International Organizations
၂၀၂၅ ခုနှစ် မေ ၂၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် တော့တင်ဟမ် အနိုင်ရရှိ
မေ ၂၁ ရက် ညပိုင်းက ဘီဘာအိုအသင်း၏ ဆန်မားမက်စ် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် တော့တင်ဟမ် ဟော့စပါးစ်က မန်ချက်စတာယူနိုက်တက်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါဂိုးအား ပထမပိုင်းပြီးခါနီးတွင် ယူနိုက်တက်နောက်ခံလူ လုခ်ရှောက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။
လုခ်ရှောအနေဖြင့် ဘရန်နန် ဂျွန်ဆင်၏ ကန်ချက်ကို ဟန့်တားရန် ကြိုးပမ်းနေစဉ် ကံမကောင်းစွာဖြင့် ၎င်းနှင့်ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါဂိုးမှာ ပရီးမီးယားလိဂ်တွင် အဆင့်-၁၆ နှင့် အဆင့်-၁၇ ၌ ရပ်တည်နေသော အသင်းနှစ်သင်း၏ ပျင်းရိဖွယ် ဗိုလ်လုပွဲ၏ တစ်လုံးတည်းသောသွင်းဂိုး ဖြစ်ခဲ့သည်။
ယခုပွဲစဉ်တွင် နှစ်သင်းစလုံးက ပွဲကိုထိန်းချုပ်နိုင်ခဲ့ခြင်းမရှိသလို ဒုတိယပိုင်းတွင် တော့တင်ဟမ်က အနိုင်ရလဒ်ကို ထိန်းထားနိုင်ရန် ခံစစ်အားပြုကစားခဲ့ပြီးနောက် ယူနိုက်တက်အနေဖြင့် ချေပဂိုးရရှိနိုင်မည့် အပိုင်အခွင့်အရေးများကို ဖန်တီးနိုင်ခဲ့ခြင်းမရှိပေ။
တော့တင်ဟမ်ဂိုးသမား ဂူဂလီရယ်မို ဗစ်ကာရီယို ဖြတ်တင်ဘောအား ထွက်ဖမ်းရာတွင် အချိန်အဆလွဲရာမှ ယူနိုက်တက်က ဂိုးသွင်းခွင့်ရခဲ့သော်လည်း နောက်ခံလူ မစ်ကီ ဗန်ဒီဗန် ရှင်းထုတ်နိုင်ခဲ့သည်။ ထို့နောက် ဘရူနို ဖာနန်ဒက်စ်၏ကန်ချက် လွဲချော်ခဲ့သလို ယူနိုက်တက်အနေဖြင့် အခွင့်အရေးကောင်းများကို ထပ်မံဖန်တီးနိုင်ခဲ့ခြင်းမရှိဘဲ နာကျင်အချိန်ပိုအရောက်တွင် ရှော၏ အပြင်းခေါင်းတိုက်ချက်ကိုလည်း တော့တင်ဟမ်ဂိုးသမား ဗစ်ကာရီယို ကာကွယ်နိုင်ခဲ့သည်။
ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အနိုင်ရရှိခဲ့သည့် တော့တင်ဟမ်မှာ လာမည့်ရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီး ယူနိုက်တက်မှာမူ ဥရောပပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ခဲ့သည့်အတွက် အသင်းအနေဖြင့် ကြီးမားသော ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။
…..
— ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် အသင်းနှင့် တစ်နှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူ
ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်အနေဖြင့် ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီခဲ့သည်ဟု ဘာစီလိုနာအသင်းက မေ ၂၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဂျာမန်လူမျိုးနည်းပြမှာ ၂၀၂၇ ခုနှစ်အထိ တစ်ရာသီ ထပ်မံသက်တမ်းတိုးသည့် စာချုပ်ကို နူးကမ့်အားကစားကွင်းရှိ ရုံးခန်း၌ လက်မှတ်ရေးထိုးသွားမည်ဟု အသင်း၏ ကြေညာချက်၌ အတည်ပြုခဲ့သည်။
ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီလက်ရွေးစင်အသင်းတို့၏ နည်းပြဟောင်းဖြစ်သူ ဖလစ်ခ်မှာ ဘာစီလိုနာအသင်းအား စတင်ကိုင်တွယ်ခဲ့သည့် ရာသီ၌ လာလီဂါဆုဖလား၊ စပိန်ဘုရင့်ဖလားနှင့် စပိန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်စေရန် ဦးဆောင်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် ၎င်း၏ မူလသဘောတူစာချုပ်အား ထပ်မံသက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
ဖလစ်ခ်အတွက် တစ်ခုတည်းသော စိတ်ပျက်စရာ အခြေအနေမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် အင်တာမီလန်အား အချိန်ပိုတွင် ကျဉ်းမြောင်းသောရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
…..
