China
၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် လက်မှတ်ရေးထိုးပြီးသည့် ကုန်သွယ်စီးပွားရေး သဘောတူညီချက် ပမာဏ ယွမ် ၈.၆ ဘီလီယံကျော်ရှိ

ကူမင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
လက်ရှိအချိန်အထိ ယခုအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ကုန်သွယ်စီးပွားရေး သဘောတူညီချက်ပေါင်း ၁၆၃ ခု လက်မှတ်ရေးထိုးပြီးကာ သဘောတူညီချက်တန်ဖိုးငွေပမာဏမှာ စုစုပေါင်း ယွမ် ၈.၆၆၃ ဘီလီယံကျော်ရှိကြောင်း သတင်းထောက်က ဇွန် ၂၃ ရက်တွင် ကျင်းပသည့် ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ နိုင်ငံခြားကုန်သွယ်ရေးရလဒ် အထူးထုတ်ပြန်ကြေညာပွဲမှ သိရှိခဲ့ရသည်။
ယခုအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် လက်မှတ်ရေးထိုးပြီးသည့် ကုန်သွယ်စီးပွား သဘောတူညီချက် ၁၆၃ ခုတွင် လက်တွေ့လက်မှတ်ရေးထိုးသည့် သဘောတူညီချက်မှာ ၁၅၀ ခု ဖြစ်ပြီး တန်ဖိုးငွေပမာဏ ယွမ် ၈.၃ ဘီလီယံရှိကြောင်း၊ ဆန္ဒရှိကြောင်း လက်မှတ်ရေးထိုးသည့် သဘောတူညီချက်မှာ ၁၂ ခုဖြစ်ပြီး တန်ဖိုးငွေပမာဏမှာ ယွမ် ၂၁၃ သန်းဖြစ်ကြောင်း၊ မူဘောင်ဖြင့် ဝယ်ယူရန် သဘောတူညီချက်မှာ ၁ ခုဖြစ်ပြီး တန်ဖိုးငွေပမာဏမှာ ယွမ် ၁၅၀ သန်းဖြစ်ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။
ကုန်ပစ္စည်းအမျိုးအစားအရ ကြည့်ပါက ကုန်သွယ်စီးပွားရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည့် ကုန်ပစ္စည်းများမှာ အဓိကအားဖြင့် စိုက်ပျိုးရေးထုတ်ကုန် စားသောက်ကုန်အမျိုးအစား၊ သတ္တုထုတ်ကုန် အမျိုးအစား၊ ဓာတုစက်မှုလုပ်ငန်းအမျိုးအစား၊ စက်ပစ္စည်းကိရိယာအမျိုးအစားနှင့် အဝတ်အထည်၊ ဖိနပ်၊ ဦးထုပ် အမျိုးအစားများ စသည်တို့ ပါဝင်သည်။
ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးမှုအပြင် ယခုအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ထောက်ပံ့ရေးကွင်းဆက် ဝန်ဆောင်မှု၊ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး၊ ပြည်ဝင်ပြည်ထွက်ဂိတ် အခြေခံအဆောက်အဦနှင့် စမတ်အသွင်ပြောင်း ဝန်ဆောင်မှု စသည့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် စီမံကိန်းပေါင်း ၂၀ ကျော်လည်း ဖြစ်မြောက်အောင် ဖော်ဆောင်ပေးနိုင်ခဲ့သောကြောင့် ယူနန်ပြည်နယ်ကို ဒေသတွင်း ကုန်သွယ်ရေးအချက်အချာမှ တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်ငန်းကွင်းဆက် အချက်အချာအဖြစ် အသွင်ပြောင်းမှုကို အရှိန်မြှင့်ဖော်ဆောင်ရန် တွန်းအားပေးလိုက်သည်။
ဇွန် ၁၉ ရက်တွင် စတင်ကျင်းပခဲ့သည့် ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၇၃ ခုကျော် ပါဝင်တက်ရောက်ခဲ့ပြီး လုပ်ငန်းကုမ္ပဏီပေါင်း ၂,၅၀၀ ကျော် ပါဝင်ပြသခဲ့ကာ တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများအားလုံး ပါဝင်ခဲ့ကြောင်း၊ ပြပွဲကို ဇွန် ၂၄ ရက်တွင် ကျင်းပပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် မိဘနှင့်ကလေးငယ်များက စက်ရုပ်ခွေးနှင့် အပြန်အလှန် ဆော့ကစားနေသည်ကို ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
第9届南博会已签约商贸合同金额超86亿元
新华社昆明6月23日电(记者王贤思)记者从23日举办的第9届中国—南亚博览会外贸成果专场发布会上获悉,截至目前,本届南博会已签约商贸合同163个,合同金额折合人民币共86.63亿元。
据云南省商务厅介绍,本届南博会已签约的163个商贸合同中,实际签约合同150个,金额为83亿元;意向签约合同12个,金额为2.13亿元;框架采购协议1个,金额为1.5亿元。
从商品种类来看,已签约商贸合同产品主要涵盖农产品食品类、矿产品类、化工类、机械设备类和服装鞋帽类等。除贸易签约外,本届南博会已促成各类供应链服务、国际物流、口岸基础设施及智能化服务等合作协议项目20余个,推动云南从区域贸易节点向全球产业链枢纽加速转型。
6月19日开幕的第9届南博会有73个国家、地区和国际组织参会,2500多家企业参展,覆盖了南亚、东南亚所有国家,将于6月24日闭幕。(完)
1、这是6月19日拍摄的第9届中国—南亚博览会开幕式现场。新华社记者 陈欣波 摄
2、6月22日,家长带着小朋友在第9届南博会上与机器狗互动。新华社记者 陈欣波 摄