China
အီရန်မှ တရုတ်နိုင်ငံသား ၃,၁၂၅ ဦးကို လုံခြုံဘေးကင်းစွာရွှေ့ပြောင်းပေးခဲ့သလို အစ္စရေးမှ တရုတ်နိုင်ငံသား ၅၀၀ ကျော် လုံခြုံစွာ ထွက်ခွာသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
အီရန်မှ တရုတ်နိုင်ငံသား ၃,၁၂၅ ဦးကို လုံခြုံဘေးကင်းစွာရွှေ့ပြောင်းခဲ့ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံသား ၅၀၀ ကျော်ကို အစ္စရေးမှ လုံခြုံစွာ ထွက်ခွာနိုင်ရန် အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ကူညီစီစဉ် ဆောင်ရွက်ပေးခဲ့ပြီဖြစ်ပြီး ဗြိတိန်၊ အိန္ဒိယ၊ ပိုလန်နိုင်ငံသားအချို့ကိုလည်း ကူညီကာ လုံခြုံအောင် ရွှေ့ပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ယင်းနေ့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မကြာမီရက်များက အီရန်မှ ထွက်ခွာရွှေ့ပြောင်းလာသည့် တရုတ်နိုင်ငံသားများလိုက်ပါသော ယာယီလေယာဉ်သည် တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်ကို မိမိတို့အနေဖြင့် သိရှိရကြောင်း၊ အီရန်၊ အစ္စရေးတို့မှ ထွက်ခွာရွှေ့ပြောင်းလာသည့် နောက်ဆုံးအခြေအနေ မည်သို့ရှိပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ကောကျားခွန်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ချ၍ ဖြန့်ကြက်စီမံမှုများအရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အီရန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး စသည့် တရုတ်နိုင်ငံသံရုံး ကောင်စစ်ဝန်ရုံးများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန စသည့် ဌာနများ၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် တရုတ်နိုင်ငံသား ၃,၁၂၅ ဦးကို အီရန်မှ လုံခြုံစွာ ရွှေ့ပြောင်းပေးခဲ့ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ ၎င်းတို့အနက် ၁၀ လသားအရွယ် မွေးကင်းစ ကလေးငယ်များ ပါရှိသလို အသက် ၇၀ အရွယ် သက်ကြီးရွယ်အိုများလည်း ပါဝင်ပြီး ဟောင်ကောင်နှင့် ထိုင်ဝမ်တွင် နေထိုင်သူများပါဝင်ကြောင်း၊ လက်ရှိ အီရန်တွင် ထွက်ခွာလိုသည့် ဆန္ဒရှိသော တရုတ်နိုင်ငံသား အားလုံးကို လုံခြုံသောနေရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီ ဖြစ်ကြောင်း၊ အီရန်တွင်ရှိသောသူ ပမာဏ အများအပြားကို စုစည်း၍ ရွှေ့ပြောင်းပေးသော တရုတ်နိုင်ငံအစိုးရ၏ လုပ်ငန်းများ ပြီးမြောက်ပြီဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက တရုတ်နိုင်ငံသား ၅၀၀ ကျော်ကို အစ္စရေးမှ လုံခြုံစွာ ထွက်ခွာရန် ကူညီဆောင်ရွက်ပြီးဖြစ်သလို ဗြိတိန်၊ အိန္ဒိယ၊ ပိုလန် နိုင်ငံသားအချို့ကို လုံခြုံအောင် ရွှေ့ပြောင်းရာတွင် ကူညီပံ့ပိုးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ထွက်ခွာတဲ့လုပ်ငန်းစဉ်မှာ အီရန်၊ အဇာဘိုင်ဂျန်၊ တာ့ခ်မင်နစ္စတန်၊ အာမေးနီးယား၊ တူကီယဲ၊ အီရတ်၊ ယူအေအီး၊ အိုမန်၊ ကူဝိတ်၊ အီဂျစ်၊ ဂျော်ဒန် စတဲ့နိုင်ငံများက တရုတ်နိုင်ငံအပေါ် အဖိုးတန်တဲ့ ထောက်ခံအားပေးမှုတွေပေးခဲ့ကြတဲ့အတွက် ကျွန်တော်တို့ အထူးပဲ ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံသားအချို့က ယင်းဒေသ၌ ဆက်လက်နေထိုင်ဆဲဖြစ်ကြောင်း၊ ၎င်းတို့အား လုံခြုံရေးကို မဖြစ်မနေဂရုပြုကြရန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ အီရန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံး၊ အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးမှ သံတမန်အရာရှိများက တာဝန်များကို ဆက်လက်ထမ်းဆောင်နေဆဲဖြစ်ပြီး ယင်းဒေသရှိ တရုတ်နိုင်ငံသားများ ကူညီပံ့ပိုးပေးရန် အတတ်နိုင်ဆုံး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
中国外交部:3125名中国公民已从伊朗安全撤离 500余名中国公民安全离开以色列
新华社北京6月23日电(记者刘杨、温馨)外交部发言人郭嘉昆23日表示,3125名中国公民已从伊朗安全撤离,中国驻以色列使馆已协助组织500余名中国公民安全离开以色列,并协助一些英国、印度、波兰公民安全转移。
当日例行记者会上,有记者问:近日,我们关注到,从土库曼斯坦接返自伊朗撤离中国公民的临时航班已经顺利抵达国内,请问中方从伊朗、以色列撤离行动最新进展如何?
郭嘉昆介绍,根据党中央决策部署,在外交部、中国驻伊朗等国家使领馆以及交通运输部、民航局等部门共同努力下,3125名中国公民已从伊朗安全撤离。他们之中有10个月大的婴儿,有古稀之年的老人,还有香港和台湾居民。目前,在伊朗有撤离意愿的中国公民均已撤离至安全地区,中国政府大规模有组织撤离在伊人员工作已完成。与此同时,中国驻以色列使馆已协助组织500余名中国公民安全离开以色列,并协助一些英国、印度、波兰公民安全转移。
“撤离过程中,伊朗、阿塞拜疆、土库曼斯坦、亚美尼亚、土耳其、伊拉克、阿联酋、阿曼、科威特、埃及、约旦等国向中方提供了宝贵支持,我们表示衷心感谢。”他说。
郭嘉昆表示,目前,仍有一些中国公民坚持选择留在当地,外交部提醒他们务必注意安全。中国驻伊朗使领馆、驻以色列使馆外交官仍在坚守岗位,将继续尽最大努力向在当地中国公民提供协助。(完)
1. 6月19日,在伊朗德黑兰的华侨华人准备乘车撤离德黑兰。新华社记者 沙达提 摄