Asia
အစိုးရဝန်ကြီးအားလုံး ရာထူးမှနုတ်ထွက်ရန် သက်တမ်းဝက် ရွေးကောက်ပွဲအပြီးတွင် ဖိလစ်ပိုင်သမ္မတ မားကို့စ် ညွှန်ကြား

မနီလာ၊ မေ ၂၃ ရက် (ဆင်ဟွာ)
မေ ၁၂ ရက် သက်တမ်းဝက် ရွေးကောက်ပွဲတွင် အစိုးရ ကိုယ်စားလှယ်လောင်းများ၏ စွမ်းဆောင်ရည် အားနည်းခဲ့ပြီးနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ရန် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ရိုမူအာဒက်ဇ် မားကို့စ်က တိုက်တွန်းထားကြောင်း သမ္မတ၏ ပြန်ကြားရေးရုံး (PCO) က မေ ၂၂ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
သမ္မတမားကို့စ်အနေဖြင့် အစိုးရအဖွဲ့အား ပြန်လည်ဖွဲ့စည်းခြင်းဖြင့် အစိုးရဌာနတစ်ခုချင်းစီ၏ စွမ်းဆောင်ရည်အား ဆန်းစစ်အကဲဖြတ်ခြင်း၊ ၎င်း၏အစိုးရက ပြန်လည်ချိန်ညှိထားသော ဦးစားပေးကိစ္စရပ်များနှင့် လျော်ညီစွာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်သူများကို ဆုံးဖြတ်ရွေးချယ်ခြင်းတို့အား လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း PCO က ဆိုသည်။
“အဲဒီလုပ်ငန်းစဉ်ဟာ ကနဦးအဆင့် စီမံအုပ်ချုပ်မှုကနေ ပိုမို ရည်မှန်းချက်ပြတ်သားပြီး စွမ်းဆောင်ရည်မြှင့်တင်တဲ့ ချဉ်းကပ်မှုပုံစံအဖြစ် ပီပီပြင်ပြင် အသွင်ကူးပြောင်းနေတဲ့ လက္ခဏာပဲဖြစ်တယ်” ဟု PCO က ပြောကြားခဲ့သည်။ သို့သော် ထိုသို့ အသွင်ကူးပြောင်းစဉ်အတွင်း အစိုးရ၏ လုပ်ငန်းတာဝန်များမှာ အကြားအလပ်မရှိ ဆက်လက်လည်ပတ်နေမည်ဖြစ်ကြောင်း PCO က ပြည်သူလူထုအား အာမခံပြောကြားခဲ့သည်။
မားကို့စ်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခံထားရသဖြင့် ၂၀၂၈ ခုနှစ်တွင် ခြောက်နှစ်သက်တမ်းတစ်ကြိမ် ကုန်ဆုံးမည်ဖြစ်ရာ နောက်ထပ် သုံးနှစ်ကျန်ရှိနေသေးသည်။
မကြာမီက ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် မားကို့စ်က ကျောထောက်နောက်ခံပေးထားသည့် အထက်လွှတ်တော်အမတ်လောင်း ခြောက်ဦးသာ ရွေးကောက်ခံခဲ့ရသဖြင့် မျှော်မှန်းချက်များနှင့် ပြည့်မီခြင်းမရှိသည့် စွမ်းဆောင်မှုဖြစ်ခဲ့သည်။ (Xinhua)
………………………
(English Version)
Philippines’ Marcos orders all cabinet secretaries to resign after mid-term polls
MANILA, May 23 (Xinhua) — Philippine President Ferdinand Romualdez Marcos has called for the courtesy resignations of cabinet secretaries, after the poor showing of the administration candidates in the May 12 mid-term elections, the Presidential Communications Office (PCO) said Thursday.
According to the PCO, the reshuffle “is aimed at giving the president the elbow room to evaluate the performance of each department and determine who will continue to serve in line with his administration’s re-calibrated priorities.”
“This step marks a clear transition from the early phase of governance to a more focused and performance-driven approach,” said the PCO. The PCO assured the public that government services will remain “uninterrupted” during this transition.
Marcos was elected president in 2022 and has three more years to finish his six-year single term in 2028.
In the recently concluded elections, only six senatorial candidates backed by Marcos made it to the senate, a performance that fell short of expectations.
English Caption
Philippine President Ferdinand Romualdez Marcos (front) listens during his second State of the Nation Address in Quezon City, the Philippines, July 24, 2023. (Xinhua/Rouelle Umali)