North America
အီရန်အပေါ် အစ္စရေး၏ ရန်လိုသော လုပ်ဆောင်မှုများ ရပ်တန့်ရမည်ဟု နိုင်ငံ ၂၁ နိုင်ငံ ပူးတွဲထုတ်ပြန်

ဒိုဟာ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
ကာတာ၊ ဂျော်ဒန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ပါကစ္စတန် စသည့် အာရပ်နှင့် အစ္စလာမ်နိုင်ငံ ၂၁ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနများက ဇွန် ၁၆ ရက် ညပိုင်းတွင် ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ကာ အီရန်အပေါ် အစ္စရေး၏ ရန်လိုသော လုပ်ဆောင်မှုများ ရပ်တန့်ရမည်ဟု အလေးအနက်ဖော်ပြခဲ့ကြောင်း ကာတာသတင်းဌာနက ဇွန် ၁၇ ရက် နံနက်အစောပိုင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါပူးတွဲထုတ်ပြန်ချက်တွင် ဇွန် ၁၃ ရက် နံနက်အစောပိုင်းမှစ၍ အီရန်အား အစ္စရေး တိုက်ခိုက်ခဲ့ခြင်းကို ရှုတ်ချခဲ့ရာ အမျိုးသား အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု၊ အိမ်နီးချင်း ချစ်ကြည်ရင်းနှီးမှု အခြေခံမူကို လေးစားရန်နှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး လက်ရှိတင်းမာမှုအခြေအနေ ဖြေလျှော့ရန်၊ အပစ်အခတ်ရပ်စဲရေးနှင့် ပဋိပက္ခ ဘက်စုံ ပြေလျော့ရေး အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။
လက်ရှိ အခြေအနေသည် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအပေါ် ဆိုးရွားသော နောက်ဆက်တွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံအသီးသီး၏ နိုင်ငံခြားရေးဝန်ကြီးများက ယူဆကြသည်ဟု အဆိုပါပူးတွဲထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ သက်ဆိုင်ရာ နိုင်ငံတကာဆုံးဖြတ်ချက်များအရ အရှေ့အလယ်ပိုင်းဒေသတွင် နျူကလီးယားလက်နက်နှင့် အခြားသော ကျယ်ကျယ်ပြန့်ပြန့် သေဆုံး၊ ဒဏ်ရာရစေနိုင်သော လက်နက်များ ကင်းစင်ရေး ရည်မှန်းချက်ကို တွန်းအားပေး အကောင်အထည်ဖော်သင့်ကြောင်း၊ ဒေသတွင်းရှိ နိုင်ငံအားလုံးအား “နျူကလီးယားလက်နက်များ မပြန့်ပွားရေး သဘောတူညီချက်” တွင် အမြန်ဆုံး ပါဝင်ရန် တိုက်တွန်းကြောင်း ယင်းတွင် ပြောကြားထားသည်။
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အာမခံချက်ယန္တရားအောက်တွင် ကြီးကြပ်ထားသည့် နျူကလီးယားအဆောက်အဦများအား တိုက်ခိုက်ခြင်း မပြုရန်၊ စေ့စပ်ညှိနှိုင်းမှုလမ်းကြောင်းသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရန် လိုအပ်ကြောင်း၊ ယင်းမှာ အီရန်နျူကလီးယားအစီအစဉ်နှင့် စပ်လျဉ်း၍ စဉ်ဆက်မပြတ် သဘောတူညီမှုရရှိရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း အဆိုပါပူးတွဲထုတ်ပြန်ချက်တွင် အလေးထား ပြောကြားခဲ့သည်။
လက်ရှိအကျပ်အတည်းသည် စစ်ရေးနည်းလမ်းများဖြင့် ဖြေရှင်း၍မရကြောင်း၊ ဒေသတွင်း အကျပ်အတည်းအား ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းမှာ သံတမန်ရေး၊ ဆွေးနွေးမှုနှင့် အိမ်နီးချင်း ချစ်ကြည်ရင်းနှီးမှု အခြေခံမူအား လိုက်နာခြင်း၊ နိုင်ငံတကာ ဥပဒေနှင့် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” တို့ကို အရင်းခံ၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နိုင်ငံအသီးသီး၏ နိုင်ငံခြားရေးဝန်ကြီးများက ဆက်လက်၍ ထပ်လောင်းပြောကြားခဲ့သည်။
ဇွန် ၁၃ ရက် နံနက်အစောပိုင်းမှစ၍ အစ္စရေးသည် အီရန်နိုင်ငံ နေရာအများအပြားကို လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်ပြီး အီရန် နျူကလီးယားအဆောက်အဦနှင့် စစ်ရေးပစ်မှတ်များကို ဗုံးကြဲခဲ့ခြင်းကြောင့် လူအများအပြား သေဆုံးဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။ ယင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အီရန်သည် အစ္စရေးနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များစွာကို ဒုံးကျည်၊ ဒရုန်းများဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ (Xinhua)

အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့တွင် ဒုံးကျည်ဖြတ်သွားရာလမ်းကြောင်းများကို ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(Chinese Version)
21国联合声明:以色列必须停止对伊朗敌对行动
新华社多哈6月17日电(记者汪强)据卡塔尔通讯社17日凌晨报道,卡塔尔、约旦、阿拉伯联合酋长国、巴基斯坦等21个阿拉伯和伊斯兰国家的外交部长16日晚发表联合声明,强调以色列必须停止对伊朗的敌对行动。
联合声明谴责以色列自13日凌晨以来对伊朗发动的袭击,重申必须尊重国家主权与领土完整、睦邻友好原则以及和平解决争端,呼吁缓解当前紧张局势、实现停火和冲突全面降级。
联合声明说,各国外长认为当前局势可能对整个中东地区的安全与稳定带来严重后果。应根据相关国际决议推动实现中东无核武器及其他大规模杀伤性武器的目标,并敦促所有地区国家尽快加入《不扩散核武器条约》。
联合声明强调,不得攻击受国际原子能机构保障机制监管的核设施。有必要尽快重回谈判轨道,这是就伊朗核计划达成可持续协议的唯一途径。
各国外长还重申,当前危机无法通过军事手段加以解决。解决地区危机的唯一途径是通过外交、对话并遵循睦邻友好原则,依据国际法和《联合国宪章》行事。
自13日凌晨以来,以色列对伊朗多地发动大规模空袭,轰炸伊朗核设施和军事目标,造成大量人员伤亡。作为报复,伊朗对以色列境内不同目标发动多轮导弹和无人机袭击。(完)
图说1:6月15日凌晨,在伊朗首都德黑兰附近,一名男子望向遭以色列袭击起火的储油设施。新华社/美联
图说2:这是6月13日在耶路撒冷拍摄到的导弹痕迹。新华社记者 陈君清 摄