Social, Education & Health
တရုတ်နိုင်ငံက ငလျင်ဒဏ်ခံစားခဲ့ရသော မြန်မာနိုင်ငံအား ၁၄ သုတ်မြောက် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အစိုးရက ပေးပို့သော ၁၄ သုတ်မြောက် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံအား မေ ၁၄ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။အဆိုပါ အကူအညီပစ္စည်းများတွင် အသင့်တပ်ဆင်အသုံးပြုနိုင်သော နေအိမ် ၁,၈၀၄ လုံး၊ ရွေ့လျားခွဲစိတ်ခန်း ၉၅ စုံ ပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က အင်အား ၇.၉ မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် မေ ၁၃ ရက်အထိ တရားဝင်စာရင်းအရ သေဆုံးသူ ၃,၈၀၀ ဦးခန့်နှင့် ဒဏ်ရာရသူ အရေအတွက်မှာ ၅,၁၀၀ ကျော်ရှိပြီဖြစ်ကာ အခြားသူ ၈၅ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)
…………………………………
(English Version)
China’s 14th batch of aid supplies handed over to quake-hit Myanmar
YANGON, May 15 (Xinhua) — The 14th batch of emergency humanitarian in-kind assistance dispatched by the Chinese government was handed over to Myanmar on Wednesday.
The supplies included 1,804 prefabricated houses and 95 sets of mobile operating rooms, and were received by Yangon Region Chief Minister U Soe Thein.
A 7.9-magnitude earthquake struck Myanmar on March 28. As of May 13, the earthquake has claimed around 3,800 lives and injured over 5,100 people, with 85 others remaining unaccounted for, according to official data.
Photo: This photo taken on May 14, 2025 shows the 14th batch of emergency humanitarian in-kind assistance dispatched by the Chinese government in Yangon, Myanmar. (Xinhua/Myo Kyaw Soe)