Connect with us

China

Taklimakan နိုင်ငံတကာ လမ်းကြမ်းကားမောင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော သားအမိ

တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားခဲ့စူးမြို့တွင် ဂရိတ်ဝေါ ဟာဗယ်ကားအဖွဲ့မှ အဖွဲ့ဝင် စွန်းရှန်းယန့် (အထက် ယာ)၊ ဦးဆောင်လမ်းပြသူ မာရှင်း (အထက် ဝဲ) တို့က ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ Taklimakan နိုင်ငံတကာ လမ်းကြမ်းကားမောင်းပြိုင်ပွဲ စတင်ထွက်ခွာခြင်း အခမ်းအနားတွင် အဖွဲ့ဝင်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်နေသည်ကို မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟဲထျန် (ရှင်းကျန်း)၊ မေ ၂၆ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ Taklimakan နိုင်ငံတကာ လမ်းကြမ်းကားမောင်းပြိုင်ပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိသည်။ ပြိုင်ပွဲဝင်သူ အယောက်ရာချီထဲမှ ဂရိတ်ဝေါ ဟာဗယ်ကားအဖွဲ့၏ သားအမိအတွဲက လူအများ၏ အာရုံကို ဖမ်းစားထားနိုင်ခဲ့သည်။ မိခင်ဖြစ်သူ စွန်းရှန်းယန့်က ပြိုင်ကားမောင်းသူ အနေဖြင့် Taklimakan နိုင်ငံတကာ လမ်းကြမ်းကားမောင်းပြိုင်ပွဲ၌ ၅ ကြိမ်မြောက် ပါဝင်ခြင်းဖြစ်ကာ အတွေ့အကြုံ အလွန်ပြည့်ဝသည်။ အသက် ၂၀ အရွယ် သမီးဖြစ်သူ မာရှင်းကမူ ယမန်နှစ်က ပထမဆုံးအကြိမ် ပြိုင်ပွဲတွင်ပါဝင်ပြီးနောက် ယခုနှစ်တွင် ဦးဆောင်လမ်းပြသူအနေဖြင့် မိခင်နှင့် တွဲဖက်ပါဝင်ခြင်းဖြစ်သည်။
ကားပြိုင်မှုလောကတွင် စွန်းရှန်းယန့်သည် ကြံ့ကြံ့ခံနိုင်မှုရှိသော စိတ်ဓာတ်နှင့် နည်းပညာပုံစံဖြင့် နာမည်ကျော်ကြားကာ ခက်ခဲကြမ်းတမ်းသည့် လမ်းကြမ်းကားမောင်းပြိုင်ပွဲတွင် ကာလကြာရှည်စွာ အမျိုးသား ကားမောင်းသူများနှင့် ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် စွန်းရှန်းယန့်က ပထမဆုံံးအကြိမ်အဖြစ် Taklimakan နိုင်ငံတကာ လမ်းကြမ်းကားမောင်းပြိုင်ပွဲ၌ ပါဝင်ရာတွင် အဆင်ပြေချောမွေ့စွာ ပြိုင်ပွဲကို ပြီးစီးအောင် မောင်းနှင်နိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ၎င်းက ဒါကာ လမ်းကြမ်းကားမောင်းပြိုင်ပွဲကို ပြီးစီးအောင် မောင်းနှင်နိုင်ခဲ့သည့် ပထမဆုံး တရုတ်နိုင်ငံမှ အမျိုးသမီးပြိုင်ပွဲဝင် ဖြစ်လာခဲ့သည်။
