Europe
ဂျာမနီနိုင်ငံ၏ CDU/CSU နှင့် SPD ပါတီတို့ အစိုးရသစ် ဖွဲ့စည်းရေးအတွက် ညွန့်ပေါင်းသဘောတူညီချက်၌ လက်မှတ်ရေးထိုး

ဘာလင်၊ မေ ၆ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ၏ ကွန်ဆာဗေးတစ်ဝါဒီ CDU/CSU မဟာမိတ်ပါတီနှင့် ဗဟိုလက်ဝဲဝါဒီ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) ခေါင်းဆောင်တို့မှာ ညွန့်ပေါင်းဖွဲ့ရေး သဘောတူညီချက်အား မေ ၅ ရက်က လက်မှတ်ရေးထိုးခဲ့သဖြင့် ဖက်ဒရယ်အစိုးရသစ် ဖွဲ့စည်းရန် လမ်းပွင့်သွားပြီဖြစ်သည်။
သီတင်းပတ်များနှင့်ချီကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ဧပြီလတွင် အပြီးသတ်နိုင်ခဲ့သည့် အဆိုပါ ညွန့်ပေါင်းသဘောတူညီချက်အရ ဂျာမနီနိုင်ငံ၏ စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရေး၊ နိုင်ငံတော်ကာကွယ်ရေးကို ခိုင်မာအောင်လုပ်ဆောင်ရေး၊ ရွှေ့ပြောင်းအခြေချ မူဝါဒများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်ရေးအတွက် ၎င်းပါတီများက ကတိပြုခဲ့ကြသည်။
ပြည်ထောင်စုပါတီများ သို့မဟုတ် the Union ဟု အလွတ်သဘော ခေါ်ဆိုကြသည့် CDU/CSU မှာ ဂျာမနီနိုင်ငံရှိ နိုင်ငံရေးပါတီနှစ်ရပ် ပူးပေါင်းထားသော ကွန်ဆာဗေးတစ်ဝါဒီ နိုင်ငံရေးမဟာမိတ် အင်အားစုဖြစ်သည်။
ဂျာမနီနိုင်ငံ၏ အောက်လွှတ်တော် ဘွန်းဒက်စတက်ဂ် (Bundestag) သည် CDU ပါတီခေါင်းဆောင် ဖရီးဒရစ်မက်ဇ်အား မေ ၆ ရက်၌ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ရန် စီစဉ်ထားကာ မက်ဇ်အား ရွေးကောက်တင်မြှောက်ပြီးပါက ၎င်း၏အစိုးရအနေဖြင့် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်ရာ ဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ် ဦးဆောင်သည့် လက်ရှိအစိုးရသက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး SPD ပါတီ ပူးတွဲခေါင်းဆောင်ဖြစ်သူ လက်စ်ကလင်းဘိုင်းက ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူမည်ဖြစ်သည်။
အစိုးရအဖွဲ့သစ်၏ အဓိက ရာထူးနေရာများအား SPD ပါတီက မေ ၅ ရက်၌ ကြေညာခဲ့ရာ ကလင်းဘိုင်းမှာ ဘဏ္ဍာရေးဝန်ကြီးဌာနကိုလည်း ပူးတွဲတာဝန်ယူမည်ဖြစ်ပြီး ဘိုးရစ် ပစ်စတိုးရီးယက်စ်က ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူမည်ဖြစ်ကာ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဘာဘယ်ဘတ်စ်မှာမူ အလုပ်သမားနှင့် လူမှုရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။
အခြားသော ခန့်အပ်တာဝန်ပေးမှုများအနက် အသက် ၃၅ နှစ်အရွယ် ရင်းမ် အလာဘာလီ-ရာဒိုဗန်အား စီးပွားရေး ပူးပေါင်းဆောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးအဖြစ် ခန့်အပ်မှုလည်း ပါဝင်ကြောင်း သိရသည်။
ညွန့်ပေါင်းအဖွဲ့အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ဂျာမနီနိုင်ငံအား ခေတ်မီတိုးတက်အောင် လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း ညွန့်ပေါင်းဖွဲ့ရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်းမပြုမီ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ မက်ဇ်က ထည့်သွင်းပြောကြားခဲ့သည်။ မက်ဇ်က အစိုးရသစ်၏ စွမ်းဆောင်မှုများကို မီးမောင်းထိုးပြလျက် ပထမဆုံးနေ့မှစ၍ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခြင်း၊ အရေးကြီး အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ဥရောပအား ခိုင်ခိုင်မာမာ အထောက်အကူပြုခြင်းတို့ လုပ်ဆောင်သွားမည်ဟုလည်း ကတိပြုခဲ့သည်။ (Xinhua)

ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ညွန့်ပေါင်းသဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားမြင်ကွင်းအား ၂၀၂၅ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………….
(English Version)
Germany’s CDU/CSU, SPD sign coalition deal for new gov’t
BERLIN, May 5 (Xinhua) — Leaders of Germany’s conservative CDU/CSU and center-left Social Democratic Party (SPD) signed a coalition agreement on Monday, paving the way for the formation of a new federal government.
Under the coalition pact finalized in April after weeks of negotiations, the parties pledged to enhance Germany’s economic competitiveness, strengthen national defense, and tighten migration policies.
The CDU/CSU, unofficially the Union parties or the Union, is a conservative political alliance of two political parties in Germany.
The Bundestag, Germany’s lower house of parliament, is scheduled to elect Friedrich Merz, leader of the CDU, as chancellor on Tuesday. Once Merz is elected, his government will take office, ending the current administration led by Chancellor Olaf Scholz, and SPD’s co-leader Lars Klingbeil will take the post of vice chancellor.
According to SPD’s announcement of key positions in the new cabinet on Monday, Klingbeil will also take the helm of the Finance Ministry. Boris Pistorius will be retaining his post as defense minister. Baerbel Bas, former president of the Bundestag, has been nominated as minister of Labor and Social Affairs.
Other nominations include 35-year-old Reem Alabali-Radovan as minister for Economic Cooperation and Development.
Speaking at a press conference before the signing, Merz said the coalition aims to advance Germany with reforms and investments. Highlighting the capabilities of the new government, Merz vowed to implement reform from day one, build essential infrastructure, and make a strong contribution to Europe.
English Caption 1
The Christian Social Union (CSU) leader Markus Soeder (1st L), the Christian Democratic Union (CDU) leader Friedrich Merz (2nd L), the Social Democratic Party (SPD)’s co-leaders Lars Klingbeil (2nd R) and Saskia Esken attend the signing ceremony of a coalition agreement in Berlin, Germany, May 5, 2025. (Xinhua/Du Zheyu)
English Caption 2
This photo taken on May 5, 2025 shows the signing ceremony of a coalition agreement in Berlin, Germany. (Xinhua/Du Zheyu)