— ဆန်းတို့စ်တိုက်စစ်မှူး နေမာ ဒဏ်ရာပျောက်ကင်းပြီးနောက် ပြန်လည်ကစားနိုင်ရန် အသင့်ဖြစ်နေ
နာမည်ကြီးတိုက်စစ်မှူး နေမာမှာ ဒဏ်ရာပျောက်ကင်း၍ ပြန်လည်ပါဝင်ကစားနိုင်တော့မည်ဖြစ်ရာ Copa do Brasil ပြိုင်ပွဲ တတိယအဆင့်၌ စီအာရ်ဘီအသင်းနှင့် ဒုတိယအကျော့ ယှဉ်ပြိုင်ကစားရမည့် ဆန်းတို့စ်အသင်းအတွက် အားတက်စရာသတင်း ဖြစ်လာခဲ့သည်။
အသက် ၃၃ နှစ်အရွယ် နေမာမှာ မေ ၂၁ ရက်က ဆန်းတို့စ်အသင်းနှင့်အတူ ပုံမှန်လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ရာ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မာဆဲယိုမြို့တွင် မေ ၂၂ ရက်၌ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်၌ ဒုတိယပိုင်းတွင် ဝင်ရောက်ကစားနိုင်ဖွယ်ရှိသည်။
နေမာမှာ ဆန်းတို့စ်က အက်သလက်တီကို မင်နဲရိုးအား အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ဧပြီ ၁၆ ရက် ဘရာဇီး စီးရီးအေပွဲစဉ်တွင် ဘယ်ဘက်တံကောက်ကြော စုတ်ပြဲဒဏ်ရာ ရရှိပြီးကတည်းက ပါဝင်မကစားနိုင်တော့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ယခုနှစ် ဇန်နဝါရီလတွင် အယ်လ်-ဟီလာအသင်းမှ ငယ်ဘဝအသင်းဖြစ်သည့် ဆန်းတို့စ်ထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက် ပြိုင်ပွဲစုံ၌ ကိုးပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။
ဘရာဇီးအသင်း နည်းပြချုပ်သစ်ဖြစ်သူ ကာလို အန်ဆယ်လော့တီကမူ နေမာအနေဖြင့် မေ ၂၂ ရက် ပွဲစဉ်အား ဒဏ်ရာအနာတရမရှိဘဲ ကျော်ဖြတ်နိုင်ပြီး ဇွန်လအတွင်း အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအမီ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနိုင်ရန် မျှော်လင့်နေမည်ဖြစ်သည်။
…..
