Connect with us

Europe

ရုရှား-ယူကရိန်း စေ့စပ်ဆွေးနွေးရေးအဖွဲ့ ဇွန် ၂၂ ရက် နောက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ပူတင်ပြောကြား

ရုရှားစစ်ဦးစီးချုပ် Gerasimov ၏ အစီရင်ခံစာကို နားထောင်နေသော ရုရှားသမ္မတ ပူတင်အား ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်တွင် ၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ကရင်မလင်နန်းတော်)

စိန့်ပီတာစဘတ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
ရုရှားနှင့် ယူကရိန်း စေ့စပ်ဆွေးနွေးရေးအဖွဲ့များသည် ဇွန် ၂၂ ရက် နောက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ထားကြောင်း၊ ရုရှားဘက်က ယူကရိန်းနှင့် ညှိနှိုင်းလျက်ရှိကြောင်း၊ ယူကရိန်းအကျပ်အတည်းအတွက် ရေရှည် ဖြေရှင်းနည်းလမ်း ရှာတွေ့ရန် လိုအပ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် ယူကရိန်း၌ရှိသော ပဋိပက္ခများကို အမြန်ဆုံး အဆုံးသတ်သွားရန် ဆန္ဒရှိကြောင်း၊ “ငြိမ်းချမ်းရေးနည်းလမ်းဖြင့် (အဆုံးသတ်ခြင်း)သည် အကောင်းဆုံးဖြစ်ကြောင်း” ပူတင်က ၂၈ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်သို့ တက်ရောက်လာကြသော ကမ္ဘာ့ပင်မသတင်းအေဂျင်စီ တာဝန်ခံများနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။
သို့သော် ငြိမ်းချမ်းရေးနည်းလမ်းဖြင့် သဘောတူညီချက်မည်သို့မျှ မရရှိနိုင်ပါက ရုရှားအနေဖြင့်် စစ်ရေးနည်းလမ်းမှတစ်ဆင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်သွားမည်ကြောင်း၊ ယူကရိန်းတွင် ရုရှားကို ခြိမ်းခြောက်မှုဖြစ်စေနိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့ ပိုင်ဆိုင်ခြင်းကို ရုရှားက ခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပူတင်က ၎င်းအနေဖြင့် ယူကရိန်းသမ္မတ ဇယ်လန်းစကီး အပါအဝင် မည်သူနှင့်မဆို ဆွေးနွေးရန် ဆန္ဒရှိကြောင်း၊ ၎င်းနှင့် ယူကရိန်းခေါင်းဆောင်၏ တွေ့ဆုံဆွေးနွေးမှုမှာ ရုရှား-ယူကရိန်း စေ့စပ်ဆွေးနွေးမှု၏ နောက်ဆုံးအဆင့်တွင် ကျင်းပရန် “ဖြစ်နိုင်ခြေ” ရှိကြောင်း၊ ဤသို့ဆိုလျှင် “အဆုံးသတ်” နိုင်မည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ စေ့စပ်ဆွေးနွေးမှုအား ယူကရိန်းဘက်က အချိန်မဆွဲရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
普京:俄乌谈判团队准备在6月22日之后举行会谈
新华社圣彼得堡6月18日电(记者黄河)俄罗斯总统普京18日表示,俄罗斯和乌克兰谈判团队准备在6月22日之后举行会谈,俄方正与乌方进行沟通,需要为乌克兰危机找到长期解决方案。
普京在会见出席第28届圣彼得堡国际经济论坛的世界主要通讯社负责人时说,俄愿尽快结束在乌克兰的冲突,“以和平方式(结束)最好”。但如果无法以和平方式达成协议,俄将通过军事手段实现目标。俄不会允许乌拥有可能对俄构成威胁的武装部队。
普京强调,他愿与包括乌克兰总统泽连斯基在内的任何人举行会谈。他与乌方领导人的会晤在俄乌谈判最后阶段举行“是可能的”,这样就可以“画上句号”。他呼吁乌方不要拖延谈判。(完)
1. 这张克里姆林宫网站4月26日发布的照片显示,俄罗斯总统普京听取俄武装力量总参谋长格拉西莫夫的汇报。新华社发(克里姆林宫网站供图)