Connect with us

China

ဝမ်ရိက ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှား အမျိုးသားစီးပွားရေးကောင်စီ ဥက္ကဋ္ဌ၊ အမေရိကန် အာရှရေးရာအသင်းဥက္ကဋ္ဌ အသီးသီးတို့နှင့် တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Ishaq Dar တို့ မေ ၂၀ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Ishaq Dar ၊ အင်ဒိုနီးရှား အမျိုးသားစီးပွားရေးကောင်စီ ဥက္ကဋ္ဌ Luhut Binsar Pandjaitan ၊ အမေရိကန် အာရှရေးရာအသင်းဥက္ကဋ္ဌ Kyung-wha Kang အသီးသီးတို့နှင့် မေ ၂၀ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

Dar နှင့် တွေ့ဆုံဆွေးနွေးစဉ်တွင် ဝမ်ရိက တရုတ်-ပါကစ္စတန် နှစ်နိုင်ငံသည် အစဉ်အလာချစ်ကြည်ရေးကို ခိုင်မာအားကောင်းရေး၊ အပြန်အလှန် အကျိုးပြုပူးပေါင်းဆောင်ရွက် အားဖြည့်ပေးရေး၊ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းရေးတို့နှင့် စပ်လျဉ်း၍ မဟာဗျူဟာ အနီးကပ်ညှိနှိုင်းဆွေးနွေးခဲ့ရာ နှစ်နိုင်ငံကြား ဆက်ဆံရေး၏ မြင့်မားသောအဆင့်ကို ထင်ဟပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

