Africa & Middle East
အီရန်-အစ္စရေး ပဋိပက္ခ လေးရက်မြောက်သို့ ရောက်ရှိလာစဉ် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အစ္စရေး၌ ရှစ်ဦးသေဆုံး

ဂျေရုဆလမ်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
အစ္စရေး၏ အပြင်းအထန် လျှပ်တစ်ပြက် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခမှာ လေးရက်မြောက်သို့ ရောက်ရှိလာစဉ် ဇွန် ၁၆ ရက် နံနက်အစောပိုင်းတွင် အီရန်က အစ္စရေးအား ဒုံးကျည်တိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့သဖြင့် အနည်းဆုံး လူရှစ်ဦးသေဆုံးပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်ဟု အစ္စရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိုသို့ ဒုံးကျည်များဖြင့် တရစပ်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု သတိပေးဥဩသံများ ထွက်ပေါ်လာခဲ့သည်။ အစ္စရေးနိုင်ငံ မြောက်ပိုင်းရှိ အဓိက ကမ်းရိုးတန်းမြို့ဖြစ်သော ဟိုင်ဖာမြို့ကောင်းကင်ယံသို့ အနက်ရောင်မီးခိုးလုံးများ တက်လာခဲ့ပြီး နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့သူများက ဆိုသည်။
နေရာအချို့တွင် လူအသေအပျောက်ရှိခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက အတည်ပြုခဲ့သည်။ တဲလ်အဗစ်မြို့ အရှေ့ပိုင်း ပီတာတစ်ခ်ဗာမြို့ရှိ လူနေအဆောက်အအုံတစ်ခုအား ဒုံးကျည်ထိမှန်ခဲ့သဖြင့် လူလေးဦး သေဆုံးခဲ့သည်ဟု မြို့တော်ဝန် ရာမီ ဂရင်းဘာ့ဂ်က ပြောကြားခဲ့သည်။ ပျက်စီးသွားသော အဆောက်အအုံနှင့် ယင်း၏ ဘေးချင်းကပ် အဆောက်အအုံသုံးခုမှ ရာနှင့်ချီသည့် နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အထပ်မြင့်အဆောက်အအုံများ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခဲ့ပြီး အပျက်အစီးများ ပြန့်ကျဲလျက်ရှိကြောင်း တိုက်ခိုက်ခံရသည့်နေရာအား ရိုက်ကူးထားသော ဓာတ်ပုံများအရ သိရသည်။
ထို့အတူ တဲလ်အဗစ်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးနှင့် သံရုံးအနီးတွင် ဒုံးကျည်တစ်စင်း ကျရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုံးကျည်ကြောင့် ပြင်းထန်သောတုန်ခါမှု ဖြစ်ပွားခဲ့ရာ အပျက်အစီးအနည်းငယ် ဖြစ်ပေါ်ခဲ့သော်လည်း အမေရိကန် သံရုံးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း အမေရိကန်သံအမတ် မိုက်ခ် ဟက်ကာဘီက X ဆိုရှယ်မီဒီယာ ပလက်ဖောင်း၌ ရေးသားခဲ့သည်။
အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနကလည်း အီရန်အနေဖြင့် မကြာမီက ဒုံးကျည်ဖြင့်တိုက်ခိုက်မှုအတွင်း ဒရုန်းအများအပြား လွှတ်တင်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ဒရုန်းများအနက် ရှစ်စင်းအား အစ္စရေးရေတပ်၏ ဒုံးကျည်တင်သင်္ဘောများက ဘာရက် မာဂန် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို စစ်ဆင်ရေး၌ ပထမဆုံးအကြိမ် အသုံးပြုလျက် ကြားဖြတ်ပစ်ချခဲ့သည်ဟု သိရသည်။ အဆိုပါ စနစ်မှာ ဒရုန်းများ၊ ခရုစ်ဒုံးကျည်များ၊ ရော့ကတ်ဒုံးကျည်များနှင့် သင်္ဘောဖျက်ဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။
အစ္စရေးက တီဟီရန်မြို့နှင့် နိုင်ငံအလယ်ပိုင်းရှိ မြေပြင်မှမြေပြင်ပစ်ဒုံးကျည်များ ဖြန့်ကြက်ထားသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အီရန်က ဒုံးကျည်များဖြင့် တန်ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အစ္စရေး၏မြို့များ ဒုံးကျည်ဖြင့်တိုက်ခိုက်ခံရမှုအတွက် တီဟီရန်မြို့ခံများအနေဖြင့် မကြာမီ ပြန်လည်ပေးဆပ်ရမည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က သတိပေးထားသည်။
