Africa & Middle East
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူခုနစ်ဦး သေဆုံးပြီးနောက် လက်တုံ့ပြန်မည်ဟု ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့ ကတိပြု

ဆန်နား၊ မေ ၈ ရက် (ဆင်ဟွာ)
ယီမင်နိုင်ငံတွင် လူခုနစ်ဦး သေဆုံးကာ ၉၇ ဦး ဒဏ်ရာရရှိခဲ့သည့် အစ္စရေး၏ မေ ၆ ရက် လေကြောင်းတိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်မည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုကြောင်း ဟူသီအဖွဲ့၏ စီမံခန့်ခွဲမှုအောက်ရှိ ကျန်းမာရေးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယီမင်နိုင်ငံ၏မြို့တော်နှင့် အနီးဝန်းကျင်ရှိ အမ်ရန်ပြည်နယ်တို့အား ထိမှန်ခဲ့သည့် အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆန်နား အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“အစ္စရေးရဲ့ ကျူးကျော်ရန်စတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လေဆိပ် ပျက်စီးသွားတဲ့အတွက် နောက်ထပ် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း လေဆိပ်ရဲ့ ဆိုက်ရောက်/ထွက်ခွာ လေယာဉ်ခရီးစဉ်အားလုံးကို ရပ်ဆိုင်းထားပါတယ်” ဟု ဆန်နား လေဆိပ်၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ခါလစ် အယ်လ်-ရှာအစ်ဖ်က ဟူသီအဖွဲ့ စီမံခန့်ခွဲနေသော al-Masirah ရုပ်သံသို့ မှတ်ချက်ပြုပြောကြားခဲ့သည်။
ဆန်နားလေဆိပ်မှာ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် “ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများ” ဖြစ်ပေါ်ခဲ့ကြောင်း၊ လေယာဉ်ပြေးလမ်း၊ လေကြောင်းထိန်းမျှော်စင်၊ ရေဒါကိရိယာများ၊ လေဆိပ်အဆောက်အအုံများ၊ ဆိုက်ရောက်/ထွက်ခွာ ခန်းမဆောင်များအပြင် ပတ်စ်ပို့ရုံး၊ အကောက်ခွန်ရုံးနှင့် လေဆိပ်လုံခြုံရေးရုံး စသည့် ရုံးအားလုံးလည်း ပျက်စီးခဲ့သည်ဟု အယ်လ်-ရှာအစ်ဖ်က ဆိုသည်။
“ဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်အထိ ရှိနိုင်ပါတယ်။ လေဆိပ်ကို ပြန်တည်ဆောက်ဖို့ တော်တော့ကို အချိန်ယူရမှာပါ” ဟု အယ်လ်-ရှာအစ်ဖ်က ဆက်လက်ပြောကြားခဲ့သည်။
အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဟူသီအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များက အစ္စရေးအား လက်တုံ့ပြန်မည်ဖြစ်ကြောင်း၊ လာမည့်နာရီပိုင်းအတွင်း တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ကတိပြုကြောင်း al-Masirah ရုပ်သံမှတစ်ဆင့် ကတိပြုပြောကြားခဲ့သည်။
မေ ၆ ရက် မွန်းလွဲပိုင်းက အစ္စရေး၏ လေကြောင်းမှ လက်တုံ့ပြန်တိုက်ခိုက်မှုများမှာ အစ္စရေးပြည်သူ ရှစ်ဦး ဒဏ်ရာရရှိခဲ့သည့် မေ ၄ ရက် နံနက်ပိုင်းက တဲလ်အဗစ်မြို့ရှိ ဘန်ဂူရီယွန် လေဆိပ်အား ဟူသီလက်နက်ကိုင်အဖွဲ့က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။
ဂါဇာဒေသ၌ အစ္စရေးနှင့် ဟားမက်စ်အကြား စစ်ပွဲဖြစ်ပွားပြီးနောက် ပါလက်စတိုင်းတို့နှင့် တစ်စိတ်တစ်ဝမ်းတည်းရှိမှုကို ပြသသည့်အနေဖြင့် ဟူသီအဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ အစ္စရေးအား ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်။ (Xinhua)
…………………
(English Version)
Yemen’s Houthis vow to retaliate after Israeli airstrikes kill 7
SANAA, May 7 (Xinhua) — The Houthis have vowed to retaliate against Israel for its airstrikes in Yemen on Tuesday, which killed seven and injured 97 others, according to the Houthis-run health authorities.
The strikes, which hit the Yemeni capital and nearby Amran province, severely damaged Sanaa International Airport.
In remarks to Houthi-run al-Masirah TV on Wednesday, the director general of the Sanaa airport, Khaled Al-Shaif, said: “All flights to and from the airport have been suspended until further notice after the airport was destroyed by the Israeli aggression airstrikes.”
Israel strikes on Sanaa airport caued “heavy losses,” Al-Shaif said, adding that the runway, tower, radar equipment, the buildings of terminals, departure and arrival halls, as well as the offices of passport, customs, and security, were all “destroyed.”
“The losses … could amount to approximately 500 million U.S. dollars,” Al-Shaif said, adding: “It will take a very long time” to rebuild it.
Following the Israeli airstrikes, several top Houthi leaders, speaking through the group’s al-Masirah TV, vowed to retaliate against Israel, promising attacks in the coming hours.
According to Israeli media outlets, the Israeli retaliatory airstrikes on Tuesday afternoon were a response to a Houthi missile attack on Ben Gurion Airport in Tel Aviv on Sunday morning, which injured eight Israelis.
The Houthis have been targeting Israel since November 2023 to show solidarity with the Palestinians after the Israel-Hamas war broke out in Gaza.
English Caption
This photo taken by cellphone on May 6, 2025 shows smoke rising from the Dhahban power plant after airstrikes in Sanaa, Yemen. (Photo by Mohammed Mohammed/Xinhua)