China
တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်း သံတမန်ရေးတွင် အင်ဒိုနီးရှားနိုင်ငံအား ဦးစားပေးအဖြစ် သတ်မှတ်ထားဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ပြောကြား

ဂျကာတာ၊ မေ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ အိမ်နီးချင်း သံတမန်ရေးတွင် အင်ဒိုနီးရှားနိုင်ငံအား ဦးစားပေးအဖြစ် အစဉ်အမြဲ သတ်မှတ်ထားကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဂျကာတာမြို့တွင် မေ ၂၅ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန်၊ တစ်နိုင်ငံ၏ ပင်မအကျိုးစီးပွားနှင့် အဓိက အလေးထားစရာ ကိစ္စရပ်များကို အခြားတစ်နိုင်ငံက ခိုင်ခိုင်မာမာ ပံ့ပိုးထောက်ကူပေးရန် ဆန္ဒရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ ပူအန် မဟာရာနီနှင့် တွေ့ဆုံဆွေးနွေးစဉ် လီက ပြောကြားခဲ့သည်။
တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေးမှာ နှစ်နိုင်ငံ သမ္မတနှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် ခိုင်မာအားကောင်းစွာ စဉ်ဆက်မပြတ် တိုးတက်ခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
လတ်တလောတွင် အပြောင်းအလဲမြန်သော နိုင်ငံတကာအခြေအနေနှင့် ကြုံတွေ့နေရချိန်တွင် နှစ်နိုင်ငံအနေဖြင့် ညီညီညွတ်ညွတ်ရှိ၍ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ယင်းသည် ခေတ်မီအသွင်ပြောင်းမှုအတွက် မိမိတို့၏ သက်ဆိုင်ရာ အကြောင်းတရားများကို အထောက်အကူပြုရာ၌ လက်တွေ့ကျသော လိုအပ်ချက် ဖြစ်ရုံသာမက ဒေသတွင်းနှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို တပေါင်းတစည်းတည်း မြှင့်တင်ရာ၌လည်း အထောက်အကူဖြစ်စေကြောင်း လီက ပြောကြားခဲ့သည်။
ထို့အတူ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးကို ပိုမိုသယ်ပိုးနိုင်ရန်အတွက် နှစ်နိုင်ငံ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းကာ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူအချင်းချင်းနှင့် ယဉ်ကျေးမှုချင်း ကူးလူးဖလှယ်ရေး၊ ပင်လယ်ရေကြောင်း အရေးကိစ္စနှင့် လုံခြုံရေး စသော “အဓိက ကဏ္ဍငါးရပ်” ၌ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရာတွင် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန်လည်း တရုတ်နိုင်ငံက အသင့်ရှိကြောင်း ၎င်းက ဆိုသည်။
နှစ်နိုင်ငံ ဥပဒေပြု အဖွဲ့အစည်းများကြား ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှု၊ ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး၊ မူဝါဒပိုင်းဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် စီမံခန့်ခွဲရေး အတွေ့အကြုံများ မျှဝေမှု တိုးမြှင့်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း လီက ပြောကြားခဲ့ပြီး မိမိတို့၏ ချစ်ကြည်ရင်းနှီးမှုအား အကြောင်းပြု၍ ပိုမိုကျယ်ပြန့်သော အောင်မြင်မှုများကို ဖန်တီးကြရန်လည်း နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့သည်။
နှစ်ဖက်အနေဖြင့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းကဲ့သို့ အရေးပါသည့် အထင်ကရ စီမံကိန်းများ အကောင်အထည်ဖော်မှု သေချာအောင်လုပ်ဆောင်ရေး၊ အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့စေရေး၊ တရားမျှတ၍ သင့်လျော်ကောင်းမွန်သော စီးပွားရေးဝန်းကျင်တစ်ခုကို အတူတကွဖန်တီးရေးအတွက်လည်း လီက တိုက်တွန်းခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3Sq

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ ပူအန် မဟာရာနီတို့ ၂၀၂၅ ခုနှစ် မေ ၂၅ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)
……………………
(English Version)
China takes Indonesia as priority in neighborhood diplomacy, says Premier Li
JAKARTA, May 25 (Xinhua) — Chinese Premier Li Qiang said here Sunday that China has always taken Indonesia as a priority in its neighborhood diplomacy.
China is willing to deepen all-round strategic cooperation with Indonesia and firmly support each other’s core interests and major concerns, Li made the remarks during his talks with Speaker of Indonesia’s House of Representatives Puan Maharani.
He noted that under the strategic guidance of the presidents of the two countries, China-Indonesia relations have witnessed continuous and robust development.
Facing the current volatile international situation, the two countries, Li said, should unite and cooperate more closely, which is not only a practical need for promoting their respective causes of modernization, but also conducive to promoting peace and development in the region and the world at large.
China is also ready to join Indonesia in carrying forward their traditional friendship, and consolidating cooperation in the “five pillars” of politics, economy, people-to-people and cultural exchange, maritime affairs and security, so as to bring greater benefits to the people of the two nations.
The Chinese side is willing to work with Indonesia to strengthen friendly exchanges between their legislative bodies and inter-party cooperation, and enhance policy communication and the sharing of governance experiences, said Li, calling on both sides to make greater achievements from their cause of friendship.
Li urged the two sides to ensure the implementation of landmark and important projects such as the Jakarta-Bandung High-Speed Railway, facilitate two-way trade and investment, and jointly create a fair and favorable business environment. xhtxs.cn/3Sq
English Caption
Chinese Premier Li Qiang meets with Speaker of Indonesia’s House of Representatives Puan Maharani in Jakarta, Indonesia, May 25, 2025. (Xinhua/Yan Yan)