Connect with us

Asia

ရှီကျင့်ဖိန်နှင့် တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ အီမိုမာလီ ရာမွန် (Emomali Rahmon) တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အက်စ်တာနာမြို့၌ ဒုတိယအကြိမ်မြောက် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ အီမိုမာလီ ရာမွန် (Emomali Rahmon) နှင့် ဒေသစံတော်ချိန် ဇွန် ၁၇ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့စဉ် (ဆင်ဟွာ)

အက်စ်တာနာ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အက်စ်တာနာမြို့၌ ဒုတိယအကြိမ်မြောက် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ အီမိုမာလီ ရာမွန် (Emomali Rahmon) နှင့် ဒေသစံတော်ချိန် ဇွန် ၁၇ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က လွန်ခဲ့သောနှစ်တွင် ၎င်း တာဂျစ်ကစ္စတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်ခဲ့ပြီး တရုတ်- တာဂျစ်ကစ္စတန် ခေတ်သစ် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်မှုကို မိမိတို့ အတူတကွ ကြေညာခဲ့ကြောင်း၊ နှစ်နိုင်ငံ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုအပေါ် အစီအစဉ်နှင့် ဖြန့်ကြက်မှုအသစ်များ လုပ်ဆောင်ခဲ့ရာ နှစ်ဖက်အနေဖြင့် လက်တွေ့အကောင်အထည်မှုများကို အရှိန်မြှင့်ရန်၊ ပိုမိုများပြားသော လက်တွေ့ကျသည့် အောင်မြင်မှုရလဒ်များရရှိရန်၊ တရုတ်- တာဂျစ်ကစ္စတန် အေးအတူပူအမျှအသိုက်အဝန်း အရည်အသွေးမြင့် ဖွဲ့စည်းတည်ဆောက်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံသည် တာဂျစ်ကစ္စတန်နိုင်ငံ၏ ယုံကြည်အားထားနိုင်သော အိမ်နီးချင်းနှင့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ တာဂျစ်ကစ္စတန်နိုင်ငံ၏ အမျိုးသား လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ လုံခြုံရေးအား ထိန်းသိမ်းကာကွယ်ခြင်းအပေါ် အခိုင်အမာ ထောက်ခံအားပေးကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် တရုတ်-တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ မဟာဗျူဟာ ဆွေးနွေးမှု ယန္တရားအခန်းကဏ္ဍမှ ကောင်းမွန်စွာ ပါဝင်ဆောင်ရွက်ပြီး ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုကို ညှိနှိုင်းတွန်းအားပေးရမည်ဖြစ်ကြောင်း၊ နှစ်ဖက်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတိုင်းအတာကို တိုးချဲ့ကာ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦစီမံကိန်းများ တည်ဆောက်ရေးအား အရှိန်မြှင့် တွန်းအားပေးပြီး အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မှု အဆင့်ကို စဉ်ဆက်မပြတ်မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကွန်ဖြူးရှပ် အင်စတီကျု၊ လူပန်း အလုပ်ရုံ၊ တရုတ်တိုင်းရင်းဆေးပညာစင်တာတို့၏ အခန်းကဏ္ဍကို အပြည့်အဝ အသုံးပြုကာ ယခုနှစ် ဆောင်းဦးကာလတွင် တာဂျစ်ကစ္စတန်နိုင်ငံ၌ ကျင်းပမည့် “တရုတ်ယဉ်ကျေးမှုနေ့” ကို ကောင်းမွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နီးကပ်စွာလုပ်ဆောင်၍ “အကြမ်းဖက်၊ ခွဲထွက်ရေးနှင့် အစွန်းရောက် အင်အားစုသုံးခု” ကို အားဖြည့် တိုက်ဖျက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် နိုင်ငံတကာ ကုန်သွယ်စီးပွားရေးစနစ် ကာကွယ်ရေးတွင် ဘုံအကျိုးစီးပွားများ ရှိနေပြီး တရုတ်-ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်မှုစသည့် နိုင်ငံစုံယန္တရားတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရမည်ဖြစ်ကြောင်း၊ တာဂျစ်ကစ္စတန်နိုင်ငံ၏ နိုင်ငံတကာ ရာသီဥတု စီမံခန့်ခွဲမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် အားပေးထောက်ခံကြောင်း ၎င်းက အလေးအနက်ထားပြောကြားခဲ့သည်။

