယီမင် ဟူသီလက်နက်ကိုင်နှင့် အီရန်အား လက်တုံ့ပြန်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် မီးခိုးလုံးများတက်လာသည်ကို မေ ၄ ရက် ဗီဒီယို Screenshot ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ မေ ၅ ရက် (ဆင်ဟွာ)
ယီမင် ဟူသီလက်နက်ကိုင်များက မေ ၄ ရက် အစောပိုင်းတွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွက် အစ္စရေးသည် အဆိုပါ အဖွဲ့အစည်းနှင့် ၎င်းနှင့်မိတ်ဖက် အီရန်နိုင်ငံအပေါ် လက်တုံ့ပြန်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထိုနေ့ ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယီမင် ဟူသီလက်နက်ကိုင်များ၏ တိုက်ခိုက်မှုသည် “အီရန်ကြောင့်” ဖြစ်ပြီး အစ္စရေးအနေဖြင့် အချိန်နှင့်နေရာ ရွေးချယ်၍ ဟူသီလက်နက်ကိုင်အဖွဲ့ နောက်ကွယ်က အင်အားဖြစ်သော အီရန်အပေါ် လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုနေ့အစောပိုင်းတွင် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ဗီဒီယိုမိန့်ခွန်းပြောကြား၍ ဟူသီလက်နက်ကိုင်အဖွဲ့အား သတိပေးခဲ့ရာ အစ္စရေးအနေဖြင့် “ယခင်က သူတို့ကို နှိမ်နင်းခဲ့ဖူးသလို အနာဂတ်မှာလည်း ဆက်လက်နှိမ်နင်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
မေ ၄ ရက် အစောပိုင်းတွင် ယီမင် ဟူသီလက်နက်ကိုင်များက အစ္စရေးနိုင်ငံ အလယ်ပိုင်းရှိ ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်အား အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည်တစ်လုံးဖြင့် ပစ်ခတ်ခဲ့သည်။ အစ္စရေးဘက်က “Arrow” အမျိုးအစား ပဲ့ထိန်းဒုံးကျည် ကြားဖြတ်ဟန့်တားရေးစနစ်နှင့် အမေရိကန်စစ်တပ်က ဖြန့်ကြက်ထားသော “THAAD” ပဲ့ထိန်းဒုံးကျည် ကြားဖြတ်ဟန့်တားရေးစနစ်ဖြင့် ဒုံးကျည်အား တားဆီးခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း အစ္စရေးမီဒီယာများ သတင်းဖော်ပြချက်အရသိရသည်။

အဆိုပါပဲ့ထိန်းဒုံးကျည် ပေါက်ကွဲမှုကြောင့် လေဆိပ်၏ အဓိကအဆောက်အဦ အနီးတစ်ဝိုက်၌ မီတာအနည်းငယ်ကျယ်သော တွင်းနက်ကြီးဖြစ်သွားခဲ့သည်ကို ဆင်ဟွာသတင်းထောက်က တိုက်ခိုက်မှု အချင်းဖြစ်ပွားရာနေရာ၌ တွေ့မြင်ခဲ့ရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လေကြောင်းလိုင်းကုမ္ပဏီ အများအပြားက အစ္စရေးနိုင်ငံသို့သွားရောက်မည့် လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခဲ့သည်။
ထို့ပြင် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ၌ ထိုးစစ်ဆင်မှုအား တိုးချဲ့ရန်အတွက် အရန်စစ်သည်သောင်းချီအပေါ် ဆင့်ခေါ်အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း အစ္စရေးနိုင်ငံ စစ်ဦးစီးချုပ် အီယာ ဇာမီယာက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ကြိမ် ဖြစ်ပွားသည့်အချိန်မှစ၍ ဟူသီလက်နက်ကိုင်များက ပင်လယ်နီ၊ အာရေဗီးယားပင်လယ် စသည့် ပင်လယ်ပြင်များတွင် “အစ္စရေးနှင့်ပတ်သက်သည့်” သင်္ဘောများကို ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သလို ကုန်းမြေပေါ်ရှိ ပစ်မှတ်များကိုလည်း တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်။ ဟူသီလက်နက်ကိုင်များက အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ၌ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန် တောင်းဆိုထားကြောင်း သိရသည်။ (Xinhua)

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကားများကို မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
以总理称将就机场导弹袭击报复也门胡塞武装和伊朗
新华社耶路撒冷5月4日电(记者王卓伦 陈君清)以色列总理办公室4日晚发表声明说,针对也门胡塞武装当天早些时候对特拉维夫的本-古里安国际机场发动导弹袭击,以色列将对该组织及其盟友伊朗进行报复。
声明说,也门胡塞武装的袭击“源自伊朗”,以色列将选择时间和地点对胡塞武装背后势力伊朗采取行动。当天早些时候,以总理内塔尼亚胡发布视频讲话向胡塞武装发出警告,称以色列“过去曾经打击过他们,未来也将继续打击”。
4日早些时候,也门胡塞武装向以色列中部的本-古里安国际机场发射了一枚高超音速导弹。据以色列媒体报道,以方动用“箭”式反导系统以及美军部署的“萨德”反导系统拦截来袭导弹,但未能成功。新华社记者在袭击现场看到,导弹在机场主航站楼附近炸出一个数米宽的大坑。受袭击影响,多家国际航空公司取消了往返以色列的航班。
此外,以军总参谋长埃亚勒·扎米尔4日说,以军已向数万名预备役军人发出征召令,以扩大在加沙地带的攻势。
新一轮巴以冲突爆发以来,胡塞武装频繁使用导弹和无人机在红海、阿拉伯海等海域袭击“关联以色列”的船只,并不时对以陆上目标发动袭击。胡塞武装要求以色列停止在加沙地带的军事行动。(完)
图说1:这张5月4日的视频截图显示,以色列特拉维夫本·古里安国际机场附近遭导弹袭击后升起黑烟。新华社发
图说2:这是5月4日在以色列特拉维夫本·古里安国际机场附近拍摄的在导弹袭击中受损的汽车。新华社发(吉尔·科恩·马根摄)