Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်က နေတိုးထိပ်သီးအစည်းအဝေး တက်ရောက်မည် မဟုတ်

တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်က ဇွန် ၄ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ စတင်တာဝန်ထမ်းဆောင်ခြင်း မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်သည် ဇွန် ၂၄ ရက်မှ ၂၅ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့၌ ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးကို မတက်ရောက်ရန် ဆုံးဖြတ်လိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံ အမျိုးသားလုံခြုံရေးရုံး၏ ဇွန် ၂၂ ရက် သတင်းအရ သိရသည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် လီဂျေမြောင်က ယခုအကြိမ် နေတိုးထိပ်သီးအစည်းအဝေး တက်ရောက်မည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း၊ ပြည်တွင်း၌ အရေးတကြီးဖြေရှင်းရန်လိုအပ်သည့် အကြောင်းအရာ များစွာနှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေ စသည့် မသေချာမရေရာသော အကြောင်းအချက်များကို ဘက်စုံထည့်သွင်းစဉ်းစားပြီးနောက် လီဂျေမြောင်က ယခုအကြိမ် ထိပ်သီးအစည်းအဝေးအား မတက်ရောက်ရန် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်ဟု တောင်ကိုရီးယားနိုင်ငံ အမျိုးသားလုံခြုံရေးရုံးက ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်ပေ။ ၂၀၂၂ ခုနှစ် ဇွန်လတွင် ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံလေးနိုင်ငံမှ ခေါင်းဆောင်များသည် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ နေတိုးထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည်။ ယင်းသည် နေတိုးအဖွဲ့က ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ပထမဆုံးအကြိမ်အဖြစ် အာရှ-ပစိဖိတ်ဒေသနိုင်ငံများကို ဖိတ်ကြားခြင်းဖြစ်သလို တောင်ကိုရီးယားနိုင်ငံ သမ္မတက နေတိုးထိပ်သီးအစည်းအဝေး ပထမဆုံးအကြိမ် တက်ရောက်ခြင်းလည်း ဖြစ်ပေသည်။ (Xinhua)

———————-
(Chinese Version)
韩国总统李在明将缺席北约峰会
新华社首尔6月22日电(记者黄昕欣 陆睿)据韩国国家安保室22日消息,韩国总统李在明决定不参加将于24日至25日在荷兰海牙举行的北约峰会。
韩国国家安保室说,政府就李在明出席本次北约峰会事宜进行了研讨,在综合考量国内亟待解决的多项议题及中东局势等不确定性因素后,李在明最终决定不出席此次峰会。韩国将与北约方面协商由其他政府官员代为出席。
韩国并非北约成员国。2022年6月,日本、韩国、澳大利亚和新西兰四国领导人参加在西班牙马德里举行的北约峰会,这是北约首次邀请亚太国家参加峰会,也是韩国总统首次参加北约峰会。(完)
图说:6月4日,在韩国首尔,李在明在韩国国会发表就职讲话。新华社发