Connect with us

China

ယခုနှစ် ပထမငါးလတာအတွင်း တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ ခရီးသွားဧည့်သည် သန်း ၂၀ ခန့် လာရောက်လည်ပတ်

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသရှိ ဗစ်တိုးရီးယားပန်းခြံ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ဟောင်ကောင်ပန်းပွဲတော်အတွင်း အမှတ်တရ ဓာတ်ပုံရိုက်နေသူတစ်ဦးအား ၂၀၂၅ ခုနှစ် မတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
ယခုနှစ် ပထမငါးလတာအတွင်း တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) သို့ ခရီးသွားဧည့်သည် သန်း ၂၀ နီးပါး လာရောက်လည်ပတ်ခဲ့ပြီး ယမန်နှစ် ကာလတူထက် ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အဆိုပါ ခရီးသွားဧည့်သည်များအနက် လေးပုံသုံးပုံမှာ တရုတ်ပြည်မကြီးမှဖြစ်ကြောင်း HKSAR အစိုးရ၏ ဘဏ္ဍာရေးအတွင်းဝန် ပေါလ်ချန်က ဇွန် ၈ ရက်၌ ပြောကြားခဲ့သည်။
ထိုကဲ့သို့ ခရီးသွားဧည့်သည် အများအပြား ဝင်ရောက်သည့် အဓိကအကြောင်းရင်းမှာ ယဉ်ကျေးမှု၊ အားကစားနှင့် ဖျော်ဖြေရေးဆိုင်ရာ ပျော်ပွဲရွှင်ပွဲများ စီစဉ်ကျင်းပသည့် အပန်းဖြေဥယျာဉ် အမျိုးမျိုးကြောင့်ဖြစ်ပြီး ခရီးသွားဧည့်သည် ဝင်ရောက်မှု ပုံမှန်တိုးတက်စေရန် အထောက်အကူပြုလျက်ရှိကြောင်း ချန်က ဘလော့ဂ်ပို့စ်တစ်ခု၌ ရေးသားထားသည်။
ယခုနှစ် ပထမနှစ်ဝက်အတွင်း ကျင်းပမည့် အထင်ကရ အခမ်းအနားများကလည်း ခရီးသွားဧည့်သည် ၈၄၀,၀၀၀ ခန့်ကို ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ပြီး စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုမှ စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၃.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၂၁ သန်း)၊ စီးပွားရေးအကျိုးအမြတ် ခန့်မှန်းတန်ဖိုးမှာ ဟောင်ကောင်ဒေါ်လာ ၁.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂၉ သန်း) ရှိနိုင်မည်ဟုလည်း ၎င်းက ခန့်မှန်းထားသည်။
HKSAR အစိုးရအနေဖြင့် ခရီးသွားအတွေ့အကြုံကို အဘက်ဘက်မှ တိုးမြှင့်ပေးရန်အတွက် ထိုအခမ်းအနားများကို ဟောင်ကောင်ရှိ အခြားသော ခရီးသွားဧည့်သည် ဆွဲဆောင်ရာနေရာများနှင့် ပေါင်းစပ်ညှိနှိုင်းသွားရန် ရည်မှန်းထားကြောင်း ချန်က ဖြည့်စွက်ပြောကြားခဲ့သည်။
ခရီးသွားဧည့်သည် ဆွဲဆောင်ရာနေရာသစ်များ၊ မြို့ပြနှင့် ကျေးလက်ဒေသများ၏ တစ်မူထူးခြားသော သွင်ပြင်လက္ခဏာများနှင့်အတူ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားအစီအစဉ်များက ခရီးသွားဧည့်သည်များစွာကို ဆက်လက်ဆွဲဆောင်ထားကာ နှစ်စဉ်လာရောက်သည့် ခရီးသွားဧည့်သည်ဦးရေ ဆက်လက်တိုးပွားစေရန် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ယခုနှစ် ဒုတိယနှစ်ဝက်ကာလကို မျှော်တွေးလျက် ချန်က ပြောကြားခဲ့သည်။ (Xinhua)

…………………
(English Version)
Hong Kong records about 20 mln visitor arrivals in first 5 months
HONG KONG, June 9 (Xinhua) — Hong Kong welcomed approximately 20 million visitor arrivals in the first five months of this year, with three quarters from the Chinese mainland, up 10 percent year on year, Paul Chan, financial secretary of the Hong Kong Special Administrative Region (HKSAR) government, said on Sunday.
This influx is largely attributed to a variety of themed events in culture, sports, and entertainment, contributing to a steady increase in visitor arrivals, Chan said in a blog post.
He also projected that major events in the first half of the year will attract around 840,000 visitors, generating a total of 3.3 billion Hong Kong dollars (421 million U.S. dollars) in consumer spending and 1.8 billion Hong Kong dollars (229 million U.S. dollars) in added economic value.
The HKSAR government aims to synergize these events with Hong Kong’s other attractions to enhance the overall visitor experience, Chan added.
Looking ahead to the second half of the year, Chan expressed optimism that a series of cultural, sports, and tourism events, alongside new attractions and the unique characteristics of urban and rural areas, will continue to draw large numbers of tourists, contributing to ongoing growth in annual visitor figures.
English Caption
A visitor takes a photo during Hong Kong Flower Show 2025 at the Victoria Park in south China’s Hong Kong, March 14, 2025. (Xinhua/Zhu Wei)