China
တရုတ်နိုင်ငံက ဆက်သွယ်ရေး နည်းပညာ စမ်းသပ်ဂြိုဟ်တု အမှတ် (၁၉) အား အောင်မြင်စွာ လွှတ်တင်

ရှီးချန်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ မေ ၁၃ ရက် နံနက် ၂ နာရီ ၀၉ မိနစ်တွင် Long March-3C သယ်ဆောင်ရေးဒုံးပျံဖြင့် ဆက်သွယ်ရေး နည်းပညာ စမ်းသပ်ဂြိုဟ်တု အမှတ် (၁၉) အား ဝေဟင်သို့ အောင်မြင်စွာ လွှတ်တင်ခဲ့ရာ သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်း အဆင်ပြေချောမွေ့စွာ ဝင်ရောက်သွားပြီး ဂြိုဟ်တုလွှတ်တင်ရေးမစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့သည်။
ဆက်သွယ်ရေး နည်းပညာ စမ်းသပ်ဂြိုဟ်တု အမှတ် (၁၉) ကို အဓိကအားဖြင့် ရေဒီယိုလှိုင်းခွင် အမျိုးမျိုး ဖမ်းယူနိုင်သည့် မြန်နှုန်းမြင့် ဂြိုဟ်တု ဆက်သွယ်ရေး နည်းပညာ စမ်းသပ်မှုတွင် အသုံးပြုခြင်း ဖြစ်သည်။
ယခုအကြိမ် မစ်ရှင်သည် Long March စီးရီး ဂြိုဟ်တုများ၏ ၅၇၄ ကြိမ်မြောက် ပျံသန်းခြင်းဖြစ်သည်။ (Xinhua)
…………………..
(Chinese Version)
我国成功发射通信技术试验卫星十九号
新华社西昌5月13日电(李国利、崔婉莹)5月13日2时09分,我国在西昌卫星发射中心使用长征三号丙运载火箭,成功将通信技术试验卫星十九号发射升空,卫星顺利进入预定轨道,发射任务获得圆满成功。
通信技术试验卫星十九号主要用于开展多频段、高速率卫星通信技术验证。
这次任务是长征系列运载火箭的第575次飞行。(完)