မာရှင်းသည် ငယ်စဉ်ကတည်းက တက်ကြွသူဖြစ်ကာ မိခင်ဖြစ်သူ၏ ပြိုင်ပွဲများသို့လည်း မကြာခဏ သွားရောက် ကြည့်ရှုလေ့ရှိသည်။ ကာလကြာရှည်စွာ ကြားသိတွေ့မြင်ရသည့်အတွက် ၎င်းသည်လည်း ကားပြိုင်ပွဲ အားကစားအပေါ် စိတ်အားထက်သန်မှုများ ပေါက်ဖွားလာခဲ့သည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် မာရှင်းက ပြိုင်ပွဲဝင်လိုင်စင်ကို အဆင်ပြေချောမွေ့စွာ ရရှိခဲ့သည်။ ထို့ကြောင့်လည်း သားအမိနှစ်ဦး စည်းချက်ညီစွာဖြင့် Taklimakan နိုင်ငံတကာ လမ်းကြမ်းကားမောင်းပြိုင်ပွဲတွင် အတူလက်တွဲပြိုင်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
Taklimakan နိုင်ငံတကာ လမ်းကြမ်းကားမောင်းပြိုင်ပွဲ၌ ထပ်မံပါဝင်ယှဉ်ပြိုင်ရာ၌ မာရှင်းသည် နုနယ်မှုများ ကင်းစင်သွားပြီး ကျွမ်းကျင်မှုတိုးလာကာ မိခင်ဖြစ်သူနှင့် တွဲဖက်လုပ်ဆောင်မှုမှာလည်း ပိုမိုအဆင်ပြေချောမွေ့လာသည်။ အဆိုပါ သားအမိတွဲဖက်မောင်းနှင်လာသည့် ပြိုင်ကားသည် အဆုံးအစမဲ့ သဲပင်လယ်ကို ကျော်ဖြတ်၍ မိမိကိုယ်ကိုစိန်ခေါ်မှု ခြေရာများချန်ထားကာ ပိုမိုကျယ်ပြန့်သော ခရီးဝေးဆီသို့ မောင်းနှင်လျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားခဲ့စူးမြို့ ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ Taklimakan နိုင်ငံတကာ လမ်းကြမ်းကားမောင်းပြိုင်ပွဲစခန်းတွင် စွန်းရှန်းယန့် (ယာ) နှင့် သမီးဖြစ်သူ မာရှင်းတို့ကို ကားစတင်ထွက်ခွာခြင်း အခမ်းအနားမတိုင်မီ အမှတ်တရဓာတ်ပုံရိုက်နေသည်ကို မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားခဲ့စူးမြို့ ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ Taklimakan နိုင်ငံတကာ လမ်းကြမ်းကားမောင်းပြိုင်ပွဲစခန်းတွင် စွန်းရှန်းယန့် (ယာ) နှင့် သမီးဖြစ်သူ မာရှင်းတို့ကို ကားစတင်ထွက်ခွာခြင်း အခမ်းအနားမတိုင်မီ အမှတ်တရဓာတ်ပုံရိုက်နေသည်ကို မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————
(Chinese Version)
新华全媒+·图片故事|母女搭档驰骋环塔
新华社照片,和田(新疆),2025年5月26日
2025中国环塔国际拉力赛(简称“环塔”)激战正酣。在数百名参赛人员中,长城哈弗车队的一对母女搭档格外引人注目。母亲孙相燕作为赛车手,已经是第五次参加环塔,经验丰富。20岁的女儿马欣,继去年首次参赛后,今年再次以领航员的身份与母亲搭档。
在赛车界,孙相燕以坚韧的意志和技术风格著称,长期在艰苦卓绝的拉力赛场上与男车手们同场竞技。2018年,孙相燕首次踏上环塔征途就顺利完赛。2024年初,她又成为中国首个跑完达喀尔拉力赛的女车手。
马欣从小活泼好动,也常去现场观看妈妈的比赛,长期耳濡目染下,她萌生了对赛车运动的热情和向往。2024年4月,马欣顺利考取赛照,母女两人一拍即合,决心并肩作战,驰骋环塔。
再度征战环塔,马欣褪去青涩,多了一份老练,与妈妈的配合更加流畅。这对母女搭档驾驶赛车驶过无垠沙海,留下挑战自我的轨迹,走向更广的远方。
图说1:在新疆阿克苏市,长城哈弗车队车手孙相燕(上右)、领航员马欣(上左)在2025中国环塔国际拉力赛发车仪式上与车队成员合影(5月20日摄)。 新华社记者 胡星宇 摄
图说2、3:在位于新疆阿克苏市的环塔营地,孙相燕(右)和女儿马欣在发车仪式前拍摄合影(5月20日摄)。 新华社记者 胡星宇 摄