Media
ဘရာဇီးဂိုးသမား အယ်လစ်ဆန်က နည်းပြအန်ဆယ်လော့တီအား ထောက်ခံ
ဘရာဇီးလက်ရွေးစင်အသင်း နည်းပြသစ် ကာလို အန်ဆယ်လော့တီ၏ သက်ရောက်မှုမှာ လာမည့်နှစ် ဖီဖာကမ္ဘာ့ဖလားမတိုင်မီအထိ အပြည့်အဝ ရုပ်လုံးပေါ်လာနိုင်ဦးမည် မဟုတ်ကြောင်း ဘရာဇီးဂိုးသမား အယ်လစ်ဆန် ဘက်ကာက ဇွန် ၇ ရက်၌ ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ဘရာဇီးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည့် အန်ဆယ်လော့တီအနေဖြင့် ဂွါယာကီမြို့တွင် အီကွေဒေါအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ဇွန် ၅ ရက် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပွဲဦးထွက် ကိုင်တွယ်ခဲ့ပြီး အဆိုပါပွဲစဉ်၌ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။
အန်ဆယ်လော့တီအနေဖြင့် အသင်း၌ အထင်ကြီးစရာ စွမ်းဆောင်ရည်များကို ပြသလျက်ရှိသော်လည်း အဆိုပါ အီတလီသားနည်းပြ၏ ရေရှည်အကျိုးသက်ရောက်မှုများ ရုပ်လုံးပေါ်လာရန် အချိန်ယူရမည်ဖြစ်ကြောင်း အယ်လစ်ဆန်က သတိပေးခဲ့သည်။
“ဘောလုံးဆိုတာဟာ တစ်ဆင့်ပြီးတစ်ဆင့်သွားရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တာကို ကျွန်တော်တို့တွေ သိရှိထားတာမို့ ပြဿနာအားလုံးကို ညတွင်းချင်း ဖြေရှင်းနိုင်မယ်လို့ ယူဆလို့မရနိုင်ပါဘူး” ဟု လီဗာပူးလ် ကစားသမားလည်းဖြစ်သူ အယ်လစ်ဆန်က ဆော်ပေါ်လိုမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဘရာဇီးအသင်းမှာ ကော်ရင်သီယန်စ် အားကစားကွင်း၌ ပါရာဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဇွန် ၁၀ ရက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မတိုင်မီ ဆော်ပေါ်လို၌ လေ့ကျင့်ခန်းဆင်းနေခြင်းဖြစ်သည်။
ရီးရဲလ်မက်ဒရစ် နည်းပြဟောင်းဖြစ်သူ အန်ဆယ်လော့တီမှာ ပိုမိုကောင်းမွန်သော ခံစစ်ပိုင်း စုစည်းညီညွတ်မှု၊ အဝတ်လဲခန်းအတွင်း သက်သောင့်သက်သာဖြစ်စေသော ပတ်ဝန်းကျင်တို့ကို ဖန်တီးပေးခဲ့ပြီးဖြစ်ကြောင်း အယ်လစ်ဆန်က ဆိုသည်။ (Xinhua)
……………….
(English Version)
Alisson backs Ancelotti, says changes will take time
Brazil goalkeeper Alisson Becker said Saturday that the influence of new manager Carlo Ancelotti may not be fully apparent until the FIFA World Cup next year.
Ancelotti, who was appointed last month, took charge of his first match on Thursday as Brazil was held to a goalless draw by Ecuador in a World Cup qualifier in Guayaquil.
Alisson said Ancelotti was already making his mark within the squad but cautioned that the long-term effects of the Italian’s management would take time to materialize.
“We know that football is a process and we can’t expect all the problems to be resolved overnight,” the Liverpool player told a news conference in Sao Paulo, where the team is training ahead of next Tuesday’s World Cup qualifier against Paraguay at Corinthians Arena.
Alisson said the former Real Madrid boss had already brought greater defensive cohesion and a relaxed atmosphere in the dressing room.