Connect with us

Politics, Law & Military

“တရုတ်-စင်ကာပူ ပူးပေါင်းဆောင်ရွက်မှု ၂၀၂၅” ပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနား စင်ကာပူတွင် ကျင်းပ

စင်ကာပူ၊ မေ ၁၀ ရက် (ဆင်ဟွာ)

“တရုတ်-စင်ကာပူ ပူးပေါင်းဆောင်ရွက်မှု ၂၀၂၅” ပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို မေ ၉ ရက် နံနက်ပိုင်းက စင်ကာပူနိုင်ငံ Changi ရေတပ် စစ်အခြေစိုက်စခန်းတွင် ကျင်းပခဲ့ရာ တရုတ်-စင်ကာပူ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် ရေတပ်အရာရှိ၊ စစ်သည် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ယင်းမှာ တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အတူတကွ ကျင်းပသော စတုတ္ထအကြိမ်မြောက် “တရုတ်-စင်ကာပူ ပူးပေါင်းဆောင်ရွက်မှု” ပင်လယ်ပြင် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဖြစ်သည်။ လေ့ကျင့်မှုကို ဆိပ်ကမ်းနှင့် ကမ်းစပ် ကူးလူးဖလှယ်ခြင်း၊ ပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနား အနှစ်ချုပ်ခြင်း ဟူ၍ အပိုင်း ၃ ပိုင်း ခွဲခြားထားသည်။ ဆိပ်ကမ်းနှင့် ကမ်းစပ်ကူးလူးဖလှယ်ခြင်းအပိုင်းတွင် တရုတ်-စင်ကာပူ နှစ်နိုင်ငံက နှီးနှောဆွေးနွေးရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးများ ကျင်းပရန် စီစဉ်သွားမည် ဖြစ်ပြီး တစ်ချိန်တည်းတွင်ပင် ပညာရပ်ပိုင်းဆိုင်ရာ ကဏ္ဍများစွာတွင် ဖလှယ်ရေးလှုပ်ရှားများ လုပ်ဆောင်သွားမည် ဖြစ်သည်။ ပင်လယ်ပြင် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်း အပိုင်းတွင် နှစ်ဖက်အနေဖြင့် ပင်လယ်ပြင်ကိုဦးတည်သည့် ပူးတွဲတိုက်ခိုက်မှု၊ ပင်လယ်ပြင်၌ ထောက်ပံ့ပေးပို့မှု၊ ပူးတွဲရှာဖွေကယ်ဆယ်မှုနှင့် ကြားဖြတ်တားဆီး စစ်ဆေး ဖမ်းဆီးမှု စသည့် ကဏ္ဍများကို လေ့ကျင့်သွားမည် ဖြစ်သည်။

ယခုအကြိမ် လေ့ကျင့်မှုတွင် ပါဝင်ရန် နှစ်ဖက်အနေဖြင့် စုစုပေါင်း သင်္ဘောလေးစင်း စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံဘက်မှ လေ့ကျင့်မှုတွင် ပါဝင်မည့် သင်္ဘောများမှာ ဒုံးကျည်ဖရီးဂိတ် စစ်သင်္ဘော Xuchang ၊ မိုင်းရှင်းလင်းရေးသင်္ဘော Chishui တို့ဖြစ်ပြီး စင်ကာပူနိုင်ငံဘက်မှ ဖရီးဂိတ် စစ်သင်္ဘော “Faith” နှင့် မိုင်းရှင်းလင်းရေးသင်္ဘော “Bedok” တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)
———————————–

(Chinese Version)
“中新合作-2025”海上联合演习在新加坡开幕
新华社新加坡5月10日电(姜海涛 郭颖超)“中新合作-2025”海上联合演习9日上午在新加坡樟宜海军基地开幕,中新两国海军参演官兵代表出席活动。
这是中国和新加坡共同举行的第4次“中新合作”海上联合演习。演习分为港岸交流、海上联演和闭幕总结3个阶段。港岸交流期间,中新双方将举行筹划研讨和文化交流,并同步开展多项专业领域交流活动。海上联演阶段,双方将重点围绕联合对海打击、海上补给、联合搜救以及临检拿捕等课目展开演练。
此次演习双方共派出4艘舰艇参演。中方参演舰艇为导弹护卫舰许昌舰和猎扫雷舰赤水舰,新方参演舰艇为“坚信”号护卫舰和“勿洛”号扫雷艇。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.