China
တတိယအကြိမ်မြောက် အရပ်ဘက်လေကြောင်းသိပ္ပံနှင့် ပညာရေး ဆန်းသစ်တီထွင်မှု ရလဒ်ပြပွဲ ပေကျင်းတွင် ဖွင့်လှစ်ကျင်းပ

ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ)
“ဆန်းသစ်တီထွင်မှုဖြင့် ဦးဆောင်ကာ ဉာဏ်ရည်ထည့်သွင်းမှုဖြင့် ကမ္ဘာကြီးကို ချိတ်ဆက်ခြင်း” ခေါင်းစဉ်ဖြင့် တတိယအကြိမ်မြောက် အရပ်ဘက်လေကြောင်းသိပ္ပံနှင့် ပညာရေး ဆန်းသစ်တီထွင်မှု ရလဒ်ပြပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့ အမျိုးသားကွန်ဗင်းရှင်းစင်တာတွင် မေ ၂၆ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည်။ ပြပွဲ ပြသသည့်ဧရိယာမှာ ၂၂,၀၀၀ စတုရန်းမီတာရှိပြီး ပါဝင်ပြသသည့်အဖွဲ့ ၁၀၀ ကျော်ဖြင့် ထူးခြားမှုရှိသည့် ပြခန်း ၇ ခုကို ဖွဲ့စည်းထားသည်။ ပညာရေး၊ သိပ္ပံနည်းပညာ၊ လူရည်ချွန် စသည့် ကဏ္ဍ ၃ မျိုးကို အဓိက အာရုံစိုက်ကာ တရုတ်နိုင်ငံ အရပ်ဘက်လေကြောင်း ကိုယ်တိုင် ဆန်းသစ်တီထွင်မှု နည်းပညာနှင့် ပြည်တွင်းထုတ် အရပ်ဘက်လေယာဉ်၊ ဒရုန်းစသည့် နောက်ဆုံးပေါ် ထုတ်လုပ်မှုနည်းပညာ ရလဒ်များကို တစ်စုတစ်စည်းတည်းပြသခဲ့သည်။ (Xinhua)

တတိယအကြိမ်မြောက် အရပ်ဘက်လေကြောင်းသိပ္ပံနှင့် ပညာရေး ဆန်းသစ်တီထွင်မှု ရလဒ်ပြပွဲတွင် တရုတ်နိုင်ငံ အရပ်ဘက်လေကြောင်း သိပ္ပံနည်းပညာအကယ်ဒမီ ပြခန်းသို့ သွားရောက်လေ့လာကြည့်ရှုနေသူများအား မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………
(Chinese Version)
第三届民航科教创新成果展在北京开幕
新华社照片,北京,2025年5月26日
当日,以“创新领航 智连世界”为主题的第三届民航科教创新成果展在北京国家会议中心开幕。展览展出面积2.2万平方米,由100余家参展单位组成七大特色展区,聚焦教育、科技、人才三大领域,集中展示我国民航自主创新技术和国产民机、无人机等先进制造技术成果。
图说:5月26日,参观者在第三届民航科教创新成果展的中国商飞展区参观。 新华社记者 鞠焕宗 摄
图说:5月26日,在第三届民航科教创新成果展上,参观者在中国民航科学技术研究院的展区参观。新华社记者 鞠焕宗 摄