ထိုစဉ် အစ္စရေးစစ်တပ်က ၎င်းတို့အနေဖြင့် တီဟီရန်ရှိ Quds တပ်ဖွဲ့ ကွပ်ကဲရေးဌာနချုပ်အား လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အီရန် အကြီးတန်းစစ်ဘက်အရာရှိလေးဦး သေဆုံးခဲ့သည်ဟု ဇွန် ၁၆ ရက်က ကြေညာခဲ့သည်။ သေဆုံးသူများအနက် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ မိုဟာမက် ကာဇီမီနှင့် ၎င်း၏လက်ထောက်ဖြစ်သူ မိုဟာမက် ဟတ်ဆန် မိုဟာကစ်၊ Quds တပ်ဖွဲ့ ထောက်လှမ်းရေးဌာန အကြီးအကဲ မိုဆန် ဘာဂီရီနှင့် ၎င်း၏လက်ထောက်ဖြစ်သူ အဘူ အယ်လ်-ဖာဒီ နီကူအီတို့လည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Iran missile strikes kill 8 in Israel as conflict enters fourth day
JERUSALEM, June 16 (Xinhua) — Iran launched a new pre-dawn missile attack on Israel on Monday, killing at least eight people and wounding dozens, Israeli officials said, as the four-day conflict triggered by an Israeli surprise assault intensified.
The missile barrage set off air raid sirens across Israel. Plumes of black smoke rose above Haifa, a major coastal city in northern Israel, and eyewitnesses reported multiple explosions in the north and central regions of the country.
Local authorities confirmed fatalities in several locations. Four people were killed when a missile struck a residential building in Petah Tikva, a city east of Tel Aviv, according to Mayor Rami Greenberg. He stated that hundreds of residents from the damaged building and three adjacent structures were evacuated. Photos from the scene showed multi-story buildings with significant blast damage and scattered rubble.
One missile also fell near the United States consulate and embassy branch in Tel Aviv. U.S. Ambassador Mike Huckabee stated on social media platform X that the missile’s concussion caused minor damage, but no U.S. personnel were injured.
The Israeli Defense Ministry also reported that several Iranian drones were launched during the recent missile attack. Eight of these drones were intercepted by Israeli Navy missile boats in the first operational use of the Barak Magen air defense system, designed to intercept drones, cruise missiles, rockets, and anti-ship missiles.
The Iranian missile salvos followed Israeli airstrikes on surface-to-surface missile sites in Tehran and central Iran. Israel’s Defense Minister Israel Katz warned that Tehran residents would “pay the price — and soon” for the missile attacks against Israeli cities.
Israel’s military, meanwhile, announced on Monday it had carried out an airstrike on the Quds Force command center in Tehran, killing four senior Iranian military officials. Among those killed were Mohammad Kazemi, head of the Islamic Revolution Guard Corps’ (IRGC) Intelligence Organization, and his deputy Mohammad Hassan Mohaqiq. Mohsen Bagheri, head of the Quds Force Intelligence Department, and his deputy Abu al-Fadl Nikouei were also killed.
English Caption
This photo taken on June 15, 2025 shows buildings damaged by a missile fired from Iran in Bat Yam, central Israel. (Xinhua/Chen Junqing)