Asia
တရုတ်-အာဆီယံ ကုန်သွယ်စီးပွား ဖိုရမ်နှင့် တတိယအကြိမ်မြောက် ထောက်ပံ့ရေးကွင်းဆက်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနား ကွာလာလမ်ပူမြို့တွင် ကျင်းပ

ကွာလာလမ်ပူ၊ မေ ၂၇ ရက် (ဆင်ဟွာ)
တရုတ်-အာဆီယံ ကုန်သွယ်စီးပွား ဖိုရမ် နှင့် တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်မှုပြပွဲ (ထောက်ပံ့ရေးကွင်းဆက်ပြပွဲ) မိတ်ဆက်ပွဲအခမ်းအနားကို မေ ၂၆ ရက်က မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်၊ အာဆီယံနိုင်ငံများမှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဌာနများ၊ ကုန်သည်ကြီးများအသင်းနှင့် ကုမ္ပဏီလုပ်ငန်း ကိုယ်စားလှယ် ၂၀၀ နီးပါး တက်ရောက်ကြသည်။
တရုတ် နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) ဥက္ကဋ္ဌ ရန့်ဟုန်ပင်းက အဖွင့်အမှာစကား ပြောကြားရာ၌ ယခုနှစ်များတွင် တရုတ်နှင့် အာဆီယံ၏ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် အရည်အသွေးမြှင့်၊ အဆင့်မြှင့်လျက်ရှိရာ ကြွယ်ဝသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ CCPIT အနေဖြင့် အာဆီယံ စက်မှု၊ စီးပွားရေးနယ်ပယ် အသိုက်အဝန်းနှင့်အတူ နှစ်ဖက် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရန်၊ ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ရန်၊ ဘက်ပေါင်းစုံကဏ္ဍတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် လုပ်ဆောင်ရန်၊ အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီးအစည်းအဝေးတွင် တက်ကြွစွာ ပါဝင်ကာ ဒေသတွင်းတစ်သားတည်းဖြစ်စဉ်ကို အားဖြည့်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်ရေး ဝန်ကြီးဌာန ဝန်ကြီး Chang Lih Kang က မလေးရှားနှင့် တရုတ်နိုင်ငံသည် အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်သည့် မိတ်ဖက်ဆက်ဆံရေးကို ရေရှည်ထိန်းသိမ်းထားကြောင်း၊ အနာဂတ်တွင် နှစ်ဖက်၏ ကိုယ်စီအားသာချက်များကို ပေါင်းစည်းကာ ပို၍ အင်အားကြီးသော၊ စမတ်ဖြစ်၍ စဉ်ဆက်မပြတ်ဖြစ်သော ထောက်ပံ့ရေးကွင်းဆက်စနစ်ကို တည်ဆောက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ တတိယအကြိမ်မြောက် ထောက်ပံ့ရေးကွင်းဆက်ပြပွဲသည် မလေးရှားနှင့် အာဆီယံ ကုမ္ပဏီလုပ်ငန်းများအတွက် စွမ်းရည်ပြသသည့်၊ အနာဂတ်ကို အတူတကွတည်ဆောက်ရေး စူးစမ်းရှာဖွေသည့် အကောင်းဆုံးပလက်ဖောင်းဖြစ်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မလေးရှား-တရုတ် စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Low Kian Chuan က တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် (CAFTA) ဗာရှင်း ၃.၀ စေ့စပ်ညှိနှိုင်းမှုများသည် လက်တွေ့ပြီးမြောက်ခြင်းနှင့်အတူ နှစ်ဖက်အနေဖြင့် အပြန်အလှန်လေးစားမှုနှင့် ဘုံအကျိုးဖြစ်ထွန်းသည့် တိုးတက်မှု၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တစ်ဆင့်တိုး နက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထောက်ပံ့ရေးကွင်းဆက်ပြပွဲသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကဏ္ဍ စီးပွားရေးလုပ်ငန်းရှင်နှင့် တရုတ်နိုင်ငံ၏ ဧရာမကြီးမားလာသော ထောက်ပံ့ရေးကွင်းဆက် ကွန်ရက်တို့ ချိတ်ဆက်ရာ အရေးကြီးပလက်ဖောင်း ဖြစ်လာပြီး အားလုံးပါဝင်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမည်၊ ထောက်ပံ့ရေးကွင်းဆက် ကြံ့ကြံ့ခံနိုင်ရည်ကို မြှင့်တင်မည်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပေးမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အခမ်းအနားသို့ တက်ရောက်ကြသော အခြား အာဆီယံကိုယ်စားလှယ်များကလည်း လက်ရှိ ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက် အရှိန်အဟုန်မြှင့် ပြန်လည်တည်ဆောက်လျက်ရှိရာ အာဆီယံနှင့် တရုတ်နိုင်ငံသည် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ကုန်ထုတ်လုပ်ငန်း ဟန်ချက်ညီညီ ဆောင်ရွက်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကျယ်ပြန့်သည်ဟု ယူဆကြသည်။
ထောက်ပံ့ရေးကွင်းဆက်ပြပွဲသည် နိုင်ငံအသီးသီး အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းရေး၊ ပူးပေါင်းဆောင်ရွက်မှု ကျယ်ပြန့်ရေးလုပ်ဆောင်ရန်အတွက် အရေးကြီးပလက်ဖောင်း တည်ဆောက်ပေးလိုက်ကြောင်း၊ အာဆီယံနိုင်ငံအသီးသီးရှိ ကုမ္ပဏီလုပ်ငန်းများကလည်း တတိယအကြိမ်မြောက် ထောက်ပံ့ရေးကွင်းဆက်ပြပွဲကို တက်တက်ကြွကြွပါဝင်ကာ တံခါးဖွင့်လှစ်သော၊ တည်ငြိမ်သော၊ စဉ်ဆက်မပြတ်ဖြစ်သော ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်စနစ်ကို အတူတကွ တည်ဆောက်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှု၊ အတူတကွဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်အောင် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းတို့က ယူဆကြသည်။
တတိယအကြိမ်မြောက် ထောက်ပံ့ရေးကွင်းဆက်ပြပွဲကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အထိ ပေကျင်းမြို့တွင် ကျင်းပရန် သတ်မှတ်ထားပြီး ခေတ်မီ ထုတ်လုပ်မှု ကွင်းဆက်၊ သန့်စင်စွမ်းအင် ကွင်းဆက်၊ စမတ်မော်တော်ယာဉ်ကွင်းဆက်၊ ဒစ်ဂျစ်တယ် သိပ္ပံနှင့် နည်းပညာ ကွင်းဆက်၊ ကျန်းမာသော လူနေမှုဘဝကွင်းဆက်၊ အစိမ်းရောင် စိုက်ပျိုးရေးလုပ်ငန်းကွင်းဆက် စသည့် ကွင်းဆက်ကြီး ၆ ခုနှင့် ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ ဝန်ဆောင်မှုပြခန်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
中国—东盟经贸论坛暨第三届链博会推介会在吉隆坡举行
新华社吉隆坡5月26日电(记者王嘉伟 程一恒)中国—东盟经贸论坛暨第三届中国国际供应链促进博览会(链博会)推介会26日在马来西亚首都吉隆坡举行。来自中国、东盟国家的贸易投资促进机构、商协会和企业代表近200人参加。
中国贸促会会长任鸿斌在开幕致辞中表示,近年来,中国与东盟经贸合作不断提质升级,取得丰硕成果。中国贸促会愿与东盟国家工商界一道,推进双边经贸合作,加强产业链供应链协同发展,深化多边领域务实合作,积极参与东盟—中国—海合会峰会,助力区域一体化进程。
马来西亚科技与创新部长郑立慷指出,马来西亚与中国长期保持互利共赢的伙伴关系,期待未来双方结合各自优势,构建更加强大、智能且可持续的供应链体系。相信第三届链博会能够成为马来西亚及东盟企业展示能力、探索共建未来的绝佳平台。
马来西亚—中国商务理事会主席卢成全说,随着中国—东盟自由贸易区3.0版谈判实质性完成,双方将进一步深化互相尊重与共赢发展的友好关系。相信链博会将成为全球供应商接轨中国庞大供应链网络的重要平台,推动包容性合作、增强供应链韧性并助力可持续发展。
其他与会东盟代表认为,当前区域供应链加速重构,东盟与中国在科技创新与产业协同方面合作空间广阔。链博会为各国深化互信、拓展合作搭建了重要平台。东盟各国企业将积极参与第三届链博会,共同打造开放、稳定、可持续的区域供应链体系,推动实现互利共赢、共同发展。
第三届链博会定于2025年7月16日至20日在北京举办,设置先进制造链、清洁能源链、智能汽车链、数字科技链、健康生活链、绿色农业链等6大链条和供应链服务展区。(完)
1. 5月26日,在马来西亚首都吉隆坡,与会嘉宾在中国—东盟经贸论坛暨第三届中国国际供应链促进博览会(链博会)推介会上合影。新华社记者 程一恒 摄