Europe
အာရှ-ပစိဖိတ် သတင်းအေဂျင်စီများ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများ၊ နည်းပညာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကြိုးပမ်းဆောင်ရွက်

စိန့်ပီတာစ်ဘတ်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
၁၉ ကြိမ်မြောက် အာရှ-ပစိဖိတ် သတင်းအေဂျင်စီများအဖွဲ့ (OANA) အထွေထွေညီလာခံကို ဇွန် ၁၉ ရက်တွင် ရုရှားနိုင်ငံ စိန့်ပီတာစ်ဘတ်မြို့၌ ဖွင့်လှစ်ခဲ့သည်။
နှစ်ရက်ကြာပြုလုပ်မည့် အဆိုပါ ညီလာခံအစည်းအဝေးအတွင်း အဖွဲ့ဝင်သတင်းအေဂျင်စီများမှ ကိုယ်စားလှယ်များက ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများနှင့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို သတင်းဌာနများအနေဖြင့် မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်မည်ကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုများ လုပ်ဆောင်ကြမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနား၌ ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်၏ ဂုဏ်ပြုသဝဏ်လွှာကို ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းဝန် ဒီမရီတီ ပက်စ်ကော့ဗ်က ဖတ်ကြားခဲ့သည်။ လက်ရှိတွင် ဓမ္မဓိဋ္ဌာန်ကျ၍ အချိန်နှင့်တစ်ပြေးညီဖြစ်သော သတင်းအချက်အလက်များက ကမ္ဘာ့နိုင်ငံများနှင့် ၎င်းတို့ပြည်သူများအကြား အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှု မြှင့်တင်ရေးအတွက် အရေးပါကြောင်း ပူတင်က မှတ်ချက်ပြုထားသည်။
ကမ္ဘာ့အကြီးဆုံး သတင်းအေဂျင်စီများမိတ်ဖက်အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ OANA သည် ကမ္ဘာလုံးဆိုင်ရာ သတင်းဖြန့်ချိမှုတွင် အရေးပါသောအခန်းကဏ္ဍမှ ကာလကြာရှည် ပါဝင်လျက်ရှိသည်။ အဆိုပါ ညီလာခံက အကျိုးဖြစ်ထွန်းစေသော ကူးလူးဖလှယ်မှုများမှတစ်ဆင့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ ရှာဖွေ ဖော်ထုတ်သွားမည်ဖြစ်သလို အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအား အဆင့်သစ်သို့ တွန်းအားပေးမည်ဟု ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အရေးပါသောအခန်းကဏ္ဍနှင့်အတူ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို မောင်းနှင်သောစက်ခေါင်း၊ ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ အချက်အချာ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှု၏ ကျောက်ဆူး၊ ပူးပေါင်းဆောင်ရွက်မှု၏ ကုန်းပြင်မြင့် ဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာက အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
အာရှ-ပစိဖိတ်ဒေသရှိ သတင်းအေဂျင်စီများအနေဖြင့် အပြန်အလှန်ယုံကြည်မှု မြှင့်တင်ရေး၊ အားလုံးပါဝင်မှု ထောက်ခံအားပေးရေး၊ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသောရလဒ်များ အထောက်အကူပြုရေးအတွက် လက်ချင်းချိတ်ဆက်ကာ ဆောင်ရွက်ရန် ဆင်ဟွာအနေဖြင့် တိုက်တွန်းကြောင်း ဖုက ပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4xh

ရုရှားနိုင်ငံ စိန့်ပီတာစ်ဘတ်မြို့တွင် ၁၉ ကြိမ်မြောက် အာရှ-ပစိဖိတ် သတင်းအေဂျင်စီများအဖွဲ့ အထွေထွေညီလာခံ တက်ရောက်နေသော ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာကို ၂၀၂၅ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ စိန့်ပီတာစ်ဘတ်မြို့တွင် ၁၉ ကြိမ်မြောက် အာရှ-ပစိဖိတ် သတင်းအေဂျင်စီများအဖွဲ့ အထွေထွေညီလာခံကျင်းပမှု မြင်ကွင်းကို ၂၀၂၅ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Asia-Pacific news agencies seek cooperation to tackle global changes, tech challenges
ST. PETERSBURG, June 19 (Xinhua) — The 19th General Assembly of the Organization of Asia-Pacific News Agencies (OANA) kicked off in St. Petersburg on Thursday.
During the two-day event, representatives of member news agencies will hold in-depth discussions on how news agencies can respond to global changes and technological challenges.
Dmitry Peskov, press secretary of Russian president, read out Russian President Vladimir Putin’s congratulatory letter to the conference at the opening ceremony. Putin noted that currently, objective and timely information is vital for enhancing mutual trust and understanding among countries and their peoples.
As the world’s largest alliance of news agencies, OANA has long played a significant role in global news dissemination. He said that he hopes this conference, through constructive exchanges, would explore and formulate promising cooperation projects, pushing mutually beneficial cooperation to a new level.
In his opening remarks, Fu Hua, president of Xinhua News Agency, pointed out that the Asia-Pacific region is the locomotive driving economic globalization, the hub of world economic growth, the anchor of global development and stability, and a highland for cooperation, with an important role in addressing global challenges.
Xinhua calls on news agencies in the Asia-Pacific region to join hands to enhance mutual trust, advocate inclusiveness, promote cooperation, and contribute to win-win outcomes, Fu said. xhtxs.cn/4xh
Photo 1, 2: Fu Hua, president of Xinhua News Agency, attends the 19th General Assembly of the Organization of Asia-Pacific News Agencies (OANA) in St. Petersburg, Russia, June 19, 2025. (Xinhua/Cao Yang)
Photo 3: This photo shows a scene during the 19th General Assembly of the Organization of Asia-Pacific News Agencies (OANA) in St. Petersburg, Russia, June 19, 2025. (Xinhua/Cao Yang)