International Organizations
၂၀၂၅ ခုနှစ် မေ ၂၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ်တွင် မန်စီးတီး၊ ချဲလ်ဆီးနှင့် နယူးကာဆယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ
ပရီးမီးယားလိဂ်တွင် ချန်ပီယံအသင်းနှင့် တန်းဆင်းရမည့် အသင်းများမှာ အစောပိုင်းကတည်းက အဖြေထွက်ခဲ့ပြီးဖြစ်သဖြင့် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်မှာ လာမည့်ရာသီ၌ ဥရောပဝင်ခွင့် ရရှိရေးအတွက်သာ အဓိကယှဉ်ပြိုင်ခဲ့ကြသည်။
ချန်ပီယံလိဂ်ဝင်ခွင့် သုံးနေရာအတွက် အသင်းငါးသင်းက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ကျန်နှစ်သင်းကမူ ကွန်ဖရန့်စ်လိဂ် ဝင်ခွင့်တစ်နေရာအတွက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
ဒုတိယရရှိခဲ့သည့် အာဆင်နယ်က အမှတ်ပေးဇယားအောက်ဆုံးမှ ဆောက်သမ်တန်အား ၂-၁ ဂိုးဖြင့် အဝေးကွင်း၌ အနိုင်ရရှိခဲ့ကာ ယခုရာသီအား အနိုင်ရလဒ်ဖြင့် ပိတ်သိမ်းနိုင်ခဲ့ပြီး အာဆင်နယ်အတွက် အနိုင်ဂိုးများကို ကီရန် တီယာနီနှင့် မာတင် အိုဒီဂတ်တို့က သွင်းယူပေးခဲ့သည်။
ဂိုးကွာခြားချက် အသာရရှိထားသည့် မန်ချက်စတာစီးတီးအသင်းမှာ ဖူလ်ဟမ်နှင့်ပွဲစဉ် မတိုင်မီမှာပင် ထိပ်ဆုံးငါးသင်းထဲ ဝင်နိုင်ရန် သေချာသလောက်နီးပါးရှိသော်လည်း အီလ်ကေး ဂွန်ဒိုဂန်၊ အာလင် ဟာလန်းတို့၏ သွင်းဂိုးများနှင့်အတူ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆင့်-၃ နေရာကို အခိုင်အမာရယူနိုင်ခဲ့သည်။
ချဲလ်ဆီးအသင်းကလည်း ပွဲကစားချိန် မိနစ် ၅၀ တွင် သွင်းယူခဲ့သည့် လီဗိုင် ကိုးဝဲလ်၏ သွင်းဂိုးဖြင့် နော့တင်ဟမ် ဖောရက်စ်အား အဝေးကွင်း၌ အနိုင်ရရှိခဲ့ပြီး အဆင့်-၄ နေရာကို ရယူနိုင်ခဲ့သည်။ သို့ဖြစ်ရာ အန်ဇို မာရက်စကာ၏အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခဲ့ပြီး ယခုရာသီ၌ ထိပ်ဆုံးငါးသင်းထဲတွင် အချိန်အတော်ကြာ ရပ်တည်နိုင်ခဲ့သည့် ဖောရက်စ်မှာမူ ကွန်ဖရန့်စ်လိဂ်ပြိုင်ပွဲတွင်သာ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
နယူးကာဆယ်က အဲဗာတန်အား အိမ်ကွင်း၌ ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အက်စတွန်ဗီလာက မန်ချက်စတာ ယူနိုက်တက်ကို ၀-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်အတွက် အဆင့်-၅ ဖြင့် ရာသီသိမ်းနိုင်ခဲ့သည်။
…..
