Africa & Middle East
ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီတို့သည် ၂၀၂၅ ခုနှစ် ဇွန် ၁၄ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
အာရက်ဂ်ချီက ဒေသတွင်း နောက်ဆုံးအခြေအနေများကို အကြောင်းကြားခဲ့ပြီး မကြာသေးမီရက်က အစ္စရေး၏ ပြောင်ပြောင်တင်းတင်း အပြင်းအထန် တိုက်ခိုက်မှုကြောင့် အီရန်ဘက် စစ်ရေးဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း၊ အထူးသဖြင့် အီရန်၏ နျူကလီးယားအဆောက်အအုံများအား တိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုသည် အလွန်ပင် အန္တရာယ်မြင့်မားကာ ဒေသတွင်းတစ်ခုလုံးအား ဘက်စုံစစ်ပွဲထဲသို့ ဆွဲသွင်းသွားနိုင်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန် တစ်ပြေးညီ တောင်းဆိုသံများ ထုတ်ဖော်ပြောဆိုပေးရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံက အီရန်၏ ရပ်တည်ချက်အား စဉ်ဆက်မပြတ် နားလည်မှုနှင့် ထောက်ခံအားပေးမှုအပေါ် ကျေးဇူးတင်ရှိကာ တရုတ်နိုင်ငံက ဒေသတွင်း ငြိမ်းချမ်းရေးတည်ငြိမ်မှုအား တွန်းအားပေးရာတွင် ပိုမိုအရေးပါးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးမည်ကို ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက အစ္စရေးက အီရန်အား တိုက်ခိုက်မှုအပြီး တရုတ်နိုင်ငံသည် ပထမဆုံးအချိန်တွင် ၎င်း၏ ရပ်တည်ချက်ကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေပိုင်နက်ပြည့်စုံမှုအပေါ် အစ္စရေး၏ ကျူးကျော်မှုအား ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချကာ အီရန်အရာရှိများကို ပစ်မှတ်ထားပြီး အရပ်သားများ သေဆုံးဒဏ်ရာရစေသော ကြမ်းတမ်းသည့် တိုက်ခိုက်မှုများအပေါ် အခိုင်အမာ ကန့်ကွက်ကြောင်း၊ အီရန်နိုင်ငံ၏ အမျိုးသား အချုပ်အခြာအာဏာ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပင်ကို တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွား၊ ပြည်သူများ ဘဝလုံခြုံရေးကို ကာကွယ်ခြင်းအား ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
အစ္စရေး၏ လုပ်ရပ်သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်၊ အခြေခံမူနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံလမ်းညွှန်ချက်များကို အပြင်းအထန် ချိုးဖောက်ကြောင်း၊ အထူးသဖြင့် အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းသည် အန္တရာယ်ရှိသော ဥပမာအသစ်ကို စတင်ခဲ့ခြင်းဖြစ်ရာ ကပ်ဘေးအသွင် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်နိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းက တရားမျှတမှုကို လက်ကိုင်ထားခြင်းနှင့် အမြန်ဆုံးထုတ်ဖော်ပြောဆိုခြင်းအား ထောက်ခံအားပေးကြောင်း၊ မိမိတို့အနေဖြင့်လည်း အစ္စရေးအပေါ် ဩဇာလွှမ်းမိုးမှုရှိသော နိုင်ငံများအား ငြိမ်းချမ်းရေးပြန်လည်ရရှိစေရေး လက်တွေ့အားထုတ်မှုများ ပြုလုပ်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက လက်ရှိတွင် ဒေသတွင်း အခြေအနေသည် အဓိကကျသော အရေးကြီးသော အခိုက်အတန့်တွင် ရှိနေပြီး အခြေအနေ ပြေလျော့ရေးအား တွန်းအားပေးရန်နှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် တရုတ်နိုင်ငံသည် အီရန်နိုင်ငံနှင့်အတူ သက်ဆိုင်ရာဘက်သီးသီးနှင့် ညှိနှိုင်းဆွေးနွေးမှုကို ထိန်းသိမ်းသွားလိုကြောင်း၊ အီရန်နိုင်ငံအနေဖြင့် အီရန်ရှိ တရုတ်နိုင်ငံ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ဘေးကင်းလုံခြုံရေးအား ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အာရက်ဂ်ချီက အီရန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုကို ထိန်းသိမ်းသွားကာ တရုတ်နိုင်ငံ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ဘေးကင်းလုံခြုံရေးအား အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
王毅同伊朗外长阿拉格齐通电话
新华社北京6月14日电 2025年6月14日,中共中央政治局委员、外交部长王毅同伊朗外长阿拉格齐通电话。
阿拉格齐通报了地区局势的最新情况,表示以色列日前悍然袭击伊朗,造成伊方军事人员和平民伤亡,尤其是袭击伊朗核设施,严重违反国际法。以方军事行动高度危险,可能将整个地区拖入全面战争。希望国际社会发出要求以色列停止军事行动的一致声音。感谢中方对伊方立场的一贯理解和支持,相信中方将为促进地区和平稳定发挥更为重要的作用。
王毅说,以色列袭击伊朗后,中方已在第一时间公开表明立场。中方明确谴责以色列侵犯伊朗的主权、安全和领土完整,坚决反对针对伊朗官员并造成平民伤亡的粗暴攻击,支持伊朗维护国家主权、捍卫自身合法权益和人民生命安全。以色列的行为严重违反联合国宪章宗旨原则和国际关系基本准则,特别是攻击伊朗核设施开创了危险的先例,有可能造成灾难性后果。中方支持国际社会主持公道,尽快发声。我们也敦促对以色列有影响的国家为恢复和平做出切实努力。
王毅表示,当前,地区局势处在关键和紧要时刻,中方愿同伊方及有关各方保持沟通,为推动局势缓和继续发挥建设性作用。希望伊方维护好中国机构和人员安全。阿拉格齐表示,伊方愿同中方保持沟通,全力保障好中国机构和人员安全。(完)
图说:4月23日,中共中央政治局委员、外交部长王毅在北京同伊朗外长阿拉格齐举行会谈。 新华社记者 丁海涛 摄