Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အကျဉ်းထောင်တွင် ရဲတပ်ဖွဲ့ နှင့် စစ်သွေးကြွများအကြား တိုက်ခိုက်မှုဖြစ်ပွားရာ လူ ၆ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ မှ ရဲတပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ မေ ၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမြို့ အစွန်အဖျား ရှိ အကျဉ်းထောင်တစ်ခုတွင် စစ်သွေးကြွ အကျဉ်းသားများ နှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ဦး နှင့် အကျဉ်းသား တစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။

အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Muhammad Iqbal က စစ်သွေးကြွအကျဉ်းသားများသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဓါးစားခံအဖြစ် ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။

Iqbal က ယင်းဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၅ဦးသေဆုံးခဲ့ပြီး ပြန်လည်ခုခံသည့် စစ်သွေးကြွတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

ထောင်ဆူပူမှုသည် မေ ၈ ရက် ညပိုင်းတွင် အကျဉ်းထောင်အခန်းများအနက် တစ်ခု မှ စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ အခြေအနေအား ထိန်းသိမ်းထားနိုင်ပြီဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက အကျဉ်းသားများနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

၎င်းက အကျဉ်းသားများ သည် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့သူများဖြစ်၍ အကျဉ်းသားများထံ ချဉ်းကပ်ရန်အတွက် အထူးမဟာဗျူဟာဖြင့် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် အကျဉ်းသားများယူဆောင်လာသော အစားအစာများအား အကျဉ်းထောင်အာဏာပိုင်များက စစ်ဆေးမှုကို ဆန့်ကျင်ရာမှ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။

အကျဉ်းထောင်ဝန်းကျင်၌ လုံခြုံရေးတိုးမြှင့်ချထားပြီး ပြည်ပမှ လာရောက်ကြည့်ရှုသူများကို အကျဉ်းထောင်ဝင်ပေါက် အနီးလာရောက်ခြင်းမရှိစေရန် တားမြစ်ထားကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.