Connect with us

Europe

အမေရိကန်က ရုရှားနှင့် ဆွေးနွေးမှုကို ပယ်ဖျက်လိုက်ကြောင်း ‌မော်စကိုပြော

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်တို့ ဖင်လန်နိုင်ငံ ဟယ်လင်ဆီမြို့တွင် ၂၀၁၈ ခုနှစ် ဇူလိုင် ၁၆ ရက်က‌ တွေ့ဆုံစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
ရုရှား-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ကသိကအောက်အခြေအနေကို လျှော့ချရန် ရည်ရွယ်ထားသော အစည်းအဝေးကို ဝါရှင်တန်ဘက်က ပယ်ဖျက်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခါရိုဗာက ဇွန် ၁၆ ရက်၌ ပြောကြားခဲ့သည်။
“ဒီလိုရပ်တန့်မှုကို သူတို့ အချိန်အကြာကြီးမယူဖို့တော့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ဇာခါရိုဗာက ဆိုသည်။
အဆိုပါ အစည်းအဝေးသည် တင်းမာမှုအခြေအနေများ ဖြေလျှော့ရေးနှင့် သံရုံးဆက်စပ်သော အရေးကိစ္စများ ဖြေရှင်းရေးအတွက် လက်ရှိလုပ်ဆောင်နေဆဲ သံတမန်ရေးကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သလို တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် အစောပိုင်းက ပြုလုပ်ခဲ့သောအစည်းအဝေးများ၏ နောက်ဆက်တွဲလည်း ဖြစ်သည်။
အမေရိကန်နိုင်ငံဘက်ကမူ ထိုသို့ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ အကြောင်းပြချက်ပေးထားခြင်း မရှိသေးပေ။ (Xinhua)
…………………
(English Version)
U.S. cancels talks with Russia: Moscow
MOSCOW, June 17 (Xinhua) — Washington canceled the planned Russia-U.S. meeting aimed at eliminating irritants in bilateral relations, Russian Foreign Ministry spokesperson Maria Zakharova said Monday.
“We hope that the pause they took will not be too long,” Zakharova said.
The meeting is part of ongoing diplomatic efforts to ease tensions and resolve embassy-related issues, following earlier rounds in Istanbul.
The United States has yet to give a reason for the cancellation.
Photo: U.S. President Donald Trump (L) meets with his Russian counterpart Vladimir Putin in Helsinki, Finland, on July 16, 2018. (Xinhua/Lehtikuva/Heikki Saukkomaa)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.