China
ဝမ်ရိနှင့် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Johann Wadephul ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးသစ် Wadephul နှင့် မေ ၁၉ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ဝမ်ရိက Wadephul ၏ ရာထူးအသစ်အတွက် ဂုဏ်ပြုကြောင်း၊ တရုတ်-ဂျာမနီ ဆက်ဆံရေး အနက်အဓိပ္ပာယ်သည် နှစ်ဖက်၏ နယ်ပယ်များကို ကျော်လွန်၍ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မဟာဗျူဟာတည်ငြိမ်ရေးအတွက် အရေးပါသော သက်ရောက်မှုများရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်-ဂျာမနီသည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဖြစ်ပြီး ဂျာမနီအစိုးရသစ်အနေဖြင့် ဤအနေအထားကို ဆက်လက်ထိန်းသိမ်းထားရန်၊ တရုတ်နိုင်ငံအပေါ် ဓမ္မဓိဋ္ဌာန်ကျပြီး လက်တွေ့ကျသော မူဝါဒအား လက်ကိုင်ထားရန် မျှော်လင့်ကြောင်း၊ ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားဖြစ်ရာ ဂျာမနီအနေဖြင့် တရုတ်က ဂျာမနီ ပေါင်းစည်းရေးကို ထောက်ခံအားပေးသလို တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာမည်ဟု ယုံကြည်ကြောင်း၊ တရုတ်-ဂျာမနီ စီးပွားရေး အပြန်အလှန် ဖြည့်တင်းပေးခြင်း၊ ထုတ်လုပ်မှုလုပ်ငန်း အပြန်အလှန် ရင်းနှီးမြှုပ်နှံခြင်း၊ အကျိုးအမြတ် အပြန်အလှန် ပေါင်းစည်းခြင်း၊ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေခြင်းတို့သည် မလွဲမသွေ ရွေးချယ်မှုများဖြစ်ရာ “အန္တရာယ်များ ဖယ်ရှားခြင်း” ဟူသော လုပ်ဆောင်မှုများဖြင့် နှစ်ဖက် ပုံမှန် ပူးပေါင်းဆောင်ရွက်မှုအား ပျက်စီးဆုံးရှုံးစေခြင်းကို တားဆီးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-ဂျာမနီ သံတမန် ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့်နှစ်ပတ်လည်ဖြစ်သလို ဆက်ဆံရေး အစဉ်အလာကို ဆက်ခံ၍ အနာဂတ်သို့လှမ်းချီမည့် အရေးကြီးဆုံချက်လည်း ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ အချက်အချာကျနိုင်ငံကြီးအနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်၊ တရုတ်-ဂျာမနီ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုအား တရုတ်-ဥရောပ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် စွမ်းအားသစ်အဖြစ် ဖြည့်တင်းပေးရန် မျှော်လင့်ကြောင်း၊ ဥရောပဘက်က တရုတ်နိုင်ငံနှင့် စိတ်တူကိုယ်တူ ဆောင်ရွက်ရန်၊ တရုတ်နိုင်ငံ လျှပ်စစ်မော်တော်ကားများအပေါ် ထောက်ပံ့ကြေးဆိုင်ရာ ကန့်ကွက်မှုကိစ္စကို အမြန်ဆုံး သင့်တင့်မျှတစွာ ဖြေရှင်းကာ တရုတ်-ဥရောပပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးမြင့် အဆင့်မြှင့်တင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နှင့် ဂျာမနီတို့သည် နိုင်ငံကြီးများ တာဝန်ကို ထမ်းဆောင်သင့်ကြောင်း၊ လွတ်လပ်စွာကုန်သွယ်ရေး အတူအကွ အားပေးထောက်ခံကာ အခိုင်အမာ လက်ကိုင်ထားလျက် တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို လက်တွဲ ကန့်ကွက်ရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ ထောက်ပံ့ရေး ကွင်းဆက်၏ လုံခြုံတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ကာ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးမူဝါဒကို ဖော်ဆောင်ပြီး ကုလသမဂ္ဂအား ဗဟိုပြုသော နိုင်ငံတကာစည်းစနစ်ကို ထိန်းသိမ်းကာကွယ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Wadephul က ဂျာမနီ-တရုတ်ဆက်ဆံရေးမှာ အလွန်အရေးကြီးကြောင်း၊ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အနာဂတ်အတွက် လွန်စွာ အရေးပါကြောင်း၊ ဂျာမနီဖက်ဒရယ်အစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အလေးအနက်ထားရာ အပြုသဘောဆောင်သော မူဝါဒများ ကျင့်သုံးရန် ဆန္ဒရှိကြောင်း၊ ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံသည် အတိတ်နှင့် အနာဂတ်တစ်လျှောက်လုံးတွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ကျင့်သုံးသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသော၊ ခန့်မှန်းနိုင်ခြေရှိသော မိတ်ဖက်ဖြစ်လိုကြောင်း၊ ဂျာမနီသည် ဥရောပသမဂ္ဂတွင် ဦးဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိရာ ဆွေးနွေးညှိနှိုင်းမှုဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် ဆန္ဒရှိပြီး ဥရောပ-တရုတ် စေ့စပ်ညှိနှိုင်းမှုဖြင့် တရုတ်နိုင်ငံ လျှပ်စစ်မော်တော်ကားစသည့် ကိစ္စရပ်များဖြေရှင်းရေးအား ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်သည် ယူကရိန်းအကျပ်အတည်းနှင့် စပ်လျဉ်း၍လည်း အမြင်သဘောထားချင်းဖလှယ်ခဲ့ကြသည်။ ဝမ်ရိက တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို မြှင့်တင်ရန် အစဉ်အမြဲ အားထားဆောင်ရွက်လျက်ရှိပြီး ဆွေးနွေးမှုမှတစ်ဆင့် တရားမျှတမှု၊ ရေရှည်တည်တံ့မှု၊ ထိန်းချုပ်နိုင်မှုရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။ Wadephul က တရုတ်နိုင်ငံအနေဖြင့် ဩဇာသက်ရောက်မှုရှိသော အခန်းကဏ္ဍမှ ပါဝင်ပြီး အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်ရေးကို တွန်းအားပေးကာ ယူကရိန်း အကျပ်အတည်းကို အမြန်ဆုံး အဆုံးသတ်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………………………
(Chinese Version)
王毅同德国外长瓦德富尔通电话
新华社北京5月19日电 2025年5月19日,中共中央政治局委员、外交部长王毅应约同德国新任外长瓦德富尔通电话。
王毅祝贺瓦德富尔履新,表示中德关系意义超越双边范畴,对世界经济发展和战略稳定具有重要影响。中德是全方位战略伙伴,希望德新政府坚持这一定位,奉行理性务实的对华政策。台湾问题是中方核心利益,相信德方会像中方支持德国统一一样,坚定恪守一个中国原则。中德经济互补、产业互嵌、利益互融,深化互利合作是必然选择,要防止以所谓“去风险”损害双方正常合作。
王毅说,今年正值中欧建交50周年,是一个承前启后的重要节点。希望德国作为欧盟核心大国发挥积极作用,以中德高质量合作为中欧关系发展注入新动力。期待欧方同中方相向而行,尽快妥善解决中国电动汽车反补贴案,推动中欧合作提质升级。中德应承担起大国责任,共同倡导和坚持自由贸易,携手反对单边主义和保护主义,维护全球产供链安全稳定,践行真正的多边主义,维护以联合国为核心的国际体系。
瓦德富尔表示,德中关系十分重要,对世界经济发展和国际社会未来意义重大。德联邦新政府重视对华关系,愿奉行积极主动的对华政策。德方过去和将来都坚定奉行一个中国政策,愿作中方可信赖、可预测的伙伴。德方在欧盟发挥着引领作用,愿致力于通过对话协商化解分歧,支持欧中谈判解决中国电动车等问题。
双方还就乌克兰危机交换了看法。王毅表示,中方一直致力于劝和促谈,支持通过直接对话,达成一个公平、持久、有约束力的和平协议。瓦德富尔表示,希望中方发挥影响力,推动实现停火,早日结束乌克兰危机。(完)