Media
မန်စီးတီး၊ ချဲလ်ဆီးနှင့် နယူးကာဆယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ
ပရီးမီးယားလိဂ်တွင် ချန်ပီယံအသင်းနှင့် တန်းဆင်းရမည့် အသင်းများမှာ အစောပိုင်းကတည်းက အဖြေထွက်ခဲ့ပြီးဖြစ်သဖြင့် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်မှာ လာမည့်ရာသီ၌ ဥရောပဝင်ခွင့် ရရှိရေးအတွက်သာ အဓိကယှဉ်ပြိုင်ခဲ့ကြသည်။
ချန်ပီယံလိဂ်ဝင်ခွင့် သုံးနေရာအတွက် အသင်းငါးသင်းက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ကျန်နှစ်သင်းကမူ ကွန်ဖရန့်စ်လိဂ် ဝင်ခွင့်တစ်နေရာအတွက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
ဒုတိယရရှိခဲ့သည့် အာဆင်နယ်က အမှတ်ပေးဇယားအောက်ဆုံးမှ ဆောက်သမ်တန်အား ၂-၁ ဂိုးဖြင့် အဝေးကွင်း၌ အနိုင်ရရှိခဲ့ကာ ယခုရာသီအား အနိုင်ရလဒ်ဖြင့် ပိတ်သိမ်းနိုင်ခဲ့ပြီး အာဆင်နယ်အတွက် အနိုင်ဂိုးများကို ကီရန် တီယာနီနှင့် မာတင် အိုဒီဂတ်တို့က သွင်းယူပေးခဲ့သည်။
ဂိုးကွာခြားချက် အသာရရှိထားသည့် မန်ချက်စတာစီးတီးအသင်းမှာ ဖူလ်ဟမ်နှင့်ပွဲစဉ် မတိုင်မီမှာပင် ထိပ်ဆုံးငါးသင်းထဲ ဝင်နိုင်ရန် သေချာသလောက်နီးပါးရှိသော်လည်း အီလ်ကေး ဂွန်ဒိုဂန်၊ အာလင် ဟာလန်းတို့၏ သွင်းဂိုးများနှင့်အတူ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆင့်-၃ နေရာကို အခိုင်အမာရယူနိုင်ခဲ့သည်။
ချဲလ်ဆီးအသင်းကလည်း ပွဲကစားချိန် မိနစ် ၅၀ တွင် သွင်းယူခဲ့သည့် လီဗိုင် ကိုးဝဲလ်၏ သွင်းဂိုးဖြင့် နော့တင်ဟမ် ဖောရက်စ်အား အဝေးကွင်း၌ အနိုင်ရရှိခဲ့ပြီး အဆင့်-၄ နေရာကို ရယူနိုင်ခဲ့သည်။ သို့ဖြစ်ရာ အန်ဇို မာရက်စကာ၏အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခဲ့ပြီး ယခုရာသီ၌ ထိပ်ဆုံးငါးသင်းထဲတွင် အချိန်အတော်ကြာ ရပ်တည်နိုင်ခဲ့သည့် ဖောရက်စ်မှာမူ ကွန်ဖရန့်စ်လိဂ်ပြိုင်ပွဲတွင်သာ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
နယူးကာဆယ်က အဲဗာတန်အား အိမ်ကွင်း၌ ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အက်စတွန်ဗီလာက မန်ချက်စတာ ယူနိုက်တက်ကို ၀-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်အတွက် အဆင့်-၅ ဖြင့် ရာသီသိမ်းနိုင်ခဲ့သည်။ (Xinhua)
……………………
(English Version)
Man City, Chelsea and Newcastle book Champions League places
With the title and relegation long decided, the final day of the Premier League season is focused on the battle for next season’s European competition spots.
Five teams are competing for three Champions League places, while two others aim to secure a potential spot in the Conference League.
Second-placed Arsenal closed out the campaign with a 2-1 win away to bottom side Southampton, with goals from Kieran Tierney and Martin Odegaard.
Goal difference meant Manchester City was virtually assured of a top-five finish before kickoff against Fulham, but goals from Ilkay Gundogan and an Erling Haaland penalty sealed a 2-0 win and third place.
Chelsea claimed fourth place thanks to Levi Colwill’s 50th-minute goal away to Nottingham Forest. Enzo Maresca’s side secured a Champions League berth, while Forest will settle for the Conference League after spending much of the season in the top five.
Despite the 1-0 loss, Newcastle finishes fifth, edging in due to Aston Villa’s 2-0 defeat to Manchester United.