— ဘာစီလိုနာက ယခုဘောလုံးရာသီကို နိုင်ပွဲဖြင့်အဆုံးသတ်၊ ဘီဘာအိုက နောက်ခံလူ အော်စကာ ဒီမားကို့စ်အား နှုတ်ဆက်
မေ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါ ရာသီပိတ်ပွဲစဉ်၌ ဘာစီလိုနာက အက်သလက်တစ် ဘီဘာအိုကို အဝေးကွင်း၌ ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးအတွက် ရလဒ်ပိုင်းအရ အရေးပါမှုမရှိတော့သည့် ပွဲစဉ်တစ်ပွဲဖြစ်သည်။
ဘီဘာအိုအသင်း၌ ၅၇၃ ပွဲမြောက်နှင့် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့သည့် နောက်ခံလူ အော်စကာ ဒီမားကို့စ်အား နှစ်ဖက်အသင်းသားများက ဂုဏ်ပြုခဲ့ပြီးနောက် ပွဲကိုစတင်ယှဉ်ပြိုင်ခဲ့သည်။ ဒီမားကို့စ်မှာ ဘီဘာအိုအသင်း၌ ၁၆ နှစ်ကြာ ကစားခဲ့သူဖြစ်သည်။
ရောဘတ် လီဝန်ဒေါစကီးက သုံးမိနစ်အတွင်း နှစ်ဂိုးသွင်းယူခဲ့သဖြင့် ဘာစီလိုနာက ပထမပိုင်းတွင် နှစ်ဂိုးအသာဖြင့် ဦးဆောင်ခဲ့ပြီး ဒါနီ အိုလ်မိုက ပင်နယ်တီမှတစ်ဆင့် တတိယဂိုးသွင်းယူခဲ့သည်။ ဒီမားကို့စ်မှာ ဆန်မားမက်စ် အားကစားကွင်းထဲမှ နောက်ဆုံးအကြိမ် ထွက်ခွာသွားချိန်တွင် ၎င်းအား စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်ခဲ့ကြသည်။
အက်သလက်တီကို မက်ဒရစ်ကလည်း ဂျီရိုနာကို အဝေးကွင်း၌ ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တိုက်စစ်မှူး အလက်ဇန်းဒါး ဆော်လော့က ဟက်ထရစ်သွင်းယူကာ ယခုရာသီကို အဆုံးသတ်နိုင်ခဲ့ပြီး ယခုရာသီ၌ ၎င်း၏သွင်းဂိုးမှာ ဂိုး ၂၀ ရှိလာပြီဖြစ်သည်။ ဗီလာရီးရဲလ်ကလည်း ဆီဗီလာအား အိမ်ကွင်း၌ ၄-၂ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး ပါပေ ဂူယီက နှစ်ဂိုး၊ ယီရီမီ ပင်နိုက တစ်ဂိုး၊ အဲလက်စ် ဘယ်နာက တစ်ဂိုး အသီးသီးသွင်းယူခဲ့သည်။
…..
— ရီးရဲလ်မက်ဒရစ်က ဇာဘီ အလွန်ဆိုအား နည်းပြချုပ်သစ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြု
စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က ကာလို အန်ဆယ်လော့တီ၏ နေရာတွင် ဇာဘီ အလွန်ဆိုအား နည်းပြချုပ်သစ်အဖြစ် ခန့်အပ်ကြောင်း မေ ၂၅ ရက်၌ ကြေညာခဲ့သည်။ ရီးရဲလ်ဆိုစီဒက်-ဘီ အသင်းနှင့် လေဗာကူဆင်အသင်း နည်းပြဟောင်းဖြစ်သူ အလွန်ဆိုမှာ ၂၀၂၈ ခုနှစ် ဇွန်လအထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကာ ယခုနွေရာသီတွင် ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရီးရဲလ်အား စတင်ကိုင်တွယ်မည်ဖြစ်သည်။
အလွန်ဆိုမှာ ၎င်း၏ကစားသမားဘဝကို ရီးရဲလ်ဆိုစီဒက်တွင် စတင်ခဲ့ပြီး လီဗာပူးလ်နှင့်အတူ အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့ကာ ဘောလုံးရာသီ ငါးခုကြာ ကစားခဲ့ရာတွင် ၂၃၆ ပွဲ ပါဝင်ကစားခဲ့ပြီး အသင်းနှင့် ချန်ပီယံလိဂ်ဆုဖလား၊ လာလီဂါဆုဖလားနှင့် စပိန်ဘုရင့်ဖလားနှစ်လုံး ဆွတ်ခူးနိုင်ခဲ့သည်။
၎င်းအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဂျာမန်ကလပ် လေဗာကူဆင်အသင်း နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး အသင်းအား တန်းမဆင်းရအောင် စွမ်းဆောင်ပေးခဲ့သည်။ ထို့နောက် ၎င်း၏ ဦးဆောင်မှုအောက်တွင် လေဗာကူဆင်မှာ ပထမဆုံးသော ဘွန်ဒက်စ်လီဂါ ဆုဖလားကို ရှုံးပွဲမရှိဘဲ ရယူနိုင်ခဲ့သလို ဂျာမန်ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော်လည်း အတ္တလန်တာအား ၀-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
…..
