Asia
လေကြောင်းတိုက်မှုအပြီး ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ မြို့တော်မြင်ကွင်း

မူဇက်ဖာရာဘတ်၊ မေ ၈ ရက် (ဆင်ဟွာ)
အိန္ဒိယက မေ ၇ ရက်တွင် ပါကစ္စတန် အရပ်သားပြည်သူများ အခြေချနေထိုင်ရာ နေရာများအား လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အနည်းဆုံး သေဆုံးသူ ၂၆ ဦး၊ ဒဏ်ရာရသူ ၄၆ ဦးရှိကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် Ahmed Sharif Chaudhry က မေ ၇ ရက်တွင် ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ဘဟွာလာပူရာဒေသ၊ ဆိုင်ရယ်လ်ကော့တ်ဒေသ၊ ရှိတ်ဘူရာဒေသနှင့် ရှက်ဂါဂတ်ဒေသ ၄ ခု၊ ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ မြို့တော်မူဇက်ဖာရာဘတ်၊ ကော့တ်လီဒေသစသည့် နေရာများရှိ အရပ်သားပြည်သူများ အခြေချနေထိုင်ရာ နေရာများကို အိန္ဒိယက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း Chaudhry က ပါကစ္စတန် စစ်ဌာနချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)

ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ မြို့တော်မူဇက်ဖာရာဘတ်တွင် အိန္ဒိယ၏ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသော အဆောက်အအုံအတွင်း၌ ပျက်စီးဆုံးရှုံးမှုအခြေအနေကို စစ်ဆေးကြည့်ရှုနေသူများအား မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………….
(Chinese Version)
巴控克什米尔地区首府:空袭过后
新华社照片,穆扎法拉巴德,2025年5月8日
巴基斯坦三军新闻局局长乔杜里7日说,印度当天针对巴方平民定居点的空袭已造成至少26名平民死亡、46人受伤。乔杜里在巴基斯坦陆军总部举行的新闻发布会上说,巴东部旁遮普省巴哈瓦尔布尔、锡亚尔科特、谢赫布拉和沙卡尔格尔4个地区以及巴控克什米尔地区首府穆扎法拉巴德和戈德利地区等地的平民定居点遭印方空袭。
图说1:这是5月7日在巴控克什米尔地区首府穆扎法拉巴德拍摄的遭印度空袭的建筑。新华社发(穆罕默德·丁·穆加尔摄)
图说2:5月7日,在巴控克什米尔地区首府穆扎法拉巴德,人们在一幢遭印度空袭的建筑内查看损失情况。新华社发(穆罕默德·丁·穆加尔摄)