Connect with us

International Organizations

အစ္စရေး-အီရန် တင်းမာမှုအခြေအနေ ပြေလျော့ရေး ကြိုးပမ်းရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား တရုတ်နိုင်ငံကိုယ်စားလှယ် တိုက်တွန်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီ ကျင်းပသော အရှေ့အလယ်ပိုင်းအခြေအနေ အရေးပေါ် တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (ရှေ့တန်း၊ အလယ်) မိန့်ခွန်းပြောကြားနေသည်ကို ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တင်းမာမှုအခြေအနေပြေလျော့ရန် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများ မြှင့်တင်ခြင်း အစွမ်းကုန် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇွန် ၂၀ ရက် လုံခြုံရေးကောင်စီတွင် ကျင်းပသော အရှေ့အလယ်ပိုင်းအခြေအနေ အရေးပေါ် တံခါးဖွင့်အစည်းအဝေး၌ ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဖုချုံးက အစ္စရေးနှင့် အီရန် စစ်ရေးပဋိပက္ခများကြောင့် နှစ်ဖက်တွင် အရပ်သားပြည်သူများစွာ သေဆုံးဒဏ်ရာရမှု၊ အဆောက်အအုံ ပျက်စီးမှုများဖြစ်ပွားခဲ့ရာ ဝမ်းနည်းကြေကွဲရကြောင်း၊ အကယ်၍ ပဋိပက္ခသည် တစ်ဆင့်တိုး မြင့်တက်လာပါက ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် နှစ်ဖက်က ပိုမိုကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရမည်သာမက ဒေသတွင်းနိုင်ငံများလည်း ယင်းကြောင့် နက်နက်ရှိုင်းရှိုင်းထိခိုက်မည်ဖြစ်ကြောင်း၊ အစ္စရေး၏ လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံစည်းမျဉ်းကို ချိုးဖောက်ပြီး အီရန်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိပါးကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ဖျက်ဆီးကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသားရှုတ်ချကြောင်း ပြောကြားခဲ့သည်။

လက်ရှိ အရေးကြီးကာလတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် သဘောတူညီမှုများကို တစ်ဆင့်တိုး ပေါင်းစည်းကာ တင်းမာမှုအခြေအနေပြေလျော့ရန် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများ မြှင့်တင်ခြင်းကို အစွမ်းကုန် ဆောင်ရွက်သင့်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

ပထမအချက်အနေဖြင့် ချက်ချင်း အပစ်ရပ်စဲ၍ စစ်ပွဲရပ်တန့်ရမည်ဖြစ်ကြောင်း၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများ အထူးသဖြင့် အစ္စရေးအနေဖြင့် အခြေအနေများ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုဆိုးရွားလာခြင်းကို တားဆီးပြီး စစ်ပွဲများ ပြင်ပသို့ ပျံ့နှံ့လာခြင်းကို ပြတ်ပြတ်သားသား ရှောင်ရှားရန် အမြန်ဆုံး အပစ်ရပ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအချက်အနေဖြင့် အရပ်သားပြည်သူများ၏ လုံခြုံရေးကို အာမခံချက်ပေးရမည်ဖြစ်ကြောင်း၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် နိုင်ငံတကာဥပဒေကို တင်းကျပ်စွာ လိုက်နာရမည်ဖြစ်ကြောင်း၊ အပြစ်မဲ့အရပ်သားပြည်သူများအား ထိခိုက်ခြင်း၊ အရပ်ဘက်သုံး အဆောက်အအုံများအား တိုက်ခိုက်ခြင်းအား အခိုင်အမာ ရှောင်ရှားပြီး တတိယနိုင်ငံမှ ပြည်သူများ ရွှေ့ပြောင်းရေးအတွက် အဆင်ပြေလွယ်ကူမှုကို ပံ့ပိုးပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအချက်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုကို အခိုင်အမာထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ လက်ရှိပဋိပက္ခသည် အီရန်နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ်အား ပြတ်တောက်စေခဲ့ကြောင်း၊ အီရန်နိုင်ငံ နေရာအများအပြားရှိ နျူကလီးယားအဆောက်အအုံများ တိုက်ခိုက်ခံခဲ့ရပြီး ယင်းက အန္တရာယ်ရှိသော နမူနာ ဖန်တီးပေးလိုက်ခြင်းဖြစ်ရာ ကပ်ဘေးသဖွယ် အကျိုးဆက်များဖြစ်ပေါ်လာနိုင်ကြောင်း၊ အီရန် နျူကလီးယားအရေးကို နိုင်ငံရေးအရ ဖြေရှင်းမည့် ဦးတည်ချက်ကြီး ယိမ်းယိုင်မှု မရှိရန် အခိုင်အမာထိန်းသိမ်းထားပြီး အီရန် နျူကလီးယားအရေးအား နိုင်ငံရေးအရ ဖြေရှင်းသည့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် ဆွေးနွေးစေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် အခိုင်အမာ တွန်းအားပေးရမည်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

