Asia
မြောက်ကိုရီးယား လေတပ် လေကြောင်းရန် ကာကွယ်ရေးနှင့် လေကြောင်းတိုက်ခိုက်ရေး လေ့ကျင့်မှုအား ကင်ဂျုံအန်း ညွှန်ကြား

ပြုံယမ်း၊ မေ ၁၇ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် မေ ၁၅ ရက်က မြောက်ကိုရီးယား ပြည်သူ့တပ်မတော် အမှတ် ၁ အစောင့်လေတပ်ဌာနခွဲ ပျံသန်းရေးပူးတွဲတပ်ဖွဲ့ကို စစ်ဆေးကြည့်ရှုပြီး လေတပ်ပျံသန်းရေးတပ်ဖွဲ့၏ လေကြောင်းရန် ကာကွယ်ရေးနှင့် လေကြောင်းတိုက်ခိုက်ရေး လေ့ကျင့်မှုများကို ညွှန်ကြားခဲ့ကြောင်း KCNA သတင်းဌာန၏ မေ ၁၇ ရက် သတင်းများအရ သိရသည်။
အဆိုပါလေ့ကျင့်ရေးသည် ပျံသန်းရေးတပ်ဖွဲ့၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တပ်ဖွဲ့၊ ရေဒါတပ်ဖွဲ့နှင့် အီလက်ထရွန်နစ် စစ်ဆင်ရေးတပ်ဖွဲ့တို့အနေဖြင့် ရန်သူ၏ ခရုဇ်ဒုံးကျည်များနှင့် ဒရုန်းများ၏ တိုက်ခိုက်မှုကို ထောက်လှမ်းခြင်း၊ ခြေရာခံခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း စသည့် မစ်ရှင်များအား ကျွမ်းကျင်စွာ ထမ်းဆောင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သတင်းအရ သိရသည်။
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ လက်တွေ့တိုက်ပွဲဝင်မစ်ရှင်များအား ထမ်းဆောင်နိုင်စွမ်းကို အကဲဖြတ်ပြီး လိုအပ်သည့် အစီအမံများ လုပ်ဆောင်ရန် အလွန်အရေးကြီးကြောင်း၊ ယခုအကြိမ် လေ့ကျင့်ရေးမှာ လေယာဉ်မှူးများက ခေတ်မီလေကြောင်းစစ်ဆင်ရေး နည်းဗျူဟာများကို အကျွမ်းတဝင်ရှိစေရန် အလွန်အထောက်အကူပြုကြောင်း ကင်ဂျုံအန်းက အလေးထားပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ကင်ဂျုံအန်းသည် လေကြောင်းလက်နက်စနစ်၊ လေကြောင်းရန် ကာကွယ်ရေး နည်းလမ်း၊ အီလက်ထရွန်နစ် တိုက်ပွဲ ထောက်လှမ်းရေး ဘက်စုံစနစ်နှင့် ဒရုန်းခွင်းဘက်စုံစနစ် ဖော်ဆောင်ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများနှင့် စပ်လျဉ်း၍လည်း လုပ်ငန်းတာဝန်များ အဆိုပြုခဲ့ကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
金正恩指导朝鲜空军防空战斗及空袭训练
新华社平壤5月17日电(记者冯亚松 王超)据朝中社17日报道,朝鲜劳动党总书记、国务委员长金正恩15日视察朝鲜人民军近卫第一空军师所属飞行联队,指导空军飞行队防空战斗及空袭训练。
据报道,训练旨在使飞行队、防空导弹部队、雷达部队和电子战部队熟悉执行探测、跟踪和防御敌方巡航导弹及无人机攻击等战斗任务。
报道说,金正恩强调,评估防空部队可承担实战任务的能力并采取必要措施非常重要,表示本次训练对飞行员熟悉现代空中战法非常有益。
金正恩还就航空武器系统、防空防御手段、探测电子战综合系统和反无人机综合系统开发等方面提出了任务。(完)