China
ဇန်နဝါရီလမှ ဧပြီလ အထိ တရုတ်နိုင်ငံ အမျိုးသား မီးရထားလုပ်ငန်းက ကုန်စည်တန်ချိန် ၁,၂၉၉ သန်း ပို့ဆောင်ခဲ့

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်နိုင်ငံ အမျိုးသား မီးရထားလုပ်ငန်းက စုစုပေါင်း ကုန်စည်တန်ချိန် ၁,၂၉၉ သန်း ပို့ဆောင်ခဲ့ရာ ယမန်နှစ် ကာလတူထက် ၃.၆ ရာခိုင်နှုန်းတိုးတက်လာပြီး နေ့စဉ်ပျမ်းမျှ ကုန်တင်ပမာဏ ရထားတွဲ ၁၈၀,၀၀၀ ရှိကာ ယခင်နှစ် ကာလတူထက် ၄.၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ပြည်တွင်းနှင့်နိုင်ငံတကာစီးပွားရေးလည်ပတ်မှုများ ချောမွေ့စေရန်နှင့် အမျိုးသားစီးပွားရေးတည်ငြိမ်စွာလည်ပတ်နိုင်ရန်အတွက် အားကောင်းသောအထောက်အပံ့များ ပေးခဲ့ကြောင်း သတင်းထောက်က မေ ၁၉ ရက်တွင် China State Railway Group Co., Ltd., မှ သိရှိခဲ့ရသည်။
မီးရထားပို့ဆောင်ရေးဌာနသည် သာ့တုန်း-ချင်ဟွမ်သောင်၊ ထန်ဆန်း-ပေါင်းထုန်၊ ဝါထန်း-ရိကျောက်၊ ဟောက်ကျီစသည့် အဓိကကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ၏ စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချပြီး ရှင်းကျန်းဒေသမှ ကျောက်မီးသွေးများအား ပြင်ပသို့ပို့ဆောင်ရေးလုပ်ငန်းကို အဆက်မပြတ်ဆောင်ရွက်ကာ အမျိုးသားစီးပွားရေးနှင့် ပြည်သူ့လူမှုဘဝအတွက် အရေးကြီးသော ထောက်ပံ့ရေးပစ္စည်းအရင်းအမြစ်များ အာမခံချက်ရရှိစေရန် အစွမ်းကုန်ဆောင်ရွက်လျက်ရှိကြောင်း China State Railway Group ၏ ကုန်စည်ပို့ဆောင်ရေးဌာန တာဝန်ခံက ပြောကြားခဲ့သည်။
ဇန်နဝါရီလမှ ဧပြီလအထိ အမျိုးသား မီးရထားလုပ်ငန်းမှ ပို့ဆောင်ခဲ့သော ကုန်စည်တန်ချိန် ၆၇၂ သန်းအနက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကျောက်မီးသွေး (thermal coal) ပါဝင်ရာ ရထားလိုင်းမှ တိုက်ရိုက်ထောက်ပံ့သော ဓာတ်အားပေးစက်ရုံများတွင် ကျောက်မီးသွေး သိုလှောင်မှုမှာ အတော်အတန် မြင့်မားစွာ ရှိနေပြီး သတ္တုတူးဖော်ရေးနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ အရည်ကျိုပစ္စည်းများ ပို့ဆောင်မှုပမာဏအနေဖြင့်လည်း ယခင်နှစ်ကာလတူထက် ၂၉.၃ ရာခိုင်နှုန်းနှင့် ၁၀.၇ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ရထားလမ်းဌာနနှင့် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ကာ ထုတ်ကုန် ၁၁၉ မျိုးကို ပို့ဆောင်ရေးပုံစံအမျိုးမျိုးအား “စာရင်းတစ်ခုတည်းစနစ်” ဖော်ဆောင်ခဲ့ကာ သယ်ယူပို့ဆောင်ရေးအချိန်ကို လျှော့ချပြီး ခရီးစဉ်တစ်ခုလုံး ကုန်စည်ပို့ဆောင်ရေးစရိတ်ကို လျှော့ချပေးခဲ့ကြောင်း၊ ဇန်နဝါရီလမှ ဧပြီလအထိ အမျိုးသားမီးရထားလုပ်ငန်းမှ ရထား-ရေကြောင်း ပို့ဆောင်ရေးကွန်တိန်နာ ၅.၃၈၁ သန်း ပို့ဆောင်နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၉.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
နယ်စပ်ဖြတ်ကျော် ကုန်စည် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်-ဥရောပ ရထားလိုင်း တည်ငြိမ်စွာလည်ပတ်လျက်ရှိပြီး တရုတ်-အာရှ ရထားလိုင်းမှာ စုစုပေါင်း ၄,၇၂၅ စင်း မောင်းနှင်လျက်ရှိပြီး ယခင်နှစ်ကာလတူထက် ၂၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ တရုတ်-လာအို မီးရထားလမ်း ပို့ဆောင်ခဲ့သော နယ်စပ်ဖြတ်ကျော် ကုန်စည်စုစုပေါင်း ၁.၉၇၆ သန်းရှိပြီး ကာလတူထက် ၇.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ရာ နိုင်ငံတကာ စီးပွားရေး၊ ကုန်သွယ်ရေး ကူးလူးသွားလာမှုအား အားကောင်းစွာ မြှင့်တင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

နန်နင်အပြည်ပြည်ဆိုင်ရာမီးရထားဆိပ်ကမ်း၌ ရထားတွဲများစီစဉ်ဖွဲ့စည်းနေပုံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(Chinese Version)
1至4月国家铁路发送货物12.99亿吨
新华社北京5月19日电(记者樊曦)记者19日从中国国家铁路集团有限公司获悉,今年1至4月,国家铁路累计发送货物12.99亿吨,同比增长3.6%;日均装车18万车,同比增长4.7%,为畅通国内国际双循环、保障国民经济平稳运行提供了有力支撑。
国铁集团货运部负责人表示,铁路部门用足用好大秦、唐包、瓦日、浩吉等主要货运通道能力,持续抓好疆煤外运,全力保障国计民生重点物资货源。1至4月,国家铁路发送煤炭6.72亿吨,其中,电煤4.64亿吨,铁路直供电厂存煤保持较高水平,矿建材料、冶炼物资运量同比分别增长29.3%、10.7%。
与此同时,铁路部门与航运企业扩大合作,开发多式联运“一单制”产品119个,压缩运输时限,降低全程物流费用。1至4月,国家铁路累计发送铁水联运集装箱货物538.1万标箱,同比增长19.1%。
跨境货物运输方面,1至4月,中欧班列保持稳定开行,中亚班列累计开行4725列,同比增长21%;中老铁路累计发送跨境货物197.6万吨,同比增长7.6%,有力促进了国际经贸往来。(完)
图说1:2024年9月14日,满载集装箱的货列驶离钦州港(无人机照片)。新华社记者 张爱林 摄
图说2:2025年1月10日,列车在南宁国际铁路港编组(无人机照片)。新华社记者 周华 摄