Africa & Middle East
ပဲ့ထိန်းဒုံးကျည် ပုံစံသစ်ကို အီရန် ထုတ်ပြန်ကြေညာ

တီဟီရန်၊ မေ ၅ ရက် (ဆင်ဟွာ)
အကွာအဝေး ၁,၂၀၀ ကီလိုမီတာအထိ ပစ်လွှတ်နိုင်သော အစိုင်အခဲလောင်စာသုံး ပဲ့ထိန်းဒုံးကျည် အသစ်တစ်မျိုးကို အီရန်ကာကွယ်ရေးဝန်ကြီးဌာနက မေ ၄ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
“Qassem Basir” အမည်ရှိ ဤပဲ့ထိန်းဒုံးကျည်သည် “ယခင်က ပဲ့ထိန်းဒုံးကျည်များထက် ပြောင်းလွယ်ပြင်လွယ် ရှိ” ပြီး “’THAAD’နှင့် ‘Patriot’ ဒုံးခွင်းစနစ်ကို ထိုးဖောက်နိုင်”ကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ကာကွယ်ရေးဝန်ကြီး Aziz Nasirzadeh ၏ ပြောကြားချက်ကို ကိုးကား၍ မေ ၄ ရက်ညပိုင်းက ဖော်ပြခဲ့သည်။
အီရန်တွင် ဒုံးကျည်သိုလှောင်မှု အများအပြားရှိကြောင်း၊ အကယ်၍ စစ်ဖြစ်ပွားပါက ယင်းဒုံးကျည်များကို အသုံးပြု၍ မည်သည့်နေရာက ပစ်မှတ်ကိုမဆို တွေဝေမှုမရှိဘဲ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း Aziz Nasirzadeh က ပြောကြားခဲ့သည်။
“အကယ်၍ ကျွန်တော်တို့ တိုက်ခိုက်ခံရမယ်၊ ဒါမှမဟုတ် တိုက်ပွဲဝင်ဖို့ ဖိအားပေးခံရမယ်ဆိုရင် ကျွန်တော်တို့က လက်နက်အင်အားနဲ့ တုံ့ပြန်သွားမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် တစ်ဖက်က ဆွေးနွေးလိုကြောင်း ဖော်ပြပြီး အခြားတစ်ဖက်က အီရန်ကို စစ်ရေးအရ တိုက်ခိုက်သွားမည်ဟု အချို့အမေရိကန်အရာရှိတွေက နည်းလမ်းအသွယ်သွယ်ဖြင့် မကြာခဏ ခြိမ်းခြောက်လျက်ရှိကြောင်း Aziz Nasirzadeh က ပြောကြားခဲ့သည်။
အကယ်၍ ထိုးစစ်ဆင်ခံရလျှင် အီရန်အနေဖြင့် အမေရိကန်၏ အကျိုးစီးပွားနှင့် အခြေစိုက်စခန်းတွေကို တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ “ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံအပေါ် ရန်လိုမှုမရှိပါဘူး။ ဒါပေမဲ့ အမေရိကန် အခြေစိုက်စခန်းတွေက ကျွန်တော်တို့ရဲ ပစ်မှတ်ဖြစ်လာမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်သည် ဧပြီ ၁၂ ရက်က အိုမန်နိုင်ငံ မြို့တော် မတ်စ်ကက်တွင် ပထမအကြိမ် ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ယင်းမှာ ၂၀၁၈ ခုနှစ် မေလက အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန် တစ်ဖက်သတ် နုတ်ထွက်ပြီးနောက် အမေရိကန်-အီရန် နှစ်ဖက် ပထမဆုံးအကြိမ် ဆွေးနွေးမှု တရားဝင် စတင်ခြင်း ဖြစ်သည်။ ထို့နောက် နှစ်နိုင်ငံသည် ဧပြီ ၁၉ ရက်နှင့် ဧပြီ ၂၆ ရက်တို့တွင် တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်လုပ်ဆောင်ခဲ့သည်။ (Xinhua)
———————-
(Chinese Version)
伊朗公布新型弹道导弹
新华社德黑兰5月5日电(记者沙达提)伊朗国防部4日晚公布一款新型固体燃料弹道导弹,射程可达1200公里。
伊朗国家电视台4日晚援引国防部长纳西尔扎德的话报道说,这款名为“卡西姆·巴西尔”的导弹“比之前的导弹具有更好的机动性”,“可以突破‘萨德’和‘爱国者’导弹防御系统”。
纳西尔扎德说,伊朗拥有大量导弹储备,如果发生战争,将毫不犹豫地使用这些导弹打击任何地点的目标。“如果我们受到攻击,或者被强加战争,我们将以武力回应。”
纳西尔扎德还表示,美国一方面表态愿意谈判,另一方面,一些美国官员又经常通过各种方式威胁要对伊朗进行军事打击。他说,如果遭到攻击,伊朗将对美国的利益和基地进行打击。“我们对邻国没有敌意,但美国基地将成为我们的目标。”
美国与伊朗4月12日在阿曼首都马斯喀特举行了首轮间接谈判,这是自2018年5月美国单方面退出伊核协议以来双方首次正式开启谈判。此后,双方分别于4月19日和26日举行了两轮间接谈判。(完)
1. 这是4月18日在伊朗首都德黑兰拍摄的阅兵式现场。新华社记者 沙达提 摄