Connect with us

China

တရုတ်နိုင်ငံနှင့် လက်တင်အမေရိက၊ ကာရေဘီယံနိုင်ငံများအတူ တရုတ်-CELAC ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ

တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကို ပေကျင်းမြို့၌ မေ ၁၃ ရက်က ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်များ၊ ဒေသတွင်းအဖွဲ့အစည်း တာဝန်ရှိသူများ စသည်တို့ ပါဝင်တက်ရောက်စဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကို ပေကျင်းမြို့၌ မေ ၁၃ ရက်က ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သဘာပတိအဖြစ် ဆောင်ရွက်ကာ လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ ဒေသတွင်းအဖွဲ့အစည်း တာဝန်ရှိသူများ စသည်တို့ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဝမ်ရိက ယနေ့နံနက်ပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်က ယခုအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ အရေးကြီး မိန့်ခွန်းပြောကြားခဲ့ရာ တရုတ်နိုင်ငံသည် လက်တင်အမေရိက၊ ကာရေဘီယံ နိုင်ငံများ (LAC) နှင့်အတူ အစီအစဉ် ၅ ရပ်ကို စတင်ဖော်ဆောင်ကာ ဖွံ့ဖြိုးတိုးတက်ရေး အတူကြိုးပမ်းဖော်ဆောင်လိုပြီး တရုတ်-LAC အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်သွားလိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ LAC နိုင်ငံ့အကြီးအကဲများနှင့်အတူ ကျယ်ပြန့်သည့်သဘောတူညီချက်များကို ပုံဖော်ကာ တရုတ်-LAC ဆက်ဆံရေး ရေရှည်အနာဂတ်အတွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များ ရေးဆွဲပေးခဲ့သလို မဟာဗျူဟာ လမ်းညွှန်မှု ပံ့ပိုးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် LAC နိုင်ငံများနှင့်အတူ အကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းများကို အတူတကွ ကောင်းမွန်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပထမအနေဖြင့် အပြန်အလှန် ဗဟိုအကျိုးစီးပွားကို အခိုင်အမာ ထောက်ခံအားပေးမည်ဖြစ်ပြီး ဒုတိယအနေဖြင့် ကုန်သွယ်စီးပွားကဏ္ဍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်နက်ရှိုင်းစွာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တတိယအနေဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ လုပ်ဆောင်သွားမည် ဖြစ်သလို စတုတ္ထအနေဖြင့် ယဉ်ကျေးမှုဖလှယ်ရေး အပြန်အလှန်လေ့လာရေးကို စဉ်ဆက်မပြတ် တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ပြီး ပဉ္စမအနေဖြင့် နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို အခိုင်အမာ ကာကွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ (LAC) ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် LAC အပေါ် ပူးပေါင်းဆောင်ရွက် အဆိုပြုချက်သစ်များနှင့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်များကို အထူး တန်ဖိုးထား ချီးကျူးကြောင်း၊ တန်းတူညီမျှမှု၊ တံခါးဖွင့်လှစ်မှုနှင့် မိတ်ဖက် စိတ်ဓာတ်ကို တရုတ်နိုင်ငံက အစဉ်သဖြင့် လက်ကိုင်ထားကျင့်သုံးသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်-CELAC ဖိုရမ် ဤအရေးကြီးပလက်ဖောင်းကို အပြည့်အဝ ကောင်းမွန်စွာ အသုံးချပြီး တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းအသစ်များကို ဆုပ်ကိုင်ကာ ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ခြင်းဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု ဘုံအကျိုးစီးပွားကို ဖော်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။
လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လိုက်နာစောင့်ထိန်းသွားမည်ဖြစ်ပြီး အချုပ်အခြာအာဏာ တန်းတူညီမျှရေး၊ ပြည်တွင်းရေး မစွက်ဖက်ရေး စသည့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူများကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်သလို နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ လက်ကိုင်ထားကာ ငြိမ်းချမ်းသော၊ တရားမျှတသော၊ အစိမ်းရောင်ဖြစ်သော၊ အားလုံးပါဝင်သော၊ စဉ်ဆက်မပြတ်ဖြစ်သော အနာဂတ်ကို လက်တွဲတည်ဆောက်သွားမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

အစည်းအဝေးတွင် “တရုတ်-လက်တင်အမေရိကန်နှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ပေကျင်းကြေညာချက်”နှင့် “တရုတ်-လက်တင်အမေရိကန်နှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း(CELAC)အဖွဲ့ဝင်နိုင်ငံများ၏ အဓိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အတူတကွ လှုပ်ရှားမှု အစီအစဉ် (၂၀၂၅-၂၀၂၇)” တို့အား အတည်ပြုခဲ့သည်။ (Xinhua)

တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကို ပေကျင်းမြို့၌ မေ ၁၃ ရက်က ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်များ၊ ဒေသတွင်းအဖွဲ့အစည်း တာဝန်ရှိသူများ စသည်တို့ ပါဝင်တက်ရောက်စဉ် (ဆင်ဟွာ)

—————–
(Chinese Version)
中国同拉美和加勒比国家举行中拉论坛第四届部长级会议
新华社北京5月13日电(记者刘杨、袁睿)中国-拉美和加勒比国家共同体论坛第四届部长级会议13日在北京举行。中共中央政治局委员、外交部长王毅主持会议,拉共体各成员国外长及代表、地区组织负责人等参加。
王毅表示,今天上午,习近平主席在本次会议开幕式上发表重要讲话,指出中方愿同拉方携手启动五大工程,共谋发展振兴,共建中拉命运共同体,同拉方领导人形成广泛共识,为中拉关系长远未来描绘了发展蓝图,提供了战略指引。中方愿同拉方一道,共同做好落实工作。一是坚定支持彼此核心利益。二是继续深化经贸务实合作。三是积极开展和平安全合作。四是持续增进文明交流互鉴。五是坚决捍卫国际公平正义。
拉美和加勒比国家外长们高度赞赏习近平主席提出的对拉合作新倡议和系列全球倡议,感谢中方始终秉持平等、开放和伙伴精神,期待充分用好中拉论坛这一重要平台,抓住中国高质量发展新机遇,拓展全方位合作,实现互利共赢。拉美和加勒比国家将坚定恪守一个中国原则,共同维护主权平等、不干涉内政等国际关系基本准则,坚持多边主义,携手打造和平、公正、绿色、包容、可持续的未来。
会议通过了《中国-拉共体论坛第四届部长级会议北京宣言》和《中国-拉共体成员国重点领域合作共同行动计划(2025-2027)》。(完)
1. 5月13日,中国-拉美和加勒比国家共同体论坛第四届部长级会议在北京举行。中共中央政治局委员、外交部长王毅主持会议,拉共体各成员国外长及代表、地区组织负责人等参加。新华社记者 丁海涛 摄