— ပြင်သစ်အိုးပင်းတွင် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန် ဒုတိယအဆင့်သို့ တက်ရောက်
မေ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်အိုးပင်း ပထမအဆင့်ပွဲစဉ်၌ အိုလံပစ်ချန်ပီယံ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က ပြင်သစ်အိုးပင်း၌ ဗိုလ်လုပွဲ တက်ရောက်ဖူးသည့် ရုရှားတင်းနစ်မယ် အနာစတာရှာ ပက်ဗ်လျူချန်ကိုဗာအား ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့သည်။
ကျိန့် (ဆီဒင်-၇) မှာ Roland Garros (ပြင်သစ်အိုးပင်း) ဒုတိယအဆင့်သို့ လေးနှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ခုနစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဒုတိယအဆင့်၌ ဖိလစ်ပိုင်တင်းနစ်မယ် အလက်ဇန်ဒရာ အီယာလာ သို့မဟုတ် ကိုလံဘီယာတင်းနစ်မယ် အမ်မီလီယာနာ အာရန်ဂိုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)
…………………………
(English Version)
Man City, Chelsea and Newcastle book Champions League places
With the title and relegation long decided, the final day of the Premier League season is focused on the battle for next season’s European competition spots.
Five teams are competing for three Champions League places, while two others aim to secure a potential spot in the Conference League.
Second-placed Arsenal closed out the campaign with a 2-1 win away to bottom side Southampton, with goals from Kieran Tierney and Martin Odegaard.
Goal difference meant Manchester City was virtually assured of a top-five finish before kickoff against Fulham, but goals from Ilkay Gundogan and an Erling Haaland penalty sealed a 2-0 win and third place.
Chelsea claimed fourth place thanks to Levi Colwill’s 50th-minute goal away to Nottingham Forest. Enzo Maresca’s side secured a Champions League berth, while Forest will settle for the Conference League after spending much of the season in the top five.
Despite the 1-0 loss, Newcastle finishes fifth, edging in due to Aston Villa’s 2-0 defeat to Manchester United.
…..
Barca ends season with a win as Athletic Bilbao says goodbye to De Marcos
FC Barcelona ended the season with a 3-0 win away to Athletic Bilbao on Sunday in a game where neither side had anything significant at stake.
The match began after both teams gave a guard of honor to Athletic Bilbao defender Oscar de Marcos, who was making his 573rd and final appearance after 16 years with the club.
Two goals in just three minutes from Robert Lewandowski put Barca 2-0 ahead in the first half, with the third coming from Dani Olmo’s penalty, moments after De Marcos received an emotional send-off as he left the pitch at San Mames for the last time.
Alexander Sorloth ended the season with a hat trick to take his tally of league goals to 20 as Atletico Madrid won 4-0 away to Girona, while Yeremy Pino, Pape Gueye (twice) and Alex Baena scored in Villarreal’s 4-2 victory at home to Sevilla.
…..
Real Madrid confirms Xabi Alonso as new head coach
Real Madrid on Sunday named Xabi Alonso as its new head coach to replace Carlo Ancelotti. The former Real Sociedad B and Bayer Leverkusen boss has signed a contract until June 2028, and will lead Madrid in this summer’s Club World Cup.
Alonso began his playing career at Real Sociedad, and after a successful spell with Liverpool, moved to Real Madrid in 2009, making 236 appearances across a five-year spell, winning the Champions League, La Liga and two Copas del Rey.
He joined Bayer Leverkusen in October 2022, helping lift the German club out of relegation danger, before guiding the club to its first-ever Bundesliga title in a remarkable unbeaten campaign, in which Leverkusen also won the German Cup and reached the final of the Europa League, losing 3-0 to Atalanta.
…..
China’s Zheng reaches French Open second round
Olympic champion Zheng Qinwen of China defeated former French Open finalist Anastasia Pavlyuchenkova 6-4, 6-3 in the first round of the French Open on Sunday.
Zheng, the No. 7 seed, advanced to the second round at Roland Garros for the fourth consecutive year and extended her winning streak at the tournament to seven matches. She will next face either Alexandra Eala of the Philippines or Colombia’s Emiliana Arango.