Connect with us

North America

တရုတ်၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် “စည်းကြပ်ခွန်ကင်းလွတ်ခွင့်” စသည့် အစီအမံများ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ချီးကျူးဂုဏ်ပြုခံရ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရုံးချုပ်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစည်းအဝေးများစွာကို ဇွန် ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ထားသော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအားလုံးအား အခွန်ကောက်ခံသည့် ကုန်ပစ္စည်း ၁၀၀ ရာခိုင်နှုန်းအပေါ် စည်းကြပ်ခွန်ကင်းလွတ်ခွင့် အကျိုးခံစားခွင့် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ ကိုယ်စားလှယ်က အစည်းအဝေးကာလအတွင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထံသို့ တရားဝင်အကြောင်းကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘုံဖွံ့ဖြိုးတိုးတက်သော စီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်း လက်မှတ်ထိုးခြင်းမှတစ်ဆင့် သံတမန်ဆက်ဆံရေးထူထောင်ထားသော အာဖရိကနိုင်ငံ ၅၃ နိုင်ငံအပေါ် အခွန်ကောက်ခံသည့် ကုန်ပစ္စည်း ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန်ကင်းလွတ်ခွင့် အစီအမံကို လက်တွေ့ဖော်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

သက်ဆိုင်ရာအစီအမံများက ကိုယ်ပိုင် တံခါးဖွင့်လှစ်မှုကို ချဲ့ထွင်မည့် တရုတ်နိုင်ငံ၏ သန္နိဋ္ဌာန်နှင့် လုပ်ဆောင်ချက်ကို ပြသခဲ့ပြီး အာဖရိကနိုင်ငံများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအား ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းသစ်များနှင့် တိုးတက်မှု စွမ်းအားသစ်များဆောင်ကြဉ်းပေးမည်ဖြစ်သလို ကမ္ဘာ့ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ငြိမ်မှုနှင့် အပြုသဘောဆောင်သော စွမ်းအားများ ဖြည့်တင်းပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတကာ ကုန်သွယ်မှု ကမောက်ကမအခြေအနေတွင် ဖွံ့ဖြိုးပြီးအဖွဲ့ဝင်နိုင်ငံများနှင့် စွမ်းဆောင်ရည်ရှိသော ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံအနေဖြင့် ပိုမိုများပြားသော လုပ်ဆောင်မှုများ ဖော်ဆောင်ကာ လွတ်လပ်မှု၊ တံခါးဖွင့်လှစ်မှုရှိသော နိုင်ငံတကာ ကုန်သွယ်စီးပွားရေးစည်းစနစ်များကို အတူတကွ ထိန်းသိမ်းကာကွယ်ရန်၊ အများအကျိုးဖြစ်ထွန်းသော၊ အားလုံးပါဝင်သော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု၊ အာဖရိကနိုင်ငံများအုပ်စုစသည့် ကိုယ်စားလှယ်များက တရုတ်နိုင်ငံအား အထူး ကျေးဇူးတင်ရှိကြောင်း ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတိုးတက်မှုသည် မကြုံစဖူးသော စိန်ခေါ်မှု၊ မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရရာ တရုတ်နိုင်ငံ၏ အစီအမံများသည် အခြားသော အဖွဲ့ဝင်နိုင်ငံများအတွက် စံနမူနာအဖြစ် ရပ်တည်ခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်များက ပိုမိုများပြားသော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များကို လေ့လာအတုယူပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံများအတွက် ပိုမိုတိကျသော ဦးစားပေးမူဝါဒများ၊ စွမ်းရည်တည်ဆောက်မှု အထောက်အပံ့များနှင့် အခြားကူညီမှုပုံစံများ ပေးအပ်ကာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကမ္ဘာ့ကုန်သွယ်ရေးတွင် ပါဝင်မှုကို မြှင့်တင်ပေးရန်၊ ကမ္ဘာ့ကုန်သွယ်ရေး ဝင်ဆံ့မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် မျှော်လင့်ကြသည်။ (Xinhua)
………………
(Chinese Version)
中国对最不发达国家“零关税”等举措在世贸组织获赞誉
新华社日内瓦6月18日电(记者焦倩)世界贸易组织16日至18日在瑞士日内瓦召开发展系列会议。中方代表在会议期间正式向世贸组织通报,已给予所有同中国建交的最不发达国家100%税目产品零关税待遇。
中方代表还表示,愿通过商签共同发展经济伙伴关系协定,落实对53个非洲建交国实施100%税目产品零关税举措。
中方代表表示,相关举措体现了中方扩大自主开放的决心和行动,将为非洲国家和最不发达国家提供发展新机遇和增长新动能,为全球贸易发展注入稳定性和正能量。在当前国际贸易动荡局势下,中方呼吁发达成员和有能力的发展中成员采取更多行动,共同维护自由开放的国际经贸秩序,促进普惠包容的经济全球化。
最不发达国家集团、非洲集团等驻世贸组织代表向中方表达诚挚感谢,强调发展中成员经济增长面临前所未有的挑战和不确定性,中方举措为其他成员树立了标杆。这些代表希望更多成员学习借鉴中方做法,为包括最不发达国家在内的发展中经济体提供更具针对性的优惠政策、能力建设支持及其他形式援助,提升最不发达国家在全球贸易中的份额,推动全球贸易包容与可持续发展。(完)
图说:这是2024年9月10日在瑞士日内瓦拍摄的世界贸易组织总部。新华社记者 连漪 摄