သံမဏိပမာ ခိုင်မြဲသော မိတ်ဆွေအနေဖြင့် တရုတ်နိုင်ငံသည် ပါကစ္စတန်၏ နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ခြင်းကို အစဉ်အမြဲ အခိုင်အမာ ထောက်ခံအားပေးကြောင်း၊ ပါကစ္စတန်၏ အကြမ်းဖက်ဝါဒကို ပြတ်ပြတ်သားသား တိုက်ဖျက်မှုအား ထောက်ခံကြောင်း၊ တရုတ်-ပါကစ္စတန် အချိန်အခါမရွေး မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အဆက်မပြတ် နက်ရှိုင်းသွားစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Dar က ပါကစ္စတန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ စောင့်ထိန်းလိုက်နာကြောင်း၊ ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများ၊ စီမံကိန်းများနှင့် အဖွဲ့အစည်းများ၏ လုံခြုံရေးအတွက် အစွမ်းကုန် အာမခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်-အိန္ဒိယ အပစ်အခတ်ရပ်စဲရေးနားလည်မှု ရရှိချိန်မှစ၍ နောက်ဆုံးအခြေအနေများနှင့် ပါကစ္စတန်ဘက်၏ ထည့်သွင်းစဉ်းစားမှုများကို Dar က မိတ်ဆက်ပြောကြားခဲ့သည်။
ဝမ်ရိက ပါကစ္စတန်နှင့် အိန္ဒိယက သဘောထားကွဲလွဲမှုများကို ညှိနှိုင်းဆွေးနွေးမှုဖြင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းကာ ဘက်စုံ ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေး ရရှိပြီး ဖြေရှင်းရေးလမ်းကြောင်း အရင်းမြစ်ကို ရှာဖွေခြင်းအား တရုတ်နိုင်ငံအနေဖြင့် ထောက်ခံ၍ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှား အမျိုးသားစီးပွားရေးကောင်စီ ဥက္ကဋ္ဌ Luhut Binsar Pandjaitan နှင့် တွေ့ဆုံဆွေးနွေးစဉ်တွင် ဝမ်ရိက ယမန်နှစ်က သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Prabowo Subianto တို့ နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးနှင့် စပ်လျဉ်း၍ အရေးကြီးသော သဘောတူညီမှုများ ရရှိခဲ့ပြီး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် “မဏ္ဍိုင်ကြီးငါးရပ်” ပူးပေါင်းဆောင်ရွက်မှုအခင်းအကျင်းကို ပုံဖော်တည်ဆောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် အတူ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းစသည့် အထင်ကရ စီမံကိန်းများအား အရည်အသွေးမြင့် တွန်းအားပေးရန်၊ ထွန်းသစ်စကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အလားအလာများကို ရှာဖွေဖော်ထုတ်ရန်၊ ဘန်ဒေါင်းစိတ်ဓာတ်ကို အတူတကွ လက်ဆင့်ကမ်း မြှင့်တင်ရန်၊ တစ်ဖက်သတ်ဝါဒနှင့် ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေး ရိုက်ခတ်မှုများကို ခုခံကာကွယ်ရန်၊ အာရှ-ပစိဖိတ် ဘုံမိသားစုဥယျာဉ်များ အတူတကွ ကောင်းမွန်စွာ တည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Luhut က အလွှာအသီးသီးတွင် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာ ကူးလူးဆက်ဆံမှုရှိရန်၊ အင်ဒိုနီးရှား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများရရှိရေးအား မြှင့်တင်ရန်၊ ကမ္ဘာ့တောင်ဖက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေးအား တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် အာရှရေးရာအသင်းဥက္ကဋ္ဌ Kyung-wha Kang နှင့် တွေ့ဆုံစဉ်တွင် ဝမ်ရိက လတ်တလောတွင် တရုတ်-အမေရိကန် စီးပွားရေး၊ ကုန်သွယ်ရေး အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲတွင် တိုးတက်မှုများရရှိခဲ့ရာ ယင်းက တန်းတူညီမျှ ဆွေးနွေးမှု၊ အပြန်အလှန်လေးစားမှု၊ ကျိုးကြောင်းဆီလျော်သော စိုးရိမ်ပူပန်မှုများအား အပြန်အလှန် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းခြင်းသည် တရုတ်-အမေရိကန် ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်းကို ထပ်မံပြသလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပင် အမေရိကန်က တရုတ်၏ တရားဝင်ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးများကို ဆက်လက် တားဆီးဖိနှိပ်နေခြင်း၊ မကြာမီရက်များတွင်ပင် တရုတ်နိုင်ငံမှ ချစ်ပ်များကို ဘက်စုံလုံးဝပိတ်ပင်ရန် ကြိုးစားနေခြင်းသည် ပြောင်ပြောင်တင်းတင်းဖြစ်သော တစ်ဖက်သတ် ဗိုလ်ကျကြီးစိုးမှုဖြစ်ရာ တရုတ်နိုင်ငံသည် အခိုင်အမာ ကန့်ကွက်ကြောင်း၊ တရုတ်-အမေရိကန်တို့အနေဖြင့် အာရှ-ပစိဖိတ် ဒေသတွင် အပြုသဘောဆောင်သော အပြန်အလှန် ဆက်ဆံမှုများ ဦးစွာ ပြုလုပ်ကာ ထိုမှတစ်ဆင့် နှစ်နိုင်ငံအတွက် မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းများ တည်ဆောက်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာရှရေးရာအသင်းက အမေရိကန်လူမှုအဖွဲ့အစည်း၏ တရုတ်အပေါ် မှန်ကန်သော သိရှိနားလည်မှုအား မြှင့်တင်ရာတွင် ပေါင်းကူးတံတားအဖြစ် ဆက်လက်ပါဝင်ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာရှရေးရာအသင်းအနေဖြင့် ပိုမိုများပြားသော အမေရိကန် တတ်သိပညာရှင်များနှင့်အတူ အထင်လွဲမှားမှုများကို ဖယ်ရှားရန်၊ နားလည်မှု မြှင့်တင်ပေးသော ဆွေးနွေးမှု ပလက်ဖောင်းများတည်ဆောက်ပေးရန် ဆန္ဒရှိကြောင်း Kyung-wha Kang က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အင်ဒိုနီးရှား အမျိုးသားစီးပွားရေးကောင်စီ ဥက္ကဋ္ဌ Luhut Binsar Pandjaitan တို့ မေ ၂၀ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန် အာရှရေးရာအသင်းဥက္ကဋ္ဌ Kyung-wha Kang တို့ မေ ၂၀ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
王毅分别同巴基斯坦副总理兼外长、印尼国家经济委员会主席、美国亚洲协会会长会谈会见
新华社北京5月20日电 中共中央政治局委员、外交部长王毅20日在京同巴基斯坦副总理兼外长达尔、印尼国家经济委员会主席卢胡特、美国亚洲协会会长康京和举行会谈会见。
在同达尔会谈时,王毅说,中巴双方就巩固传统友谊、加强互利合作、共同应对挑战保持密切战略沟通,体现了两国关系的高水平。作为铁杆朋友,中方将一如既往坚定支持巴方维护国家主权和领土完整,支持巴方坚决打击恐怖主义,不断深化中巴全天候战略合作伙伴关系。
达尔表示,巴方坚定恪守一个中国原则。巴方将全力保障中方在巴人员、项目和机构安全。
达尔介绍了巴印达成停火谅解以来最新情况和巴方考虑。王毅表示,中方欢迎并支持巴印通过对话妥善处理分歧,实现全面持久停火,寻求根本解决途径。
在会见卢胡特时,王毅表示,去年,习近平主席和普拉博沃总统两度会晤,就深化两国全方位战略合作达成重要共识,构建起包括安全合作在内的“五大支柱”合作格局。中方愿同印尼一道,高质量推进雅万高铁等标志性项目,挖掘新兴领域合作潜力,共同弘扬万隆精神,抵御单边主义和逆全球化冲击,携手建好亚太共同家园。
卢胡特表示,期待同中方密切各层级交往,推动印尼中国命运共同体取得更大发展,共同推进全球南方团结合作。
在会见康京和时,王毅说,近期中美经贸高层会谈取得进展,这再次说明,平等对话、相互尊重、妥善处理彼此合理关切符合中美两国共同利益。但与此同时,美方继续遏制打压中国的正当发展权利,近日竟然试图对中国芯片进行全面封杀,这是赤裸裸的单边霸凌,中方坚决反对。中美应首先通过在亚太地区实现良性互动,进而构建两国正确相处之道,中方希望亚洲协会继续为增进美国社会对华正确认知发挥桥梁作用。
康京和表示,亚洲协会愿同更多美国有识之士一道,为消除误解、促进理解搭建对话平台。(完)
图说1:5月20日,中共中央政治局委员、外交部长王毅在北京同巴基斯坦副总理兼外长达尔举行会谈。 新华社记者 翟健岚 摄
图说2:5月20日,中共中央政治局委员、外交部长王毅在北京会见印尼国家经济委员会主席卢胡特。 新华社记者 翟健岚 摄
图说3:5月20日,中共中央政治局委员、外交部长王毅在京会见美国亚洲协会会长康京和。 新华社记者 翟健岚 摄