China
တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ- ပြည်တွင်းပြည်ပ ပြည်သူများ ကူးလူးသွားလာရေး အဆင်ပြေချောမွေ့စေရန် စဉ်ဆက်မပြတ်မြှင့်တင်သွားမည်ဖြစ်ပြီး “တရုတ်နိုင်ငံသို့ ခရီးသွားခြင်း” ဟူသော ရွှေရောင်ဆိုင်းဘုတ်အား ပိုမို တောက်ပစေမည်

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
နိုင်ငံအချင်းချင်းကြား ချစ်ကြည်ရေးသည် ပြည်သူအချင်းချင်း ရင်းနှီးမှုအပေါ်တွင် အခြေခံသည်။
တရုတ်နိုင်ငံ၏ ပြည်ပသို့ အဆင့်မြင့်တံခါးဖွင့်လှစ်မှုသည် ပို၍ ကျယ်ပြန့်လာရာ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြည်တွင်းပြည်ပ ပြည်သူများ ကူးလူးသွားလာရေး အဆင်ပြေချောမွေ့စေရန် စဉ်ဆက်မပြတ်မြှင့်တင်သွားမည်ဖြစ်ပြီး “တရုတ်နိုင်ငံသို့ ခရီးသွားခြင်း” ဟူသော ရွှေရောင်ဆိုင်းဘုတ်အား ပိုမို တောက်ပစေမည်ဖြစ်ကာ ပြည်သူများကြား နှလုံးသားချင်း အပြန်အလှန် ချိတ်ဆက်မှု၊ ပြည်သူ့သဘောထား အပြန်အလှန် နားလည်မှုကို ဆက်လက် တွန်းအားပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ရုံး ဒုတိယညွှန်ကြားရေးမှူး ထုန်ရွှယ်ကျွင်းက မေ ၁၉ ရက်တွင် ဆင်ဟွာသတင်းဌာနမှ ထုတ်လွှင့်သည့် “တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီးတွင် ပြောကြားခဲ့သည်။
ယခုနှစ် မေ ၁၉ ရက်သည် ၁၅ ကြိမ်မြောက် “တရုတ်နိုင်ငံ အလည်အပတ်နေ့” ဖြစ်သည်။ အချက်အလက်များအရ ယခုနှစ် “မေဒေး” အားလပ်ရက်အတွင်း တရုတ်နိုင်ငံသို့ ဝင်ရောက်လည်ပတ်ရန် ခရီးစဉ်ကြိုတင်မှာယူမှုမှာ ယမန်နှစ်ကာလတူထက် ၁၃၀ ရာခိုင်နှုန်း တိုးတက်လာကာ နိုင်ငံခြားသား ပြည်ဝင်ပြည်ထွက်မှု အကြိမ်ရေစုစုပေါင်းသည် ၁.၁၁၅ သန်းရှိကြောင်း၊ ယင်းအနက် ဗီဇာကင်းလွတ်ခွင့်မူဝါဒဖြင့် ပြည်တွင်းဝင်ရောက်သူအကြိမ်ရေမှာ ၃၈၀,၀၀၀ ရှိပြီး ယမန်နှစ်ကာလတူထက် ၇၂.၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
ပိုမိုများပြားသော နိုင်ငံခြားမိတ်ဆွေများ တရုတ်နိုင်ငံသို့ လာရောက်ခြင်း၊ တရုတ်နိုင်ငံအား ခံစားခြင်းတို့သည် တရုတ်နိုင်ငံ လူ့အဖွဲ့အစည်း၏ ပွင့်လင်းမှုနှင့် အားလုံးပါဝင်မှု၊ တရုတ်ပြည်သူများ၏ နွေးထွေးမှုနှင့် ဖော်ရွေမှုအပေါ် အခြေခံပြီး တရုတ်နိုင်ငံ၏ ပြည်ပသို့ အဆင့်မြင့်တံခါးဖွင့်ပေးမှုအား စဉ်ဆက်မပြတ် တွန်းအားမှု၏ ရလဒ်များကြောင့် ပို၍ဖြစ်သလို ယင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ဗီဇာကင်းလွတ်ရေး အစီအစဉ်အမျိုးမျိုး၊ ဗီဇာ ပိုမိုကောင်းမွန်ရေးစသည့် မူဝါဒ အစီအမံများနှင့်လည်း ကင်းကွာ၍မရနိုင်ပေ။