စတုတ္ထအချက်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးမြှင့်တင်သည့် ကြိုးပမ်းမှုများကို စုစည်းရမည်ဖြစ်ကြောင်း၊ အစ္စရေး-အီရန် ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်း တင်းမာမှုအခြေအနေ ရုတ်တရက်မြင့်တက်လာသလို ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအပေါ်လည်း ပြင်းထန်စွာ ရိုက်ခတ်ခဲ့ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများအပေါ် ထူးခြားသော ဩဇာလွှမ်းမိုးမှုရှိသော နိုင်ငံကြီးများသည် အခြေအနေပြေလျော့ရေး မြှင့်တင်မှုအတွက် ကြိုးပမ်းဆောင်ရွက်သင့်ပြီး ဆန့်ကျင်ဘက်မဖြစ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပထမထားသော အဖွဲ့အစည်းအနေဖြင့် လုံခြုံရေးကောင်စီသည် ယင်းအတွက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ပြီး လုံခြုံရေးကောင်စီက မဖြစ်မနေလိုအပ်သော လုပ်ဆောင်မှုများကို အချိန်မီဆောင်ရွက်ခြင်းအား တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ရန်၊ စုပေါင်းအင်အားများ ပေါင်းစည်းပြီး တရားမျှတမှုအား ထိန်းသိမ်းရန်၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)
………………
(Chinese Version)
中国代表敦促国际社会努力平息以伊紧张局势
新华社联合国6月20日电 中国常驻联合国代表傅聪20日在安理会中东局势紧急公开会上发言,敦促国际社会全力劝和促谈,平息紧张局势。
傅聪说,以色列和伊朗的军事冲突造成双方大量平民伤亡和设施损毁,令人痛心。如果冲突进一步升级,不仅冲突双方将遭受更大损失,地区国家也将深受其害。以色列的行为违反国际法和国际关系准则,侵害伊朗主权和安全,破坏地区和平稳定,中方予以明确谴责。
傅聪说,当前紧要关头,国际社会应进一步凝聚共识,全力劝和促谈,平息紧张局势。第一,必须立即停火止战。冲突当事方,尤其是以色列应当尽快停火,防止局势轮番升级,坚决避免战争外溢。第二,必须保障平民安全。冲突当事方应严格遵守国际法,坚决避免殃及无辜平民,避免攻击民用设施,并为第三国公民撤离提供便利。第三,必须坚持对话谈判。当前的冲突打断了伊朗核问题谈判进程。伊朗多处核设施遭到袭击,这开创了危险先例,可能造成灾难性后果。要坚定政治解决伊朗核问题大方向不动摇,坚持通过对话谈判推动伊朗核问题重回政治解决轨道。第四,必须汇聚国际社会促和努力。以伊冲突导致中东紧张局势骤然升级,也对全球安全造成严重冲击。国际社会特别是对冲突当事方有特殊影响力的大国要为推动局势降温作出努力,而不是相反。安理会作为维护国际和平与安全的首要机构,应当为此发挥更大作用,中方支持安理会及时采取必要行动。
傅聪说,中方愿继续同各方加强沟通协调,凝聚合力、主持公道,为恢复中东地区和平发挥建设性作用。(完)
图说:6月20日,在位于纽约的联合国总部,中国常驻联合国代表傅聪(前中)在安理会中东局势紧急公开会上发言。新华社记者 谢锷 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.