Media
ဆန်းတို့စ်အသင်းနှင့် နေမာ စာချုပ်သက်တမ်းတိုး
နေမာအနေဖြင့် ဘရာဇီး စီးရီးအေကလပ် ဆန်းတို့စ်အသင်းနှင့် ဒီဇင်ဘာလအထိ စာချုပ်သက်တမ်းတိုးခဲ့ကြောင်း ကလပ်အသင်းက ဇွန် ၂၄ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဘာစီလိုနာနှင့် ပီအက်စ်ဂျီ တိုက်စစ်မှူးဟောင်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် နေမာမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်-ဟီလာနှင့် လမ်းခွဲခဲ့ပြီးနောက် ငယ်ဘဝကလပ်အသင်းဖြစ်သည့် ဆန်းတို့စ်အသင်းထံ ခြောက်လစာချုပ်ဖြင့် ဇန်နဝါရီလအတွင်းက ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
ဘရာဇီးအသင်း၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သည့် နေမာမှာ မေဂျာလိဂ်သို့ ပြောင်းရွှေ့ရန် သို့မဟုတ် ဥရောပ၌ ပြန်လည်အခြေချရန် ချိတ်ဆက်မှုများ ရှိနေသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဘောလုံးရာသီ ပြီးဆုံးသည်အထိ ဆန်းတို့အသင်း၌ ဆက်ရှိနေရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်နှလုံးသားရဲ့ အသံကို နားထောင်ပြီး ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဆန်းတို့စ်အသင်းက ကျွန်တော့်ရဲ့အသင်း ဖြစ်ရုံတင်မကဘဲ ကျွန်တော့်ရဲ့အိမ်၊ ကျွန်တော်ရဲ့ ရေသောက်မြစ်၊ ကျွန်တော့်ရဲ့ သမိုင်းကြောင်းနဲ့ ကျွန်တော့်ရဲ့ဘဝပါပဲ” ဟု နေမာက အသင်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ရေးသားခဲ့သည်။
နေမာမှာ ၂၀၀၉ ခုနှစ်တွင် ဆန်းတို့စ်အသင်းနှင့်အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ကာ အသင်းအတွက် ၂၄၃ ပွဲ ကစားခဲ့ပြီး ၁၄၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆၉ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ၎င်းအနေဖြင့် ဘရာဇီး စီးရီးအေချန်ပီယံဆု ရှစ်ကြိမ်ရရှိထားသည့် ဆန်းတို့စ်အသင်းထံ ယခုနှစ်၌ တစ်ကျော့ပြန် ပြောင်းရွှေ့လာရာတွင် ဒဏ်ရာပြဿနာကြောင့် ၁၂ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။ (Xinhua)
…………………………..
(English Version)
Neymar renews Santos contract
Neymar has extended his contract with Santos until December, the Brazilian Serie A club said on Tuesday.
The 33-year-old former Barcelona and Paris Saint-Germain forward returned to his boyhood club on a six-month deal in January after parting ways with Saudi Pro League side Al-Hilal.
Brazil’s all-time leading scorer had been linked with a move to Major League Soccer or a possible return to Europe before agreeing to remain at Santos until the end of the 2025 season.
“I made a decision and I listened to my heart,” Neymar said in a statement on the club’s website. “Santos is not just my team, it is my home, my roots, my history and my life.
Neymar made his professional debut for Santos in 2009 and has made 243 appearances for the club, scoring 141 goals and providing 69 assists. Injuries have limited him to just 12 appearances this year for the eight-time Brazilian Serie A champions.