၂၀၂၃ ခုနှစ်မှစ၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အစီအမံများစွာ ကျင့်သုံးလျက် ပြည်တွင်းဝင်ရောက် လည်ပတ်ခြင်းအား အဆင်ပြေချောမွေ့စေရန် စဉ်ဆက်မပြတ် တွန်းအားပေးခဲ့ကြောင်း ထုန်ရွှယ်ကျွင်းက မိတ်ဆက်ပြောကြားခဲ့သည်။
ပထမအနေဖြင့် ဗီဇာကင်းလွတ်ရေး အစီအစဉ်များအား ကြွယ်ဝစေပြီး ဗီဇာကင်းလွတ်ခွင့် နယ်ပယ်ကို ကျယ်ပြန့်စေခဲ့သည်။ ၂၀၂၄ ခုနှစ်မှစ၍ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်-ပြည်ပ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ညှိနှိုင်းဆွေးနွေးမှုများကို တက်ကြွစွာ တွန်းအားပေးခဲ့ပြီးနောက် ဆက်လက်၍ စင်ကာပူ၊ ထိုင်းစသည့် နိုင်ငံအများအပြားနှင့် အပြန်အလှန် ဘက်စုံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိအထိ တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၅၇ နိုင်ငံနှင့် နိုင်ငံကူးလက်မှတ် အမျိုးမျိုးပါဝင်သော အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်များ ချုပ်ဆိုခဲ့ကာ နိုင်ငံပေါင်း ၂၉ နိုင်ငံနှင့် အပြန်အလှန် ဘက်စုံ ဗီဇာကင်းလွတ်ရေး ဖော်ဆောင်နိုင်ခဲ့ပြီး ပြင်သစ်၊ ဂျာမနီ၊ တောင်ကိုရီးယားနှင့် ဂျပန်စသည့် နိုင်ငံပေါင်း ၃၈ နိုင်ငံအပေါ် တစ်ဖက်တည်း ဗီဇာကင်းလွတ်ခွင့် မူဝါဒများကို စမ်းသပ်ဖော်ဆောင်ခဲ့ရာ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်သက်တမ်းကို ရက်ပေါင်း ၃၀ အထိ တိုးမြှင့်ခဲ့သည်။
ဒုတိယအနေဖြင့် ဗီဇာလျှောက်ထားမှုလုပ်ငန်းစဉ်များအား လွယ်ကူစေပြီး လျှောက်ထားမှုလမ်းကြောင်းကို ချောမွေ့စေသည်။ ပြည်ပနိုင်ငံများရှိ တရုတ်သံရုံးများသည် ဗီဇာလျှောက်ထားရန် ကြိုတင်စာရင်းပေးရခြင်းအား ဘက်စုံရုပ်သိမ်းခဲ့ပြီး နိုင်ငံခြားသားများအနေဖြင့် တရုတ်နိုင်ငံဗီဇာကို “တရုတ်နိုင်ငံရောက်မှ လျှောက်ထား” နိုင်သည်။
တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဝင်ရောက်ခွင့်၊ ရက်ပေါင်း ၁၈၀ အတွင်း ရေတိုနေထိုင်ခွင့် ဗီဇာလျှောက်ထားသူအားလုံးအတွက် လက်ဗွေကောက်ယူမှုကင်းလွတ်စေသည်။ လျှောက်ထားသူများသည် ဗီဇာလျှောက်ထားရာတွင် “သံရုံးသို့တစ်ခါမျှသွားစရာမလို” ရုံသာမက ပုံမှန်အားဖြင့် ဗီဇာလျှောက်လွှာများတင်ပြပြီးနောက် ၄ ရက်အတွင်း ဗီဇာရရှိနိုင်သည်။ တစ်ချိန်တည်းတွင်ပင် ဗီဇာလျှောက်လွှာဖောင် ဖြည့်စွက်မှုအား ၃၄ ရာခိုင်နှုန်း အထိ လွယ်ကူကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပြီး ဗီဇာလျှောက်ထားမှုအတွေ့အကြုံကို သိသာစွာတိုးတက်ကောင်းမွန်စေခဲ့သည်။