တာဂျစ်ကစ္စတန်သမ္မတ ရာမွန်က သမ္မတ ရှီကျင့်ဖိန်၏ ခိုင်မာအားကောင်းသော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် စီးပွားရေး၊ လူမှုရေးတွင် အရေးပါသည့် ဖွံ့ဖြိုးတိုးတက်သော အောင်မြင်မှုများရရှိခဲ့ပြီး နိုင်ငံတကာရေးရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ် သမ္မတ ရှီကျင့်ဖိန်၏ တာဂျစ်ကစ္စတန်နိုင်ငံသို့ သမိုင်းဝင် နိုင်ငံတော်ခရီးစဉ်လာရောက်ခြင်းက နှစ်နိုင်ငံဆက်ဆံရေးအတွက် အလားအလာအသစ်များ ဖွင့်လှစ်ပေးခဲ့ပြီး တာဂျစ်ကစ္စတန်- တရုတ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုအား အဆင့်အသစ်သို့ မြှင့်တင်ပေးခဲ့ကြောင်း၊ နှစ်ဖက်သည် နိုင်ငံတော်ခရီးစဉ် အောင်မြင်မှုရလဒ်များအား တက်တက်ကြွကြွ လက်တွေ့ဖော်ဆောင်ခဲ့ကြရာ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများကို ဝေဝေဆာဆာလုပ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တာဂျစ်ကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အဆင့်မြင့်အလွှာ နီးကပ်စွာ ကူးလူးဆက်ဆံမှုအား ထိန်းသိမ်းထားကာ ဗဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုအား အားဖြည့်ရန်၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာလုပ်ငန်း၊ အခြေခံအဆောက်အဦတည်ဆောက်ရေး စသည့် သမားရိုးကျကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများအား အားဖြည့်ကာ စွမ်းအင်သစ်၊ အစိမ်းရောင်လုပ်ငန်းနှင့် ဉာဏ်ရည်တု (AI) စသည့် ထွန်းသစ်စ ကဏ္ဍသစ်များ ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ဆောင်ရွက်ရန်၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအား နီးကပ်စေပြီး တာဂျစ်ကစ္စတန်နိုင်ငံ “တရုတ်ယဉ်ကျေးမှုနေ့” ကို ကောင်းမွန်စွာကျင်းပရန်၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၊ တရုတ်-ဗဟိုအာရှ ယန္တရားများကို ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရေးအား တွန်းအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုအပြီး နှစ်နိုင်ငံ ခေါင်းဆောင်တို့က သံတမန်ရေး၊ ကုန်သွယ်စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သိပ္ပံနည်းပညာ စသည့်ကဏ္ဍများ၌ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုစာချုပ်များကို ကြေညာ၍ လက်မှတ်ထိုးမှုအား အတူတကွ မျက်မြင်သက်သေပြုခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ချိုက်ချီ၊ ဝမ်ရိ စသည်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………..
(Chinese Version)
习近平会见塔吉克斯坦总统拉赫蒙
新华社阿斯塔纳6月17日电(记者孙浩 郑钰)当地时间6月17日上午,国家主席习近平在阿斯塔纳出席第二届中国-中亚峰会期间会见塔吉克斯坦总统拉赫蒙。
习近平指出,去年我对塔吉克斯坦进行国事访问,我们共同宣布建立中塔新时代全面战略合作伙伴关系,并对两国全方位合作作出新的规划和部署,双方要抓紧落实,取得更多务实成果,高质量构建中塔命运共同体。
习近平强调,中国是塔吉克斯坦可以信赖的邻居和伙伴,坚定支持塔方维护国家独立、主权、安全。双方要发挥好中塔外长战略对话机制作用,协调推进各领域合作;扩大双边贸易和投资规模,加快推进交通基础设施项目建设,持续提升互联互通水平;充分发挥孔子学院、鲁班工坊、中医药中心作用,办好今年秋天在塔吉克斯坦举行的“中国文化日”;进一步密切执法安全合作,加大力度打击“三股势力”。中塔双方在维护多边主义和捍卫国际经贸秩序上有着共同利益,要在中国-中亚合作等多边机制中加强协调配合。中方支持塔方在国际气候治理中发挥重要作用。
拉赫蒙表示,在习近平主席坚强领导下,中国经济社会取得重大发展成就,在国际事务中发挥了重要作用。习近平主席去年对塔吉克斯坦进行历史性国事访问,为两国关系开辟了新前景,将塔中战略合作提升到新水平。双方正积极落实访问成果,各领域合作蓬勃开展。塔方愿同中方保持密切高层交往,加强战略沟通;加强贸易、投资、农业、基础设施建设等传统领域合作,拓展新能源、绿色产业及人工智能等新兴领域合作;密切人文交流,办好塔“中国文化日”;深化执法安全合作;加强协调和配合,推动上海合作组织、中国-中亚机制发挥更大作用。
会见后,两国元首共同见证双方宣布签署外交、经贸、交通、科技等领域多份双边合作文件。
蔡奇、王毅等参加上述活动。(完)
图说:当地时间6月17日上午,国家主席习近平在阿斯塔纳出席第二届中国-中亚峰会期间会见塔吉克斯坦总统拉赫蒙。新华社记者 李涛 摄