— AFC အမျိုးသမီးချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲတွင် ဝူဟန့် ကျန်းဟန့်အသင်း ဗိုလ်လုပွဲတက်ရောက်
မေ ၂၁ ရက်က ဝူဟန့်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပထမဆုံးအကြိမ် AFC အမျိုးသမီးချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ဝူဟန့် ကျန်းဟန့်အသင်းက ဗီယက်နမ်နိုင်ငံမှ ဟိုချီမင်းစီးတီး အက်ဖ်စီအသင်းအား ၂ ဂိုးပြတ် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
အိမ်ရှင်ပရိသတ် ၅,၀၀၀ နီးပါး တခဲနက် လာရောက်အားပေးခဲ့သည့် အဆိုပါပွဲစဉ်တွင် ဝူဟန့်အသင်းက ပွဲကို စောစောစီးစီး ထိန်းချုပ်နိုင်ခဲ့ပြီး ပွဲကစားချိန် ၃၄ မိနစ်တွင် ပြည်တွင်း၌ နာမည်ကြီးကစားသမားဖြစ်သူ Wang Shuang က ပြိုင်ဘက်ခံစစ် ရှင်းထုတ်ပုံမသေသပ်ရာမှ လျှံထွက်လာသည့် ဘောလုံးကို လှလှပပပိတ်သွင်း၍ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သည်။
တရုတ်အမျိုးသမီး စူပါလိဂ်တွင် ချန်ပီယံငါးကြိမ် ရရှိထားသည့် ဝူဟန့်အသင်းအနေဖြင့် မေ ၂၄ ရက် ဗိုလ်လုပွဲတွင် တောင်ကိုရီးယားကလပ် Hyundai Steel Red Angels သို့မဟုတ် ဩစတြေးလျကလပ် မဲဘုန်းစီးတီးအက်ဖ်စီနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)
………………………
(English Version)
Tottenham Hotspur wins Europa League final
Tottenham Hotspur defeated Manchester United 1-0 in the Europa League final at Athletic Bilbao’s San Mames Stadium on Wednesday night, courtesy of an own goal by United defender Luke Shaw in the closing moments of the first half.
Shaw was unfortunate to deflect the ball into his own net after a flick from Brennan Johnson. The goal, however, summed up what was a lackluster final between the sides currently 16th and 17th in the Premier League.
Neither team was able to take control of the game, and after Tottenham chose to sit deep in the second half to protect its lead, Manchester United failed to generate any clear-cut chances to equalize.
Micky van de Ven cleared off the line midway through the half after Tottenham goalkeeper Guglielmo Vicario misjudged a cross. Fernandes then fired wide, and United failed to muster another meaningful opportunity until deep into stoppage time, when Shaw’s powerful header was denied by Vicario.
The win secures Tottenham a spot in next season’s Champions League, while United miss out on European qualification–an outcome that will pose serious financial challenges for the club.
…..
FC Barcelona coach Flick agrees one year contract extension
FC Barcelona announced on Wednesday that coach Hansi Flick has agreed to extend his contract with the club until the end of June 2027.
“The German coach will sign the extension of his contract until 2027 – for one more season – The act will be held in the offices at the Camp Nou,” confirmed a statement from the club.
The extension on Flick’s original deal, which was due to expire in 2026, comes after the former Bayern Munich and German national team boss has led Barca to this season’s La Liga title, the Copa del Rey and the Spanish Supercup in his first season in charge.
Flick’s only disappointment was a narrow defeat after extra time to Inter Milan in the semifinals of the Champions League.
…..
Neymar poised to return from injury for Santos
Santos received a boost ahead of the second leg of its Copa do Brasil third round clash against CRB with news that star forward Neymar is set to return from injury.
The 33 year-old trained normally with Santos’ squad on Wednesday and is expected to be given minutes in the second half of Thursday’s clash in the northeastern Brazilian city of Maceio.
Neymar has not played since suffering a left hamstring tear in Santos’ 2-0 home win over Atletico Mineiro in Brazil’s Serie A on April 16. He has made just nine appearances across all competitions since returning to his boyhood club on a free transfer from Al-Hilal in January.
New Brazil head coach Carlo Ancelotti will be hoping Neymar comes through Thursday’s match unscathed and regains fitness ahead of World Cup qualifiers against Ecuador and Paraguay in June.
…..
Wuhan Jiangda reaches inaugural AFC Women’s Champions League final
China’s Wuhan Jiangda advanced to the final of the inaugural AFC Women’s Champions League, following a commanding 2-0 win over Vietnam’s Ho Chi Minh City FC here on Wednesday.
Cheered on by nearly 5,000 home supporters, Wuhan took control of the match early. The breakthrough came in the 34th minute, when local star Wang Shuang pounced on a poor clearance and curled a stunning strike into the net.
The final will be held on Saturday, where the five-time Chinese Women’s Super League champion will face either South Korea’s Hyundai Steel Red Angels or Australia’s Melbourne City FC.