Connect with us

Myanmar

၂၀၂၅ ခုနှစ် မေ ၂၂ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးခရိုင်၊ မြို့သစ်မြို့ မင်းရပ်ကွက် နွေစပါး (အောင်နိုင်တိုး)ဧက(၁၀၀)စံပြကွက် ကြည့်ရှုစစ်ဆေး၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ (၂၂/၅/၂၀၂၅-MOI)
-တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ၂၀၂၄ ခုနှစ်အတွင်းတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၆,၄၀၀)ကျော်ရှိပြီး သေဆုံးသူ (၁၅) ဦး ရှိခဲ့ရာ ၂၀၂၅ ခုနှစ်၊ မေလ (၁၀) ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူဦးရေ (၈၆၀)ကျော်ရှိပြီး သေဆုံးသူ (၄) ဦးရှိခဲ့ရာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက လျော့နည်းခဲ့ (၂၂/၅/၂၀၂၅-MRTV)
-၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိ (၂၂/၅/၂၀၂၅-MRTV)
-Miss Cosmo 2025 အလှမယ်ပြိုင်ပွဲအတွက်မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် အလှမယ် မြင့်မြတ်မိုးကို ရွေးချယ်ထား (၂၂/၅/၂၀၂၅-MRTV)
-ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း ၃၈ဝ ကျော်မျိုးစိုက်ထည့်ရန် လျာထား (၂၂/၅/၂၀၂၅-MRTV)
-အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် (၂၂/၅/၂၀၂၅-MRTV)
-ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငှက်ကျားမျိုးစိတ်များ မိုးယွန်းကြီးအင်းသို့ ကောင်ရေ (၅၀၀)ခန့် ဝင်ရောက်ကျက်စားလျက်ရှိ (၂၂/၅/၂၀၂၅-MRTV)
-ဒေသဝမ်းစာဖူလုံစေရေးနှင့် ဒေသစိမ်းလန်း စိုပြည်စေရေးအတွက် မကွေးမြို့နယ်အတွင်း ဧက (၁၅၀) စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ (၂၂/၅/၂၀၂၅-MRTV)
-ရှေးဟောင်းအမွေအနှစ် စေတီပုထိုး ဂူဘုရားများအား ပြန်လည်ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ပြင်ဆင်ခွင့်ပြုသွားမည် (၂၂/၅/၂၀၂၅-MRTV)