Asia
တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွေ့အကြုံက စံနမူနာယူထိုက်ကြောင်း အရှေ့တီမောနိုင်ငံ သမ္မတ ဆို

ကွာလာလမ်ပူ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကဏ္ဍတွင် တရုတ်နိုင်ငံ ရရှိခဲ့သော အောင်မြင်မှုများက အခြားနိုင်ငံများအတွက် မှီငြမ်းထိုက်သော စံနှုန်းနှင့် စံနမူနာဖြစ်ကြောင်း အရှေ့တီမောနိုင်ငံ သမ္မတ ရာမို့စ်ဟော်တာက မကြာသေးမီရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ အခမ်းအနားတက်ရောက်စဉ် ပြောကြားခဲ့သည်။
ရာမို့စ်ဟော်တာက မလေးရှားနိုင်ငံ Taylor’s တက္ကသိုလ်မှ ၎င်းအား ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ ပေးအပ်သည့် အခမ်းအနား တက်ရောက်ပြီးနောက် ဆင်ဟွာသတင်းထောက်၏ မေးမြန်းခန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေး အာမခံချက်တွင် သိသာထင်ရှားသော တိုးတက်အောင်မြင်မှုရရှိခဲ့ပြီး လယ်ယာလုပ်ငန်း ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရေးစသည့် နယ်ပယ်များတွင် အရှေ့တီမောနိုင်ငံအား လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ပေးခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ရာမို့စ်ဟော်တာက ယမန်နှစ် ဇူလိုင်လတွင် ၎င်းက နိုင်ငံတော်အကြီးအကဲအနေဖြင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားခဲ့ကြောင်း၊ ယင်းမှာ ၎င်း၏ ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခြင်းဖြစ်ကြောင်း၊ ထိုခရီးစဉ်ကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် အရှေ့တီမောနိုင်ငံက ပြည်သူလုထု လူနေမှုဘဝ တိုးတက်ကောင်းမွန်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရာတွင် ကူညီဆောင်ရွက်ပေးရန် ၎င်းက တိုက်တွန်းခဲ့ရာ အပြုသဘောဆောင်သော တုံ့ပြန်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ ချစ်ကြည်ရင်းနှီးတဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။ တရုတ်နိုင်ငံရဲ့ အတွေ့အကြုံတွေက အရှေ့တီမောနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖော်ဆောင်မှုတွေမှာ အားဖြည့်ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟူ၍ ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ လက်တွေ့ကျ၍ ထိရောက်မှု မြင့်မားသော၊ “အပြောနှင့် အလုပ် တစ်ထပ်တည်းကျ” သော အလုပ်လုပ်ကိုင်မှုပုံစံကို ရာမို့စ်ဟော်တာက အထူးအလေးထား ပြောကြားခဲ့သည်။
“ရေထိန်းသိမ်းရေးနဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေးမှာ ကူညီဆောင်ရွက်ပေးဖို့ တရုတ်အင်ဂျင်နီယာတွေကို အရှေ့တီမောနိုင်ငံဆီ မကြာမီ စေလွှတ်တော့မှာဖြစ်တယ်၊ တစ်ချိန်တည်းမှာပဲ အရှေ့တီမောရဲ့ လယ်ယာလုပ်ငန်း ထုတ်လုပ်မှု စွမ်းရည်တွေကလည်း တရုတ်နိုင်ငံရဲ့ နည်းပညာလမ်းညွှန်မှုအောက်မှာ အရှိန်မြင့် တိုးတက်လာခဲ့ပြီး အနာဂတ်မှာ ပိုမိုကြီးမားတဲ့ တိုးတက်မှုအလားအလာတွေလည်း ရှိသေးတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အဆိုပါနေ့ အခမ်းအနားတွင် Taylor’s တက္ကသိုလ်က အရှေ့တီမောနိုင်ငံမှ ထူးချွန်သော လူငယ်လူရွယ် နိုင်ငံခြားပညာတော်သင်ကျောင်းသား/ ကျောင်းသူများအား ငွေကြေးထောက်ပံ့ရန်၊ ရာမို့စ်ဟော်တာ၏ ပညာရေး၊ လူမှုရေးဆိုင်ရာ တိုးတက်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ လက်တွေ့ဆောင်ရွက်မှု ကဏ္ဍများတွင် မဆုတ်မနစ်ကြိုးပမ်းမှု၊ ကူညီပံ့ပိုးမှုများကို အသိအမှတ်ပြုရန် ရာမို့စ်ဟော်တာနာမည်ဖြင့် José Manuel Ramos-Horta သမ္မတ ပညာသင်ဆုကို တည်ထောင်ခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
东帝汶总统:中国脱贫减贫经验是典范
新华社吉隆坡6月24日电(记者王嘉伟 毛鹏飞)东帝汶总统奥尔塔日前在马来西亚出席活动时说,中国在脱贫减贫方面所取得的成就,为其他国家树立值得借鉴的标准和典范。
奥尔塔在出席马来西亚泰莱大学授予其荣誉教授称号仪式后接受新华社记者采访并作出上述表述。他指出,中国在保障粮食安全方面也取得显著进展,并在提高农业产能等方面为东帝汶提供切实支持。
奥尔塔谈到,去年7月他以国家元首身份对华进行国事访问,这是他首次对中国进行国事访问。访华期间他呼吁中方协助东帝汶改善民众生活、推动脱贫减贫与农业发展,得到积极回应。
“我们与中国保持友好密切关系。我相信中国的经验能为东帝汶实现脱贫减贫提供助力。”他说。
奥尔塔特别强调中方务实高效、“说到做到”的工作作风。“中国工程师很快被派到东帝汶协助水利与基础设施建设,同时,东帝汶的农业产能也在中方技术指导下迅速提升,未来还有更大增长空间。”他说。
当天的活动上,泰莱大学还设立以奥尔塔的名字命名的若泽·拉莫斯·奥尔塔总统奖学金,以资助优秀的东帝汶青年留学生,并表彰奥尔塔在教育、社会进步与道德实践方面的不懈努力与贡献。(完)
图文:2024年7月29日上午,国家主席习近平在北京人民大会堂同来华进行国事访问的东帝汶总统奥尔塔举行会谈。这是习近平同奥尔塔握手。 新华社记者 李学仁 摄