International Organizations
၂၀၂၅ ခုနှစ် မေ ၁၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဘာစီလိုနာအသင်းက လာလီဂါဆုဖလားကို ၂၈ ကြိမ်မြောက် ဆွတ်ခူး၊ ဘီဘာအို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ
မေ ၁၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက အက်စပန်ညိုကို အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ယူကာ ယခုဘောလုံးရာသီ၏ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်သည်။
ဘာစီလိုနာမြို့ခံ ပြိုင်ဘက်နှစ်သင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်မှာ ပထမပိုင်းတွင် ခြေစွမ်းကွာဟချက် သိပ်မရှိခဲ့ဘဲ ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ပွဲကိုစိုးမိုးထားသော်လည်း အက်စပန်ညိုက အခွင့်အရေးကောင်းအချို့ကို ဖန်တီးနိုင်ခဲ့သည်။
ပွဲကစားချိန် ၅၃ မိနစ်တွင် လာမင်း ယမားလ်က အတွင်းသို့ချိုးဝင်ကာ ဂိုးထောင့်ထဲသို့ သေသပ်လှပစွာ ဝေ့ဝိုက်ကန်သွင်း၍ ဘာစီလိုနာအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ပွဲကစားချိန် မိနစ် ၈၀ တွင် အက်စပန်ညိုနောက်ခံလူ လီယန်ဒရို ကာဘရီရာက ယမားလ်ကို ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ထုတ်ပယ်ခံခဲ့ရသဖြင့် အက်စပန်ညိုအတွက် ပြန်လမ်းမရှိတော့ပေ။
နာကျင်အချိန်ပိုတွင် ဖာမင် လိုပက်ဇ်က အနိုင်သေချာစေမည့် ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သဖြင့် ဘာစီလိုနာအသင်းမှာ အသင်း၏ သမိုင်းတစ်လျှောက် ၂၈ ကြိမ်မြောက် လာလီဂါဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
နောက်ထပ် လာလီဂါပွဲစဉ် တစ်ပွဲဖြစ်သည့် အက်သလက်တစ် ဘီဘာအိုနှင့် ဂီတာဖေးအသင်းတို့၏ ပွဲစဉ်တွင် ဘီဘာအိုက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လာမည့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားခဲ့ပြီဖြစ်သည်။ ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့သဖြင့် ဘက်စကေးအခြေစိုက် ဘီဘာအိုအသင်းမှာ ဗီလာရီးရဲလ်အား သုံးမှတ်ဖြတ်၍ အဆင့်-၄ ၌ ရပ်တည်လျက်ရှိသည်။
…..
ဂုဏ်သိက္ခာအတွက် အက်ဖ်အေဖလားကို အရယူရန် မန်စီးတီး ရည်မှန်း
မေ ၁၇ ရက်တွင် မန်ချက်စတာစီးတီးနှင့် ခရစ္စတယ်ပဲလေ့စ်တို့ ယှဉ်ပြိုင်ကစားမည့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ လာမည့်ရက်ပိုင်းအတွင်း အင်္ဂလန်၌ ပရိသတ်စိတ်ဝင်စားမှုအများဆုံး ပွဲစဉ်တစ်ပွဲဖြစ်သည်။ မန်ချက်စတာစီးတီးအနေဖြင့် အဓိကဆုဖလားတစ်လုံးကို အရယူ၍ စိတ်ပျက်ဖွယ် ဘောလုံးရာသီကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သလို ပဲလေ့စ်အနေဖြင့်လည်း မထင်မှတ်ထားသော ရလဒ်များကို ဖန်တီးနိုင်ရန် ရည်မှန်းထားသည်။
မန်စီးတီးနှင့် ယှဉ်ပြိုင်မည့် ဗိုလ်လုပွဲတွင် အစ္စမေလာဆားနှင့် အီဘရက်ချီ အီဇီတို့က ပဲလေ့စ်ကို ဦးဆောင်မည်ဖြစ်ကာ စီးတီးအနေဖြင့် ပုံစံကောင်း ပြန်ရလာပြီဟု ဆိုနိုင်သော်လည်း ပြီးခဲ့သည့်တစ်ပတ်က အမှတ်ပေးဇယားအောက်ဆုံးမှ ဆောက်သမ်တန်အား အဝေးကွင်း၌ ဂိုးမရှိသရေကျခဲ့သဖြင့် အသင်း၏ခြေစွမ်းအပေါ် သံသယဖြစ်ပေါ်စေခဲ့သလို လာမည့်ရာသီ ချန်ပီလိဂ်ဝင်ခွင့်အတွက်လည်း မရေမရာရှိလာပြီဖြစ်သည်။
အဆိုပါနှစ်သင်းမှာ ဧပြီ ၁၂ ရက်က နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံထားပြီး ထိုပွဲစဉ်တွင် ပဲလေ့စ်က အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် ဦးဆောင်ထားသော်လည်း ပက်ပ်ဂွါဒီယိုလာ၏ အသင်းမှာ အကောင်းဆုံးပုံစံ ပြသလျက် ပွဲအပြီးတွင် ၅-၂ ဂိုးဖြင့် အနိုင်ယူပြခဲ့သည်။
…..
— ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် အာဂျင်တီးနားအသင်း လူစာရင်းတွင် မက်ဆီ ပြန်လည်ပါဝင်လာ
ချီလီ၊ ကိုလံဘီယာအသင်းတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည့် အာဂျင်တီးနား လက်ရွေးစင်အသင်း လူစာရင်းတွင် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ပြန်လည်ပါဝင်လာကြောင်း အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က မေ ၁၅ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
အသက် ၃၇ နှစ်အရွယ် မက်ဆီမှာ ပေါင်ခြံကြွက်သား ဒဏ်ရာကြောင့် မတ်လအတွင်း ဥရုဂွေး၊ ဘရာဇီးအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစစ်ပွဲစဉ်များကို လွဲချော်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ ကလပ်အသင်း အင်တာမိုင်ယာမီအတွက် ပြန်လည်ကစားနိုင်ခဲ့သည်။
အာဂျင်တီးနား လက်ရွေးစင်အသင်းမန်နေဂျာ လီယွန်နယ် စကာလိုနီအနေဖြင့် ပြီးခဲ့သည့်ပွဲစဉ်များတွင် ရွေးချယ်ခဲ့ခြင်းမရှိသည့် မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား အလီဟန်ဒရို ဂါနာချို၊ စထရာဘော့ဂ် ဘယ်နောက်ခံလူ ဗယ်လန်တင် ဘာကိုတို့ကိုလည်း ပြန်လည်ရွေးချယ်ခဲ့သည်။
သို့သော် ပဏာမ ၂၈ ဦးစာရင်း၌ ရိုးမားတိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာ၊ ရေးဗားပလိတ် နောက်ခံလူများဖြစ် မားကို့စ် အကူညာနှင့် ဂျာမန် ပက်ဇယ်လာတို့ ပါဝင်လာခဲ့ခြင်းမရှိပေ။ အာဂျင်တီးနားအသင်းမှာ ဆန်တီယာဂိုတွင် ဇွန် ၅ ရက်၌ ချီလီအသင်းနှင့်လည်းကောင်း၊ ဗျူနိုအေးရိစ်တွင် ဇွန် ၁၀ ရက်၌ ကိုလံဘီယာနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
…..
— ဥရောပ ထိပ်တန်းအသင်းများက ဂျာမန်ကွင်းလယ်လူ ဖလိုရီယန် ဝါ့ဇ်ကို ခေါ်ယူရန် အပြိုင်အဆိုင်ကြိုးပမ်း
ရီးရဲလ်မက်ဒရစ်၊ လီဗာပူးလ်၊ မန်ချက်စတာစီးတီးနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့မှာ လိုချင်သူ ဝိုင်းဝိုင်းလည်နေသည့် ဂျာမန်ကွင်းလယ်လူ ဖလိုရီယန် ဝါ့ဇ်အား ခေါ်ယူနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိသည်ဟု ဂျာမနီ၊ အင်္ဂလန်နှင့် စပိန်တို့မှ ထွက်ပေါ်လာသော သတင်းများအရ သိရသည်။
ကနဦးတွင် ဘိုင်ယန်မြူးနစ်က ၎င်းအားခေါ်ယူနိုင်ရန် အသာစီးရရှိထားပုံရသော်လည်း ဝါ့ဇ်၏ မိသားစုမှာ စင်းလုံးငှားလေယာဉ်ဖြင့် တိတ်တဆိတ် ခရီးထွက်ခဲ့သည်ဟု မေ ၆ ရက်၌ သတင်းပေါက်ကြားလာပြီးနောက် အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့သည်။ ထိုခရီးစဉ်မှာ မန်ချက်စတာဖြစ်သည်ဟု မီဒီယာများက အစောပိုင်းတွင် ဖော်ပြခဲ့သော်လည်း အသက် ၂၂ နှစ်ရွယ် ဝါ့ဇ်၏ မိတ်ဆွေများကမူ လီဗာပူးလ်အသင်းထံ သွားရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင် လီဗာပူးလ်နှင့် ချိတ်ဆက်နေသည်ဟူသော ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့ပြန်သည်။
ဝါ့ဇ်အနေဖြင့် လေဗာကူဆင်နှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ်အထိ ကျန်ရှိနေသော်လည်း ၎င်း၏အနာဂတ်မှာ မရေမရာရှိနေဆဲဖြစ်သည်။ အသင်း၏စီအီးအို ဖာနန်ဒို ကာရို၊ အားကစားဒါရိုက်တာ ဆီမွန် ဟွိုင်းဖက်စ် အပါအဝင် လေဗာကူဆင်အသင်း အမှုဆောင်များကမူ အဆိုပါ ကွင်းလယ်တိုက်စစ်ကစားသမား အနေဖြင့် အသင်း၌ နောက်တစ်ရာသီ ဆက်ရှိနေမည်ဟု ယုံကြည်လျက်ရှိသည်။
သို့သော် ပရီးမီးယားလိဂ်အသင်းများက လေဗာကူဆင်အသင်း တောင်းဆိုထားသော ယူရို သန်း ၁၅၀ အထိ ပေးချေရန်အတွက် ဆွေးနွေးမှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။ (Xinhua)
………………….
