Europe
တူကီယဲ၌ ပူတင်ကို “စောင့်ဆိုင်း” နေမည်ဟု ဇယ်လန်းစကီး ပြောကြား

ကိဗ်၊ မေ ၁၂ ရက် (ဆင်ဟွာ)
ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ရုရှားနှင့် ယူကရိန်း ဘက်စုံ၊ ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးကို မေ ၁၂ ရက်မှစ၍ အကောင်အထည်ဖော်ရန် ယူကရိန်းဘက်က မျှော်လင့်ကြောင်း၊ ၎င်းသည် တူကီယဲနိုင်ငံတွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် “စောင့်ဆိုင်း” နေမည်ဖြစ်ကြောင်း မေ ၁၁ ရက် ညပိုင်း၌ ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းဘက်က ဘက်စုံ၊ ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးကို မေ ၁၂ ရက်မှစ၍ ဖော်ဆောင်ရန် မျှော်လင့်ကြောင်း၊ ယင်းက သံတမန်လှုပ်ရှားမှုအတွက် လိုအပ်သော အခြေခံကို ပံ့ပိုးပေးကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ၎င်းသည် မေ ၁၅ ရက်၌ တူကီယဲတွင် ပူတင်ကို “စောင့်ဆိုင်း” နေမည်ဖြစ်ကြောင်း သိရသည်။
ပူတင်က မေ ၁၁ ရက် နံနက်အစောပိုင်းတွင် မီဒီယာများထံ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရုရှား-ယူကရိန်း နှစ်ဖက်သည် မေ ၁၅ ရက်၌ တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှုကို ခြွင်းချက်မရှိ ပြန်လည်စတင်ရန် အဆိုပြုခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုကာလအတွင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အကြံပြုချက်အသစ်အချို့အား သဘောတူနိုင်ကြောင်း ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ ဇယ်လန်းစကီးက ရုရှားအနေဖြင့် စစ်ပွဲကို အဆုံးသတ်ရန် ထည့်သွင်းစဉ်းစားခြင်းမှာ “အပြုသဘောဆောင်သော အချက်ပြမှု” ဖြစ်ပြီး ဘက်စုံ၊ ရေရှည်တည်တံ့မှုရှိသော၊ ယုံကြည်စိတ်ချရသော အပစ်အခတ်ရပ်စဲရေးအား ရုရှားဘက်က အတည်ပြု ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း၊ ယူကရိန်းဘက်က မေ ၁၂ ရက်မှစ၍ တွေ့ဆုံဆွေးနွေးသွားရန် ဆန္ဒရှိကြောင်း မေ ၁၁ ရက် နံနက်ပိုင်းတွင် ဆိုရှယ်မီဒီယာ၌ ရေးသားတုံ့ပြန်ခဲ့သည်။ ယင်းမတိုင်မီ ယူကရိန်းဘက်က မေ ၁၂ ရက်မှစ၍ အနည်းဆုံး ရက် ၃၀ ကြာ ဘက်စုံ၊ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ရုရှားသမ္မတ ပူတင်အား ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………..
(Chinese Version)
泽连斯基表示将在土耳其“等候”普京
新华社基辅5月11日电(记者李东旭)乌克兰总统泽连斯基11日晚在社交媒体发文说,乌方期待12日起俄罗斯和乌克兰实现全面持久停火,他将在土耳其“等候”俄罗斯总统普京前往会谈。
泽连斯基说,乌方期待12日开始实施全面和持久停火,这将为外交活动提供必要基础。他15日将在土耳其“等候”普京。
普京11日凌晨对媒体发表声明,提议俄乌双方15日在土耳其伊斯坦布尔无条件重启直接谈判。普京还说,谈判期间可能就一些新的停火建议达成一致。
对此,泽连斯基11日上午在社交媒体发文回应说,俄方考虑结束战争是“积极信号”,期待俄方确认实行全面、持久和可靠的停火,乌方愿自12日起进行会谈。此前,乌方表示准备从12日起实施至少30天的全面无条件停火。(完)
图说1:2024年10月17日,在比利时布鲁塞尔,乌克兰总统泽连斯基在欧盟峰会上参加新闻发布会。新华社记者赵丁喆摄
图说2:5月11日,俄罗斯总统普京在莫斯科克里姆林宫举行记者见面会。新华社记者刘恺摄