Europe
အီးယူ ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည်ဟူသော ထရမ့်၏ ခြိမ်းခြောက်မှုအပေါ် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်

ဘရပ်ဆဲလ်၊ မေ ၂၆ ရက် (ဆင်ဟွာ)
ဥရောပ ကုန်ပစ္စည်းများအား သွင်းကုန်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည်ဟူသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုအပေါ် ဥရောပသမဂ္ဂ (အီးယူ) တာဝန်ရှိသူများနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များက ကျေနပ်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး နိုင်ထက်စီးနင်းပြုမူသော နည်းပရိယာယ်များက အတ္တလန္တိတ်ဖြတ်ကျော် ကုန်သွယ်ရေးဆွေးနွေးမှုများကို ထိခိုက်စေမည်ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။
အီးယူအနေဖြင့် ကုန်သွယ်ရေးတွင် အမေရိကန်အပေါ် အမြတ်ထုတ်နေပြီး ယင်းအား ကိုင်တွယ်ဖြေရှင်းရန် အလွန်ခဲယဉ်းနေသည်ဟု ထရမ့်က ၎င်း၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း Truth Social ၌ စွပ်စွဲပြောဆိုခဲ့ပြီး ၎င်းအနေဖြင့် အီးယူအား ၅၀ ရာခိုင်နှုန်း တောက်လျှောက် အခွန်စည်းကြပ်ရန် အကြံပြုမည်ဖြစ်ကာ ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်၌ စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆွေးနွေးမှုများ ကြန့်ကြာနေစဉ် အမေရိကန် စီးပွားရေးလုပ်ငန်းများကို လမ်းဖွင့်ပေးရန် အမေရိကန်အစိုးရက တစ်ဖက်သတ် လိုက်လျောမှုများကို တောင်းဆိုလျက်ရှိပြီး အီးယူဘက်ကမူ အပြန်အလှန်အကျိုးရှိသော သဘောတူညီချက်တစ်ရပ် ရယူရန် ကြိုးပမ်းနေချိန်တွင် စည်းကြပ်ခွန် ခြိမ်းခြောက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု အီးယူ-အမေရိကန် ကုန်သွယ်ရေး ဆွေးနွေးမှုများအကြောင်း သိရှိထားသူများ၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ကုန်သွယ်ရေးနှင့် စီးပွားရေးလုံခြုံမှုဆိုင်ရာ ဥရောပကော်မရှင်နာ မာရော့စ် ဆက်ဖ်ကိုဗစ်က အီးယူအနေဖြင့် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် အသင့်ရှိနေသည်ဟု ဆိုရှယ်မီဒီယာ ပလက်ဖောင်း Xတွင် တုံ့ပြန်ရေးသားခဲ့သည်။
နှစ်နိုင်ငံ ကုန်သွယ်မှုအား အပြန်အလှန်လေးစားမှုဖြင့်သာ ထိန်းကျောင်းပေးရမည်ဖြစ်ပြီး ခြိမ်းခြောက်မှုများ မပြုလုပ်သင့်ဟု ဆက်ဖ်ကိုဗစ်က အလေးအနက်ပြောကြားလျက် “အီးယူအနေနဲ့ အပြည့်အဝ ချိတ်ဆက်လုပ်ဆောင်နေပြီး နှစ်ဖက်စလုံးအတွက် အကျိုးရှိတဲ့ သဘောတူညီချက်တစ်ရပ် ရရှိဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ အီးယူကော်မရှင်အနေနဲ့ သဘောရိုးနဲ့ ကြိုးပမ်းလုပ်ဆောင်သွားဖို့ အသင့်ရှိနေဆဲဖြစ်တယ်” ဟု ရေးသားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3RJ
……………………………..
(English Version)
Trump’s 50 pct tariff threat on EU goods draws rebuke
BRUSSELS, May 25 (Xinhua) — EU officials and member-state representatives expressed their discontent with U.S. President Donald Trump’s threat to slap a 50 percent tariff on European goods, warning that coercive tactics would jeopardize transatlantic trade talks.
Trump accused the EU on Friday of “taking advantage of the United States on trade” and being “very difficult to deal with” on his social platform Truth Social, and announced that he is “recommending a straight 50 percent Tariff on the EU, starting on June 1, 2025.”
The tariff threat came amid stalled negotiations, with Washington demanding unilateral concessions from Brussels to open up to U.S. business, while the EU has been seeking an agreement that offers mutual gain, Reuters reported, citing people familiar with the EU-U.S. trade talks.
European Commissioner for Trade and Economic Security Maros Sefcovic responded on social platform X that the EU stands ready to defend its interests.
Stressing the bilateral trade “must be guided by mutual respect, not threats,” Sefcovic wrote, “The EU’s fully engaged, committed to securing a deal that works for both. The EU Commission remains ready to work in good faith.” xhtxs.cn/3RJ
English Caption
Photo taken on May 23, 2025 shows EU flags at the European Commission headquarters in Brussels, Belgium. (Xinhua/Zhao Dingzhe)