တတိယအနေဖြင့် အကြိမ်များစွာ ပြည်ဝင်ခွင့်ဗီဇာကို မြှင့်တင်ပေးပြီး ဗီဇာလျှောက်ထားမှု ကုန်ကျစရိတ်ကို လျှော့ချပေးခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ ဘရားဇီး၊ ဩစတြေးလျစတဲ့ နိုင်ငံတွေနဲ့ ၁၀ နှစ်အတွင်း အကြိမ်များစွာ ပြည်ဝင်ခွင့်ဗီဇာ၊ ၅ နှစ်အတွင်း အကြိမ်များစွာ ပြည်ဝင်ခွင့်ဗီဇာ အစီအစဉ်တွေ အပြန်အလှန်ပေးဖို့ သဘောတူညီမှုရရှိပြီး အလယ်ပိုင်းနှင့် အရှေ့ဥရောပနိုင်ငံတွေ၊ မဲခေါင်မြစ် ၅ နိုင်ငံက စီးပွားရေးသမားတွေနဲ့ ဟောင်ကောင်၊ မကာအို ဒေသက နိုင်ငံခြား နေထိုင်သူတွေအတွက် ၅ နှစ်အတွင်း အကြိမ်များစွာ ပြည်ဝင်ခွင့်ဗီဇာ ပေးခဲ့တယ်” ဟု ထုန်ရွှယ်ကျွင်းက ပြောကြားခဲ့သည်။
နိုင်ငံခြားသားအနေဖြင့် ဗီဇာသက်တမ်းအတွင်း အကြိမ်များစွာ တရုတ်နိုင်ငံသို့ လာရောက်နိုင်ပြီး “ဗီဇာတစ်ကြိမ်လျှောက်ရုံဖြင့် နှစ်များစွာ သက်တမ်းရှိခြင်း” ကို ဖော်ဆောင်နိုင်ခဲ့သည်။ ထို့အပြင် ပြည်ပရှိ တရုတ်သံရုံးများသည် အဆင့်အလိုက် ဗီဇာစရိတ်များကိုလည်း လျှော့ချပေးပြီး မူလနှုန်းထား၏ ၇၅ ရာခိုင်နှုန်းအတိုင်းသာ ကောက်ခံခဲ့ရာ နိုင်ငံခြားသားများ တရုတ်နိုင်ငံသို့ လာရောက်ရန် ကုန်ကျစရိတ်ကို တစ်ဆင့်တိုး လျော့နည်းစေခဲ့သည်။
အဆင်ပြေချောမွေ့စေသော အစီအမံများစွာက နိုင်ငံခြားသားများ တရုတ်နိုင်ငံသို့ လာရောက်ရန် သိသာသော အကျိုးသက်ရောက်မှုများ ရရှိစေခဲ့သည်။ အချက်အလက်များအရ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင် တစ်ဖက်တည်း ဗီဇာကင်းလွတ်ခွင့်မူဝါဒဖြင့် တရုတ်နိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံသား အကြိမ်ရေစုစုပေါင်းမှာ ၃.၃၉၁ သန်းအထိ ရှိလာပြီး ယမန်နှစ် ကာလတူထက် ၁၂၀၀.၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ယင်းမှာ တစ်နှစ်လုံးအတွင်း နိုင်ငံခြားသား ပြည်ဝင်မှု စုစုပေါင်းအကြိမ်ရေ (နယ်စပ်ဒေသခံများမပါဝင်) ၏ ၁၃.၈ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရသည်။
နောက်တစ်ဆင့်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာညီလာခံ တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးနှင့် အိမ်နီးချင်းနိုင်ငံများရေးရာလုပ်ငန်း ဗဟိုကွန်ဖရင့်အစည်းအဝေး စိတ်ဓာတ်ကို ဆက်လက်၍ နက်ရှိုင်းစွာ လက်တွေ့ကျဖော်ဆောင်သွားမည်ဖြစ်ပြီး စနစ်ဆိုင်ရာ ပွင့်လင်းမြင်သာမှုကို တည်ငြိမ်စွာ တိုးချဲ့ပြီး ပြည်သူများ ကူးလူးသွားလာမှုကို အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း ထုန်ရွှယ်ကျွင်းက ပြောကြားခဲ့သည်။