(English Version)
Barca seals title, Athletic Bilbao takes Champions League spot in La Liga
FC Barcelona was confirmed as this season’s La Liga champion on Thursday night thanks to a 2-0 win away to Espanyol.
The first half in the Barcelona city derby was a relatively even affair, with Barcelona controlling most of the ball, but Espanyol creating a couple of decent chances.
Lamine Yamal put Barca ahead in the 53rd minute with another magnificent goal, cutting inside and curling his shot into the corner of the net.
When Espanyol defender Leandro Cabrera was sent off 10 minutes from time after swinging his arm into Yamal’s stomach, Espanyol had no way back.
Deep into injury time, Fermin Lopez scored Barca’s second to ensure the win that seals the club’s 28th La Liga title.
Second-half goals from Gorka Guruzeta and Dani Vivian saw Athletic Bilbao win 2-0 at Getafe to ensure a place in next season’s Champions League. The result keeps the Basque side in fourth place, three points clear of Villarreal.
…..
Man City looks to save season in Cup final
Saturday’s FA Cup final between Manchester City and Crystal Palace is the standout match in England in the coming days as Manchester City attempts to save a disappointing season by winning a major trophy, while Palace looks to produce and upset.
Ismaila Saar and Eberechi Eze will lead Palace’s challenge against a City side that looked to be returning to form, only to be held to a 0-0 draw away to bottom of the table, Southampton last weekend, to raise doubts again and put qualification for next season’s Champions League in doubt.
The most recent reference for a meeting between the pair was on April 12, with Palace racing into a 2-0 lead in Manchester before Pep Guardiola’s side turned on the heat to win 5-2 with one of its best displays in recent weeks.
…..
Messi returns to Argentina squad for World Cup qualifiers
Captain Lionel Messi has returned to Argentina’s squad for World Cup qualifiers against Chile and Colombia, the Argentine football association said on Thursday.
The 37-year-old missed the team’s March qualifiers against Uruguay and Brazil due to an adductor injury but has since returned to action for his club Inter Miami.
Albiceleste manager Lionel Scaloni also recalled Manchester United forward Alejandro Garnacho and Strasbourg left-back Valentin Barco, who were both overlooked for the previous matches.
But there was no place in the preliminary 28-man squad for Roma forward Paulo Dybala or River Plate defenders Marcos Acuna and German Pezzella. Argentina will meet Chile in Santiago on June 5 and Colombia in Buenos Aires five days later.
…..
Top European clubs compete for German midfielder Florian Wirtz amid transfer drama
According to reports from Germany, England, and Spain, Real Madrid, Liverpool, Manchester City, and Bayern Munich are locked in an intense competition for the highly sought-after German midfielder.
Bayern Munich initially appeared to have the inside track. However, things took a turn last Tuesday when it was revealed that Wirtz’s family had taken a secret trip on a private jet. Early reports suggested the destination was Manchester, but speculation quickly shifted to Liverpool, where the 22-year-old’s entourage was said to have visited the club’s facilities.
Wirtz remains under contract with Bayer Leverkusen until 2027, and his future is still uncertain. Leverkusen executives, including CEO Fernando Carro and sporting director Simon Rolfes, are hopeful the attacker will remain with the club for another season.
However, Premier League clubs are reportedly accelerating negotiations to meet Leverkusen’s asking price-believed to be up to €150 million.