China
ရှီကျင့်ဖိန်က ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေ ၂၀ ရက်တွင် ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
အဆိုပါသဝဏ်လွှာတွင် ရှီကျင့်ဖိန်က ဆင်းရဲနွမ်းပါးမှုပပျောက်ရေးသည် ကမ္ဘာလုံးဆိုင်ရာ အခက်အခဲပြဿနာ ဖြစ်သလို ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘုံရည်မှန်းချက်လည်းဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ခက်ခဲကြမ်းတမ်းမှုများကို ကြိုးပမ်းဖြတ်သန်းခဲ့ပြီးနောက် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး တိုက်ပွဲကို အောင်နိုင်ခဲ့သဖြင့် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဥ်၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရည်မှန်းချက်ကို ၁၀ နှစ်စော၍ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ထို့ပြင် တရုတ်ဝိသေသလက္ခဏာဆောင်သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ပြီး လူသားမျိုးနွယ် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ရေးသားခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးပြဿနာသည် အရင်းခံမှာ ဖွံ့ဖြိုးတိုးတက်မှု ပြဿနာပင်ဖြစ်သည်ဟု ရှီကျင့်ဖိန်က သဝဏ်လွှာ၌ အလေးထားပြောကြားခဲ့သည်။ လတ်တလောနှစ်များအတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) သည် ဆင်းရဲမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တက်တက်ကြွကြွ ဖော်ဆောင်ခဲ့ပြီး သိသာထင်ရှားသော ရလဒ်များ ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် SCO အလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ မူဝါဒဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းမှုများ ဆက်လက်တိုးမြှင့်၍ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အတွေ့အကြုံများကို မျှဝေကာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ လုပ်ဆောင်ခြင်းဖြင့် ပိုမိုများပြားသော နိုင်ငံများ၏ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း စူးစမ်းရှာဖွေမှုကို ကူညီဆောင်ရွက်ပေးသွားလိုကြောင်း၊ ဆင်းရဲနွမ်းပါးမှုကင်းဝေးသော၊ အတူတကွ သာယာဝပြောသော ကမ္ဘာကြီးအား အတူလက်တွဲ တည်ဆောက်သွားလိုကြောင်း ၎င်းက သဝဏ်လွှာတွင် ဖော်ပြထားသည်။
ယခုအကြိမ်ဖိုရမ်ကို မေ ၂၀ ရက်တွင် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ဖိုရမ်ခေါင်းစဉ်မှာ “ဆင်းရဲနွမ်းပါးမှု စဉ်ဆက်မပြတ် လျှော့ချရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး – SCO နိုင်ငံများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး” ဖြစ်သည်။ အဆိုပါဖိုရမ်ကို SCO အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီနှင့် ဆန်ရှီးပြည်နယ် ပြည်သူ့အစိုးရတို့ အတူတကွကြီးမှူးကျင်းပခြင်းဖြစ်သည်။ (Xinhua)
—————————
(Chinese Version)
习近平向2025年上海合作组织减贫和可持续发展论坛致贺信
新华社北京5月20日电 5月20日,国家主席习近平向2025年上海合作组织减贫和可持续发展论坛致贺信。
习近平指出,消除贫困是全球性难题,也是世界各国共同目标。中国经过艰苦努力,成功打赢脱贫攻坚战,提前10年实现联合国2030年可持续发展议程减贫目标,走出一条中国特色减贫道路,谱写了人类反贫困历史新篇章。
习近平强调,减贫问题说到底是发展问题。近年来,上海合作组织积极开展减贫和可持续发展合作,取得显著成果。中方作为上海合作组织轮值主席国,愿同各方持续加强政策沟通,分享减贫经验,深化务实合作,帮助更多国家探索符合自身国情的减贫和可持续发展道路,携手建设远离贫困、共同繁荣的美好世界。
本次论坛当日在陕西西安开幕,主题为“持续减贫 合作发展——推动上合组织国家减贫和可持续发展”,由上合组织睦邻友好合作委员会和陕西省人民政府共同主办。(完)