Connect with us

China

ဖုဟွာနှင့် ကာဇက်စတန်နိုင်ငံ သမ္မတ ရုပ်သံလွှင့်ဌာနချုပ် အကြီးအကဲ Raushan Kazhibayeva တွေ့ဆုံဆွေးနွေး

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက ဇွန် ၂၂ ရက်တွင် ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို၌ ကာဇက်စတန်နိုင်ငံ သမ္မတ ရုပ်သံလွှင့်ဌာနချုပ် အကြီးအကဲ Raushan Kazhibayeva နှင့်တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

အက်စ်တာနာ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဇွန် ၂၂ ရက်တွင် ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို၌ ကာဇက်စတန်နိုင်ငံ သမ္မတ ရုပ်သံလွှင့်ဌာနချုပ် အကြီးအကဲ Raushan Kazhibayeva နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ ဖုဟွာက လက်ရှိတွင် တစ်ကမ္ဘာလုံး သတင်းအချက်အလက် တင်ဆက်ရေး အခင်းအကျင်းသည် နက်ရှိုင်းစွာ ပြောင်းလဲလျက်ရှိကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် ကာဇက်စတန်နိုင်ငံ သမ္မတ ရုပ်သံလွှင့်ဌာနချုပ်နှင့်အတူ သဘောတူညီချက်များစုစည်းကာ အပြန်အလှန် ယုံကြည်မှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်မြှင့်တင်၍ နည်းပညာနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ ကူးလူးဖလှယ်မှုများ အားဖြည့်သွားလိုကြောင်း၊ တရုတ်-ဗဟိုအာရှ သတင်းဌာနဖိုရမ်၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) မီဒီယာ တတ်သိပညာရှင်များ ထိပ်သီးအစည်းအဝေး စသည့် ပလက်ဖောင်းများတွင် ဘက်စုံထောင့်စုံ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်၍ တရုတ်-ကာဇက်စတန် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အထောက်အကူပြုသွားလိုကြောင်း ပြောကြားခဲ့သည်။

Raushan Kazhibayeva က ကာဇက်စတန်နိုင်ငံ သမ္မတ ရုပ်သံလွှင့်ဌာနချုပ်သည် ဆင်ဟွာသတင်းဌာနနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို တန်ဖိုးထားကြောင်း၊ သတင်းအချက်အလက် ဖလှယ်ရေး၊ လူပုဂ္ဂိုလ်သွားလာဆက်ဆံရေး၊ မီဒီယာအသစ် စသည့်ကဏ္ဍများတွင် ဆင်ဟွာသတင်းဌာနနှင့် အတူ အပြန်အလှန် ပံ့ပိုးအားပေးမှုများ မြှင့်တင်သွားလိုကြောင်း၊ သဘောတူညီချက် အသစ် လက်မှတ်ရေးထိုးမှု အခါအခွင့်ကြုံခိုက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ တက်လှမ်းရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
傅华会见哈萨克斯坦总统广播电视总局总干事卡日巴耶娃
新华社阿斯塔纳6月22日电(记者马卓言 张继业)新华社社长傅华22日在哈萨克斯坦阿斯塔纳会见哈萨克斯坦总统广播电视总局总干事卡日巴耶娃,并共同签署合作协议。
傅华表示,当前,全球信息传播格局正在深刻改变。新华社愿同哈总统广播电视总局凝聚共识,不断增强互信互利合作,加强技术与人员交流,在中国-中亚通讯社论坛、上海合作组织媒体智库峰会等平台下深化全方位交流合作,助力构建中哈命运共同体。
卡日巴耶娃表示,哈总统广播电视总局珍视同新华社的友好合作关系,希望在信息交换、人员往来、新媒体等方面同新华社加强相互支持,期待以新协议签署为契机推动双方合作迈上新台阶。(完)
图说:6月22日,新华社社长傅华在哈萨克斯坦阿斯塔纳会见哈萨克斯坦总统广播电视总局总干事卡日巴耶娃。 新华社记者 殷博古 摄