North America
ဟားဗက်တက္ကသိုလ်မှ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ နာမည်စာရင်း တင်ပြရန် ထရမ့် တောင်းဆို

ဝါရှင်တန်၊ မေ ၂၆ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က မေ ၂၅ ရက်တွင် ဟားဗက်တက္ကသိုလ်မှ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူ တစ်ရပ်လုံး “အမည်နှင့် နိုင်ငံ” အချက်အလက်များ တင်ပြရန် တောင်းဆိုခဲ့ကြောင်း အမေရိကန် မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ ထိုမတိုင်မီ အစိုးရ၏ ဟားဗက်တက္ကသိုလ်မှ နိုင်ငံတကာ ကျောင်းသားများ လက်ခံခွင့်အား တားမြစ်သည့် အမိန့်ကြေညာချက်ကို ဖက်ဒရယ်တရားသူကြီးက တိုက်ဆိုင်စွာပင် ရပ်ဆိုင်းလိုက်သည်။
“ကျွန်တော်တို့က ဒီနိုင်ငံခြားကျောင်းသားတွေ ဘယ်သူဖြစ်လဲဆိုတာ ပိုင်ပိုင်နိုင်နိုင် သိရှိထားမှဖြစ်မှာပါ။ ဖက်ဒရယ်အစိုးရက နှစ်စဉ် ဟားဗက်တက္ကသိုလ်ကို ကန်ဒေါ်လာဘီလီယံချီ ခွင့်ပြုပေးတဲ့အတွက် ဒီတောင်းဆိုချက်က သဘောတရားကျပါတယ်” ဟု ထရမ့်က မေ ၂၅ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်ပြောကြားခဲ့သည်။
“ဟားဗက်က သူတို့တက္ကသိုလ်ရဲ့ ကျောင်းသား ၃၁ ရာခိုင်နှုန်းနီးပါးက နိုင်ငံခြားကဆိုတာကို ဘာလို့ ထုတ်ဖော်ပြောကြားမှု မလုပ်တာလဲ။ အဲဒီအထဲက တချို့နိုင်ငံတွေက အမေရိကန်အပေါ် လုံးဝချစ်ကြည်ရင်းနှီးမှု မရှိဘူး။ သူတို့ကျောင်းသားတွေရဲ့ ပညာရေးအတွက် တစ်ပြားတစ်ချပ်မှ ပေးချေပေးတာ မရှိသလို ပေးချေပေးဖို့ ဆန္ဒလည်းမရှိကြဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ အဆိုပါ Ivy League အဖွဲ့ဝင်တက္ကသိုလ်ကျောင်းက အစိုးရထံမှ ထောက်ပံ့ငွေ လျှောက်ထားမှုကိုလည်း ရပ်တန့်ရန် ထရမ့်က တောင်းဆိုခဲ့သည်။
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနသည် မကြာသေးမီက ဟားဗက်တက္ကသိုလ် ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူနှင့် ကူးလူးဖလှယ်ရေး ပညာရှင်များ စီမံကိန်း လုပ်ပိုင်ခွင့်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး အဆိုပါကျောင်း၏ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ လက်ခံခွင့်အား တားမြစ်ကြောင်း ကြေညာခဲ့သည်။ ဟားဗက်တက္ကသိုလ်က ဆက်လက်ပြီး အဆိုပါမူဝါဒနှင့်စပ်လျဉ်း၍ ထရမ့်အစိုးရအား တရားစွဲဆိုခဲ့သည်။
အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဖက်ဒရယ်ဒေသန္တရတရားရုံးမှ တရားသူကြီး တစ်ဦးသည် မေ ၂၃ ရက်တွင် ထရမ့်အစိုးရက ဟားဗက်တက္ကသိုလ် နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ လက်ခံခွင့် တားမြစ်သည့် မူဝါဒအပေါ် ယာယီကန့်သတ်အမိန့် ချမှတ်ခဲ့ပြီး ကြားနာပွဲမပြုလုပ်မီ “မူလအခြေအနေအတိုင်း ဆက်လက်ထိန်းသိမ်းထားရန်” တောင်းဆိုခဲ့သည်။
၂၀၂၃ ခုနှစ် ဆောင်းဦးရာသီ ပညာသင်ကာလအထိ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ အရေအတွက်သည် ဟားဗက်တက္ကသိုလ် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ အရေအတွက်၏ ၂၇ ရာခိုင်နှုန်းနှင့်အထက် ရှိကြောင်း ဟားဗက်တက္ကသိုလ် အချက်အလက်များအရ သိရသည်။ လက်ရှိ ဟားဗက်တက္ကသိုလ်တွင် နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူနှင့် ပညာရှင်ပေါင်း ၆,၈၀၀ နီးပါးကို လက်ခံထားပြီး ၎င်းတို့သည် နိုင်ငံနှင့် ဒေသပေါင်း ၁၄၀ ကျော်မှဖြစ်ကာ ၎င်းအနက်အများစုသည် မဟာဘွဲ့သင်တန်းကို လေ့လာသင်ယူနေကြသည်။
နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများသည် အမေရိကန် အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းများ၏ အရေးကြီးအရင်းအနှီး အရင်းအမြစ်များအနက် တစ်ခုဖြစ်သည်။ (Xinhua)
———————
(Chinese Version)
特朗普要求哈佛大学提交所有国际学生名单
新华社华盛顿5月25日电 据美国媒体报道,美国总统特朗普25日要求哈佛大学提交全体国际学生的“姓名与国籍”信息。此前联邦法官刚叫停了政府禁止哈佛招收国际学生的行政令。
特朗普25日在社交媒体发文说:“我们必须掌握这些外国学生身份,鉴于联邦政府每年向哈佛拨款数十亿美元,这要求合情合理。”他说:“哈佛为何不公开该校近31%学生来自外国?其中一些国家对美国根本不友好,没有为其学生的教育支付分文,也无意支付。”特朗普同时要求这所常春藤盟校停止向政府申请资助。
美国国土安全部日前宣布取消哈佛大学获得的学生和交流学者项目资质,禁止该校招收国际学生。哈佛大学随即就这一政策起诉特朗普政府。美国马萨诸塞州联邦地区法院一名法官23日对特朗普政府禁止哈佛大学招收国际学生的政策发出临时限制令,要求在举行听证会之前“维持现状”。
根据哈佛大学的数据,截至2023年秋季学期,国际学生占该校学生总数的27%以上。目前,哈佛大学招收了近6800名国际学生和学者,他们来自140多个国家和地区,其中大多数在攻读研究生课程。
国际学生是美国高校重要资金来源之一。(完)
图说:5月24日在美国马萨诸塞州剑桥拍摄的哈佛大学校园。新华社发(朱子于摄)