အမျိုးမျိုးသော အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်နှင့် ဗီဇာ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းဆွေးနွေးမှုများအား အရှိန်မြှင့်တင်ကာ ဗီဇာကင်းလွတ်ခွင့်နိုင်ငံ နယ်ပယ်များ တိုးချဲ့ရေးအား တက်ကြွစွာ လေ့လာပြီး “စမတ်ကျသော ကောင်စစ်ဝန်ရုံး” တည်ဆောက်ရေးကို စဉ်ဆက်မပြတ် ကောင်းမွန်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဗီဇာ လျှောက်ထားမှုလုပ်ငန်းစဉ်အားလုံးကို အွန်လိုင်းတွင် လျှောက်ထားမှုဖော်ဆောင်နိုင်ကာ တရုတ်နိုင်ငံသားများ “ပြည်ပသို့ သွားရောက်ခြင်း” ကို အဆင်ပြေချောမွေ့စေသည့်တစ်ချိန်တည်းတွင် နိုင်ငံခြားမိတ်ဆွေများ “အဆင်ပြေစွာ လာရောက်နိုင်ရန်” ကူညီပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ဩစတြေးလျနိုင်ငံမှ ခရီးသွားဧည့်သည်များ ပေကျင်းမြို့ရှိ ထျန်းထန်ဥယျာဉ် ချီနျန်နန်းဆောင်တွင် လှည့်လည်ကြည့်ရှုနေသည်ကို မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………………………
(Chinese Version)
中国经济圆桌会|外交部:将持续便利中外人员往来 让“中国游”金字招牌更加闪耀
新华社北京5月19日电(记者董雪)国之交在于民相亲。外交部领事司副司长童学军在新华社5月19日推出的“中国经济圆桌会”大型全媒体访谈节目中表示,中国高水平对外开放的大门只会越开越大,外交部将持续便利中外人员往来,让“中国游”的金字招牌更加闪耀,不断促进民心相通、民意相知。
今年5月19日是第15个“中国旅游日”。数据显示,今年“五一”假期,入境游携程订单量同比增长130%,外国人入出境总人次达111.5万,其中适用免签政策入境38万人次,同比增长72.7%。
越来越多的外国朋友走进中国、感受中国,源于中国社会的开放包容、中国人民的热情友善,更是中国持续推进高水平对外开放的结果,这其中也离不开外交部推出的各项免签安排、签证优化等政策措施。
童学军介绍,2023年以来,外交部采取一系列措施,持续推动入境游便利化。
一是丰富免签安排,扩大免签范围。2024年以来,外交部积极推进中外互免签证协定商谈,相继同新加坡、泰国等多国签署全面互免签证协定。截至目前,中国已同157个国家缔结了涵盖不同种类护照的互免签证协定,同29个国家实现全面互免签证,先后对法国、德国、韩国、日本等38国试行单方面免签政策,免签入境停留期延长至30天。
二是简化签证手续,畅通申签渠道。中国驻外使领馆全面取消签证申请预约,外籍人士办理来华签证可“随到随办”。对所有申请一次或两次入境、停留180天以内的短期签证申请人免采指纹。申请人不仅可以实现签证申请“一次不跑”,且通常可在递交签证申请材料后4个工作日内获发签证。同时,优化简化签证申请表34%的填报项目,明显改善申签体验。
三是推广多次签证,降低办证费用。“我们同巴西、澳大利亚等国达成了互发十年多次、五年多次签证安排,为中东欧国家、湄公河五国商务人员和港澳地区外籍居民签发五年多次签证”,童学军说。外籍人士可在签证有效期内多次来华,实现“一次办证,多年有效”。此外,中国驻外使领馆还阶段性调减签证费,按原标准的75%收取费用,进一步降低了外籍人士来华成本。
一系列便利化举措在推动外国人来华方面取得显著成效。数据显示,仅2024年一年,通过单免政策来华的外国人总人次达339.1万,同比增长1200.6%,占全年外国人入境总人次(不含边民)比重达13.8%。
童学军表示,下一步外交部将继续深入贯彻落实党的二十届三中全会和中央周边工作会议精神,稳步扩大制度型开放,便利人员往来。加快推进各类互免签证和签证便利化协定商谈,积极研究扩大免签国家范围,持续完善“智慧领事”建设,实现中国签证全流程线上申办,便利中国公民“走出去”的同时,帮助外国朋友“方便来”。(完)
图说1:5月1日,来自澳大利亚的游客在北京天坛公园祈年殿前留影。新华社记者 鞠焕宗 摄
图说2:5月1日,来自澳大利亚的游客在北京天坛公园游览。新华社记者 鞠焕宗 摄