Connect with us

Asia

ပါကစ္စတန်နိုင်ငံက တောင်အာရှဒေသ အခြေအနေကို လုံခြုံရေးကောင်စီသို့ တရားဝင် အကြောင်းကြားရန် ဆုံးဖြတ်

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၊ ဆရီနာဂါလမ်းမပေါ်တွင် တာဝန်ထမ်းဆောင်နေသော အိန္ဒိယစစ်သားများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၆ ရက် (ဆင်ဟွာ)
တောင်အာရှဒေသ၏ နောက်ဆုံးဖြစ်ပွားခဲ့သော အခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တရားဝင် အကြောင်းကြားရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် အထူးသဖြင့် အိန္ဒိယ၏ “ကျူးကျော်လာမှုလုပ်ရပ်များ၊ အကြိမ်ကြိမ်အဖန်ဖန် ရန်စမှုများနှင့် လှုံ့ဆော်မှုပြုသော ပြောဆိုချက်များသည် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မည်သို့သော ဆိုးရွားသည့် ခြိမ်းခြောက်မှုဖြစ်စေကြောင်း” ကို လုံခြုံရေးကောင်စီသို့ အကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အိန္ဒိယနိုင်ငံက “အိန္ဒုယမြစ်ရေမျှဝေသုံးစွဲမှုစာချုပ်ကို တရားမဝင် တစ်ဖက်သတ်ဆိုင်းငံ့ရန် ကြိုးပမ်းမှုလုပ်ရပ်သည် ၎င်း၏ နိုင်ငံတကာတာဝန်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း” ကိုလည်း အကြောင်းကြားသွားမည်ဖြစ်ပြီး အထက်တွင်ဖော်ပြထားသော “စိုးရိမ်ဖွယ်ရာ အခြေအနေများ” ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လုံခြုံရေးကောင်စီက သင့်လျော်သော အစီအမံများ ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသစံတော်ချိန် မေ ၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အိန္ဒိယစစ်တပ်က ကက်ရှ်မီးယားဒေသရှိ အိန္ဒိယ-ပါကစ္စတန် အမှန်တကယ်ထိန်းချုပ်မှုမျဉ်း ပါကစ္စတန်ဘက်ခြမ်းရှိ ကင်းစခန်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်စစ်တပ်ကလည်း “အပြည့်အဝတုံ့ပြန်ခဲ့ကြောင်း” ပါကစ္စတန်စစ်တပ်အရာရှိက မေ ၅ ရက်တွင် ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။

ဧပြီ ၂၂ ရက်တွင် အိန္ဒိယ ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် ခရီးသွားဧည့်သည်များကို ဦးတည်သည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်။ ထို့နောက်တွင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့က တင်းမာသော အစီအမံများ ဆောင်ရွက်ခဲ့ကြပြီး အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်။ ပါကစ္စတန်အစိုးရက အိန္ဒိယမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းလမ်းမှ ပြောင်းရွှေ့သယ်ယူခြင်းကို တားမြစ်ကြောင်းနှင့် တတိယနိုင်ငံများမှ အိန္ဒိယသို့ တင်ပို့သော ကုန်ပစ္စည်းများ ပါကစ္စတန်မှတစ်ဆင့် ဖြတ်သန်းခြင်းကိုလည်း တားမြစ်ကြောင်း မေ ၄ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
巴基斯坦决定正式向安理会通报南亚局势
新华社伊斯兰堡5月5日电(记者杨恺 蒋超)巴基斯坦外交部5日发表声明说,巴方已决定正式向联合国安理会通报有关南亚局势的最新进展。
声明说,巴方将特别向安理会通报印度的“侵略行径、反复挑衅和煽动性言论对地区及全球和平稳定构成了何种严重威胁”,以及印度“试图非法单边暂停《印度河用水条约》的行为明显违反其国际义务”,并呼吁安理会采取适当措施应对上述“令人担忧的事态发展”。
巴基斯坦军方官员5日告诉新华社记者,当地时间4日23时45分左右,印军向克什米尔地区印巴实际控制线巴方一侧的多个哨所开火,巴军“全力反击”。
4月22日,印控克什米尔地区发生针对游客的枪击事件,造成重大人员伤亡。随后印度与巴基斯坦均采取强硬措施,引发局势升级。巴基斯坦政府5月4日宣布,禁止通过陆路、海路和空路转运进口原产于印度的货物,并禁止第三国向印度出口的货物经由巴基斯坦过境。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.